ဇန်နဝါရီလ ၂ ရက်နေ့ ညမှာ အီရန်နိုင်ငံ မြို့တော် တီဟီရန်က ဆော်ဒီအာရေဗျ သံရုံးကို အီရန် ဆန္ဒပြသူ လူအုပ်က မီးရှို့ဖျက်ဆီး လိုက်တယ်။
ဆော်ဒီအာရေဗျ
အစိုးရက ဆော်ဒီမင်းဆက်ကို ဆန့်ကျင်ဝေ ဖန်သူဆော်ဒီ အာရေဗျ နိုင်ငံ အရှေ့
ပိုင်း ရှီယက် မူဆလင် လူနည်း စု နေထိုင်ရာဒေသ က ရှီယက်မူဆလင် ဘာသာရေး
ခေါင်းဆောင် Sheikh Nimral-Nimr ကို သွေးဆောင် လှုံ့ ဆော်မှု နဲ့ သေ ဒဏ်
စီရင်ခဲ့ရာက ဆူပူမှုစခဲ့တယ်။ ရှီယက်ဘာသာ ရေး ခေါင်းဆောင် တစ်ယောက်ကို
ဆွန်နီဆော်ဒီ အာရေဗျ အစိုးရ က သေဒဏ် စီရင်ခဲ့တဲ့ အတွက် အီရန်၊ ပါကစ္စတန်၊
ဘာရိန်း နဲ့ အခြားနိုင်ငံ များမှာ ရှီယက် မူဆလင်တွေ ဆန္ဒပြ ကြတယ်။ လန်ဒန်
မြို့ ဆော်ဒီ အာ ရေဗျသံရုံးရှေ့မှာလည်း ဆန္ဒပြသူ တွေ တွေ့ရတယ်။
သံရုံးကို
ဝင်ရောက် တိုက်ခိုက် တဲ့ အစဉ်အလာရှိတဲ့ အီရန် ဆန္ဒ ပြသူတွေ ကတော့
ဆော်ဒီသံရုံးကို မီးရှို့ ဖျက်ဆီး လိုက်တယ်။ ၂ဝ၁၁ ခုနှစ်မှာ တီဟီရန်မြို့က
ဗြိတိသျှ သံရုံးကို အီရန် ဆန္ဒပြသူတွေ ကျူး ကျော် ဝင်ရောက်ခဲ့တယ်။ ၁၉၇၉
ခုနှစ် ကတော့ အမေရိကန် သံရုံးကို ဝင်ရောက် သိမ်းပိုက်ပြီး သံရုံး ဝန်
ထမ်းတွေကို ဓားစာခံ အဖြစ် ဖမ်း ဆီးခဲ့တယ်။
သံရုံး မီးရှို့မှုကြောင့်
ဆော်ဒီ အာရေဗျက အီရန်ကို သံတမန် အဆက်အသွယ် ဖြတ်လိုက်တယ်။ ဘာရိန်းနဲ့
ဆူဒန်နိုင်ငံ တို့က လည်း ဆော်ဒီ အာရေဗျ နည်းတူ အီရန်နဲ့ သံတမန်
အဆက်ဖြတ်လိုက်တယ်။ ယူအေအီး ကတော့ သံတမန်ဆက် ဆံရေး အဆင့် လျှော့ ချ
လိုက်တယ်။ ဇန်နဝါရီ ၇ ရက်မှာ ယီမင်နိုင်ငံမြို့ တော် ဆာနာက အီရန် သံရုံးဟာ
ဟူသီ သူပုန်တွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီ အာရေဗျရဲ့ လေကြောင်း
တိုက်ခိုက်မှု ခံခဲ့ရတယ်လို့ အီရန်က ကြေညာတယ်။ ဆွန်နီမူဆလင် ဆော်ဒီ
အာရေဗျနဲ့ ရှီယက်မူဆလင် အီရန် အကြား ဆက်ဆံရေးဟာ အဆိုးရွားဆုံး
အဆင့်ကိုရောက်သွား တော့တယ်။
အီရန် နဲ့ ဆော်ဒီအာရေဗျ အကြားက
တိုက်ရိုက် မဟုတ်တဲ့ ထိပ် တိုက်ရင်ဆိုင်မှုတွေကို ပြန်ကြည့် ရင်ယီမင်
နိုင်ငံမှာ ဆော်ဒီအာရေဗျ က ယီမင် အစိုးရ ကိုထောက်ခံပြီး အီရန်က ဟူသီ
သူပုန်ကို အားပေး နေတယ်။ ဆီးရီးယား နိုင်ငံမှာ အီရန် က သမ္မတ အာဆတ် အစိုးရ
ကို ထောက်ခံပြီး ဆော်ဒီ အာရေဗျက သူပုန်အဖွဲ့ အချို့ကို ထောက်ပံ့နေ တယ်။
ရှီယက် မူဆလင် အများစုရှိ တဲ့ ဘာရိန်း နိုင်ငံမှာ ဆွန်နီ မူဆလင်
လွှမ်းမိုးတဲ့ အစိုးရကို ဆန့်ကျင်မှုတို့ မှာလည်း ဆော်ဒီအာရေဗျ နဲ့ အီရန်
တို့က ဆန့်ကျင်ဘက် အင်အားစု တွေ ကိုထောက်ခံနေတယ်။
Nimr ကို
သေဒဏ်စီရင်လိုက် တာဟာ ရှီယက် အီရန်နဲ့ ထိန်းချုပ် လို့ မရနိုင်တော့တဲ့
ဆွန်နီ အစွန်း ရောက်အဖွဲ့တို့ရဲ့ ခြိမ်းခြောက်မှု အကြား က ဆော်ဒီအာရေဗျ
ရဲ့ပူပန် မှုကို ရောင်ပြန် ဟပ်နေတယ်လို့ The American Interest က ဆိုတယ်။
အီရန် နဲ့ ဒေသတွင်းအင် အားပြိုင်ဆိုင်မှု ကို မြှင့်တင်လိုက် တာလို့လည်း
သုံးသပ် ထားတယ်။
ဒေသတွင်း အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ အကြား
သြဇာလွှမ်းရာ နယ် မြေလု အားပြိုင်ပွဲလို့ ဆိုနိုင်ပေမယ့် အစ္စလာမ် ဘာသာ
စတင်ပေါ်ပေါက် ချိန်လောက် ကတည်းက စတင်ခဲ့တဲ့ ဆွန်နီရှီယက် ပဋိပက္ခ လို့လည်း
ဆို နိုင်ပြန်တယ်။ ဆွန်နီရှီယက် ကွဲလွဲမှု ဟာ လတ် တလော ဖြစ်ပေါ်နေတဲ့
ပဋိပက္ခရဲ့ နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာ ရေးရာ ပြဿနာအား လုံးအတွက်
လုံလောက်တဲ့ ဖွင့်ဆို ချက်မပေးနိုင်ပေမယ့် မဖြစ်မနေ ကြည့်ရမယ့် ရှုထောင့်
တစ်ခုလည်း ဖြစ်တယ်။
တမန်တော် မိုဟာမက်ကအစ္စ လာမ်ဘာသာကို ၆၁ဝ ခုနှစ်မှာ
စတင် ထူထောင်ခဲ့တယ်။ သူ ကွယ် လွန်ချိန်မှာ အာရေဗျဒေသ တစ်ခု လုံးကို
လွှမ်းမိုး နိုင်ခဲ့တယ်။ နောင် ရာစုနှစ် အတွင်းမှာ အာရှတိုက်အလယ် ပိုင်းကနေ
စပိန်နိုင်ငံ အထိ ကျယ် ပြန့်လာမယ့် အစ္စလာမ် လက်နက် နိုင်ငံတော်ကို
အုပ်ချုပ်ဖို့ တမန် တော်မိုဟာမက် ရဲ့နေရာကို ဆက်ဆံ သူ ရွေးချယ်မှုမှာ
ကွဲလွဲရာက ဆွန် နီရှီယက် ကွဲ ပြားခဲ့တယ်။ ရှီယက် တို့က မိုဟာမက် ရဲ့
သွေးသားမျိုး ဆက်တို့သာ ဆက်ခံသူ အဖြစ် ရွေး ချယ်လိုတယ်။ မိုဟာမက်ရဲ့ ညီဝမ်း
ကွဲနဲ့ သားမက်ဖြစ်သူ အလီက ခေါင်းဆောင် နေရာဆက်ခံပြီး ၆၅၆ ခုနှစ်မှာ
လုပ်ကြံ ခံခဲ့ရတယ်။ အာ ရေဗျ ကျွန်းဆွယ်မှာ အခြေပြုတဲ့ ကာလီဖိတ် Caliphate
ဟာ ဒမတ် စကတ်က Umayyad မင်းဆက်ရဲ့ အောက် ရောက်သွားတယ်။ နောင် ဘက်ဂဒက်က
Abbasids မင်း ဆက်က ဆက်ခံခဲ့တယ်။ ရှီယက်တို့ ကတော့ ဒီမင်းဆက်တွေကို လက်
မခံခဲ့ဘူး။ အစ္စလာမ် ကမ္ဘာမှာ ဆွန် နီ တို့ လွှမ်းမိုးသွား ချိန် မှာတောင် ရှီ
ယက်တို့က အလီရဲ့ သွေးသားမျိုး ဆက်ကိုသာ မျှော်ခဲ့တယ်။
အစ္စလာမ်
ဘာသာရဲ့ ပထမ ပိုင်းနှစ်ပေါင်း ၉ဝဝ လောက် ဆွန် နီတို့သာ ကြီးစိုးခဲ့ကြတယ်။
၁၅ဝ၁ ခုနှစ်မှာ ပါရှား(ယခုအီရန်) မှာ Safavids မင်းဆက် တက်လာပြီး ရှီယက်
အစ္စလာမ်ကို နိုင်ငံတော် ဘာသာ ပြုလုပ်ခဲ့တယ်။ နောင်ရာစုနှစ် ၂ ခုတိုင်အောင်
ဆွန်နီ မူဆလင် အော် တိုမင် အင်ပါယာနဲ့ စစ်ပွဲဆင်နွှဲခဲ့ တယ်။ မူဆလင် အင်ပါယာ
၂ ခု အကြားက စစ်ပွဲရဲ့ ရလဒ် အနေနဲ့ ယနေ့ မူဆလင် များရဲ့ဒေသ အလိုက်
ဆွန်နီရှီယက် ကွဲပြားမှုကို တွေ့နိုင် တယ်။ အီရန်၊ အီရတ်၊ အဇာဘိုင် ဂျန်၊
ဘာရိန်းနဲ့ လက်ဘနွန် မှာ ရှီယက် လူများစုကို တွေ့ရပြီး ဆွန် နီ မူဆလင်
တို့ကိုတော့ မော်ရိုကိုက အင်ဒိုနီးရှား အထိ နိုင်ငံ ၄ဝ ကျော် မှာ အများစု
အဖြစ်တွေ့ ရတယ်။
အင်ပါယာချင်း နှစ်ပေါင်းများ စွာ စစ်ခင်းခဲ့ပေမယ့်
ဆွန်နီနဲ့ရှီယက် မူဆလင်တို့ဟာ ရာစုနှစ် များစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့တယ်။
အချင်း ချင်း မခွဲခြားဘဲ လက်ထပ်တာမျိုး ရှိခဲ့ပြီး ဗလီ တစ်ခုမှာ အတူဝတ်ပြု
တာမျိုးလည်း ရှိခဲ့တယ်။
၁၉၇၉ ခုနှစ် အီရန်မှာ ရှား ဘုရင်ကို
ဖြုတ်ချပြီး အယာတိုဘာ ခိုမေနီအတွက် Guardianship of The Jurists
ဦးဆောင်တဲ့ အစ္စလာမ် အစိုးရ ဖွဲ့စည်းဖို့ အခွင့်ရခဲ့တယ်။ လက်ဘနွန်၊ အီရတ်၊
ဘာရိန်း၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ က ရှီယက် ဘာသာရေး အဖွဲ့ အစည်း
တွေကို ထောက်ပံ့ ကူညီခဲ့တယ်။
ဆွန်နီ အစ္စလာမ် ဂိုဏ်းခွဲ ဝါ ဟာဘီ ဝါဒ
လွှမ်းမိုးတဲ့ ဆော်ဒီ အာရေဗျ ရဲ့ လူဦးရေ ၁ဝ ရာခိုင် နှုန်းလောက်ဟာ ရှီယက်
မူဆ လင် တွေ ဖြစ်တယ်။ အီရန် ရဲ့ အစ္စလာမ် တော်လှန်ရေး နောက်ပိုင်း ရှီယက်
မူဆလင်တို့ အင်အားကောင်းလာ ချိန်မှာ ဆော်ဒီအာရေဗျ ကလည်း ဝါဟာဘီ
ဝါဒအစ္စလာမ်ကို ပိုမို ကျယ်ပြန့်အောင် အားပေးလာ တယ်။ မူဆလင် လောကမှာ ၁၉၇၉
ခုနှစ် နောက်ပိုင်း ဘာ သာရေး အကြမ်း ဖက်မှုတွေ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း
တွေဟာ အီရန်နဲ့ ဆော်ဒီအာရေဗျ တို့နဲ့ ဆက်စပ်နေတယ် လို့ Council on Foreign
Relations ရဲ့ Infoguide Presentation မှာ ဆို ထားတယ်။
၁၉၈ဝ-၁၉၈၈
အီရန် အီရတ် စစ်ပွဲမှာ ဆော်ဒီအာရေဗျက အီရတ် ဘက်က ထောက်ခံ ပံ့ပိုးခဲ့တယ်။
၁၉၇၉ ခုနှစ် ဆိုဗီယက် ရုရှားရဲ့ အာဖဂန် နစ္စတန်ကို ကျူးကျော်ဝင် ရောက်မှုကို
ဆန့်ကျင်တိုက်ခိုက်တဲ့ ဆော်ဒီ အာရေဗျ အထောက်အပံ့ခံ လက်နက်ကိုင် အဖွဲ့တို့ဟာ
အီရန် ထောက်ပံ့ ထားတဲ့ ရှီယက် အဖွဲ့အ စည်းတွေကို ဖိနှိပ်မှု ရှိခဲ့တယ်လို့
လည်း ဆိုတယ်။
ဒီလို ပဋိပက္ခဟာ ဆွန်နီနဲ့ ရှီယက် အကြားမှာသာ ဖြစ်ပွားတာ
မဟုတ်ဘူး။ အီဂျစ်အစိုးရနဲ့ မူဆ လင်ညီနောင်များ အဖွဲ့ကြားက ပဋိ ပက္ခ၊ အီရတ်က
ကူဝိတ်ကို ကျူး ကျော် တိုက်ခိုက်မှု၊ ဆော်ဒီအာရေ ဗျအစိုးရက အယ်လ်ကေးဒါး
အဖွဲ့ ကို နှိမ်နင်းမှုတို့ ဟာဆွန်နီ မူဆလင် အချင်း ချင်း အကြား ဖြစ်ပွား
ခဲ့ကြောင်း တွေ့နိုင်သလို ယီမင်နိုင်ငံ သမ္မတ ဆာလာ အစိုးရကို ဟူသီလက်နက်
ကိုင်များက ဆန့်ကျင်ခဲ့ တာဟာ ရှီယက် မူဆလင် အချင်းချင်းအကြား က ပဋိပက္ခ
ဖြစ်တာကို တွေ့နိုင် တယ်။ ဖြစ်သမျှ ပြဿနာဟာ ဘာ သာရေး အယူအဆ ကွဲပြား
မှုကြောင့် လို့ ကောက်ချက် မချနိုင်ဘူး။
အရှေ့ အလယ်ပိုင်းဒေသမှာ
အမေရိကန် နောက်ခံ နဲ့ အင်အား ကောင်းခဲ့တဲ့ ဆော်ဒီအာရေဗျ နဲ့ တစ်ကျော့ပြန်
အင်အား တည် ဆောက် လာတဲ့ အီရန် တို့ရဲ့ သြဇာ လွှမ်းရာ နယ်မြေ ပြိုင်ဆိုင်မှု
ပဋိပက္ခ ကိုလည်း ထည့်သွင်း စဉ်းစားဖို့ လို အပ်နေတယ်။ ဆွန်နီရှီယက် ကွဲ
ပြားမှု မရှိရင်တောင် အာရပ်ယဉ် ကျေးမှု လွှမ်းမိုးတဲ့ ဆော်ဒီ အာရေ ဗျနဲ့
ပါရှား ယဉ်ကျေးမှု လွှမ်းမိုးတဲ့ အီရန် ရဲ့အကြား က ခြားနား မှုဟာ သိသာ
ထင်ရှားတယ်။
လတ်တလော ကာလ အရှေ့ အလယ်ပိုင်း ဒေသရဲ့ အခြေအနေ ကလည်း
ဆော်ဒီအာရေဗျ အတွက် ပူပန်စရာ ဖြစ်နေတယ်။ အီရတ် နိုင်ငံ မှာ တစ်ချိန်က
သမ္မတဆက် ဒမ် ဟူစိန်ရဲ့ ဆွန်နီမူဆလင် ကြီးစိုး တဲ့အစိုးရကို
အမေရိကန်ဦးဆောင် တဲ့ မဟာမိတ် တပ်ဖွဲ့ ကဝင်ရောက် တိုက် ခိုက်ဖြုတ်ချ
လိုက်ပြီး နောက် မှာ မျှော်လင့် သလို ဖြစ်မလာဘဲ အီရန် သြဇာ လွှမ်းတဲ့ အီရတ်
အစိုး ရ ပေါ် ပေါက်လာတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာ အီရန်နဲ့ မဟာ မိတ် သမ္မတ
အာဆတ်အစိုးရ ဟာ ရုရှားရဲ့ စစ်ကူနဲ့ အခြေအနေ ပြန် လည် ဦးမော့ လာတယ်။ အမေရိ
ကန်နဲ့ နျူကလီးယား သဘောတူ ညီမှု စာချုပ်ချုပ် ဆိုပြီးနောက် စီး ပွားရေး
ပိတ်ဆို့မှုတွေ လျှော့ပေါ့ လိုက် ရင် အီရန်ရဲ့ စီးပွားရေး တစ် ရှိန်ထိုး
တိုးတက် လာနိုင်တယ်။ မ ဝေးတဲ့ အနာဂတ်မှာ အီရန်ဟာ နျူကလီးယား ဗုံးကိုတောင်
ပိုင်ဆိုင် လာနိုင်မယ် လို့ ခန့်မှန်းချက် လည်း ရှိနေတယ်။
အခု
ပဋိပက္ခဟာ အမေရိ ကန် အတွက် အကျပ်အတည်းသစ် ဖြစ်လာတယ်။ Ethnic and Public
Policy Center က Pascal-Emmanuel Gobry က theweek. com မှာ အမေရိကန်
အတွက် မ ဟာဗျူဟာ ရည်မှန်းချက် ၂ ချက်ရှိ တယ်လို့ဆိုတယ်။ အစ္စရေးရဲ့ လုံ
ခြုံရေးနဲ့ ကမ္ဘာ့ရေနံ ပို့ဆောင်ရေး လမ်းကြောင်း လုံခြုံရေးဖြစ်တယ်။
ဒီရည်မှန်းချက်ကြောင့် အရှေ့ အ လယ်ပိုင်းဒေသ တည်ငြိမ်ရေး ဟာ အဓိက
အရေးပါနေတယ်။
အမေရိကန် အစိုးရဟာ အစဉ် အလာအရ ဆော်ဒီ အာရေဗျဘက် က
ရပ်တည်ခဲ့တယ်။ အမေရိကန် သြဇာခံရှားဘုရင် ဖြုတ်ချခံရတဲ့ ၁၉၇၉
ခုနှစ်နောက်ပိုင်းမှာ အီရန်နဲ့ အမေရိကန် ဟာ ရန်ဘက် အနေ အထားရှိခဲ့တယ်။
လက်ရှိ
အခြေအနေ မှာတော့ အီရတ်နဲ့ ဆီးရီးယားမှာ အခြေစိုက် အင်အား တိုးချဲ့လာတဲ့
ဘုံရန်သှူု ရဲ့အန္တရာယ်ကို ထိန်းချုပ်နိုင်ဖို့ အီရန်ရဲ့
ပူးပေါင်းဆောင်ရွက်မှု က လည်း အရေးပါ နေတာကြောင့် လှေနံ နှစ်ဖက်နင်းရမယ့်
ဘဝမျိုးကို ရောက်နေတော့တယ်။
ဆော်ဒီ အာရေဗျရဲ့ ယီမင် ပြည်တွင်းစစ်မှာ
ပါဝင် တိုက်ခိုက် နေခြင်းဟာ ဒေသခံပြည်သူတို့ အ တွက် ဒုက္ခ တွင်းနက်စေပြီး IS
နဲ့ အယ်လ်ကေးဒါး တို့ ယီမင်နိုင်ငံမှာ ခြေကုပ် ရလာကာ အမေရိကန်ရဲ့ မဟာဗျူဟာ
အကျိုး စီးပွားကို ခြိမ်း ခြောက်နေတယ်။ အစွန်းရောက် အစ္စလာမ် အဖွဲ့တွေ
အတွက် အဓိက ထောက်ပံ့မှု ရဖို့ အရင်းအမြစ်လည်း ဖြစ်နေတယ်။ ဆော်ဒီရေနံကို
နိုင်ငံ ရေးအရ မရောင်းဘဲ အကျပ် ကိုင်ဖို့ လည်း မဖြစ်နိုင်တော့ တာကြောင့်
အမေရိကန် အနေနဲ့ ဆော်ဒီအာ ရေဗျကို အဓိကမဟာ မိတ်အဆင့် က လျှော့ချပြီး
အခြားဖိနှိပ်ချုပ် ချယ်တဲ့ အာဏာရှင်စနစ် ကျင့်သုံး တဲ့ ရေနံနိုင်ငံ
များလိုသာ ဆက်ဆံ သင့်တယ်လို့ theweek.com ရဲ့ National Correspondent
ဖြစ်သူ Ryan Cooper က တိုက်တွန်းထား တယ်။
ဒါပေမဲ့ အမေရိကန်က ဒေါ်လာ
ဘီလျံပေါင်းများစွာ တန်တဲ့ စစ် လက်နက် ပစ္စည်းများကို ဝယ်ယူ နေကျ
ဖောက်သည်ကောင်း ဆော်ဒီ အာရေဗျကို စွန့်ပယ်ဖို့ ကွန်ဂရက် နဲ့ ဆီးနိတ်ရဲ့
ထောက်ခံမှုကို ဘယ် တော့မှ ရနိုင်မှာ မဟုတ်ဘူး။
အမေရိကန် အပါအဝင် အ
နောက်နိုင်ငံများက ဆော်ဒီ ရဲ့ Nimr အပေါ် သေဒဏ် စီရင်မှုကို ရှုတ်ချ တယ်။
အမေရိကန် အစိုးရအရာရှိ တစ်ဦး ကတော့ အီရန်- ဆော်ဒီ အာရေဗျ ပဋိပက္ခမှာ
တိုက်ရိုက် ဆွေးနွေးခြင်းနဲ့ တင်းမာမှု လျှော့ချ ဖို့ တိုက်တွန်းထားတယ်။
ဒုတိယကမ္ဘာ
စစ်ပြီး ကာလ ကတည်းက ယနေ့ထိတိုင် ဆူပွက် နေခဲ့တဲ့ အရှေ့အလယ်ပိုင်း ဒေသ
အတွက် ငြိမ်းချမ်းရေး မျှော်လင့် ချက် ပျောက်ကွယ်နေဆဲဖြစ်တယ်။
နိုင်ဦးဆွေ
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက်
- စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက
စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group
မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments