09-790570465

09-975288547

MOAGs Admin Team

iBest Groups

ချစ်သောက ရောက်နေရှာသော လုံမပျို

Posted by   on Pinterest


ညောင်ရမ်းခေတ်တွင် “တောင်တွင်းရှင်ငြိမ်းမယ်” ခေါ် အမျိုးသမီးစာဆိုတစ်ယောက်ပေါ်ထွန်းသည်။
“အိုင်ချင်း” အများအပြားရေးဖွဲ့ခဲ့ သည်ဟူသော အကြောင်းမှလွဲ၍ ထိုစာဆိုအကြောင်းကို အကျယ်မသိသေးပါ။ စာဆို၏ အိုင်ချင်းများတွင် ကျေးတောသူ လုံမပျိုလေး တစ်ေ ယာက်က သူငယ်ချင်းများကို ” ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောက်မတို့လေ” ဟု အစချီကာ နှလုံးသားကိစ္စများကို ရင် ဖွင့်ပြောဆိုဟန် ရေးဖွဲ့ လေ့ရှိပါသည်။စာဆို၏ အိုင်ချင်းသုံးပုဒ်ကိုချိတ်ဆက်ကြည့်သောအခါ စိတ်ဝင်စားစရာ ဇာတ်လမ်းကလေး သုံး ခုပေါ်လာသည်။ လုံမပျိုတစ်ယောက်တည်း၏ ဇာတ်လမ်းဖြစ်နိုင်ပါသည်။
အိုင်ချင်းတစ်ပုဒ်တွင် လုံမပျိုက သူ့ချစ်သူအကြောင်းတွေးရင်း တစ်ကိုယ်တည်းပူပန်သောကရောက် နေပုံကိုဖွဲ့သည်။ သူ့ချစ်သူနှင့် သူ့ကို အမေကြီးတို့၊ ဘကြီးတို့က သဘော မတူကြ။ သည်တော့ အစ်ကိုတွေ၊ မောင်တွေ၊ ဦးကြီးတွေက အိမ်မှာ ကြပ်ကြပ်မတ်မတ် စောင့်နေကြ သည်။ လုံမပျိုကလေး၏ စိတ်ထဲမှာ တော့ ” အိမ်လေးထောင့်မှာ ဆူးတွေချထားသည်။ လှေကားခုံမှာ ဂဠုန် ကြီးကစောင့်လို့။ လှေ ကားဦး မှာလည်း ဘီလူးကြီးပါကလား။ လှေကားခြေရင်းမှာ ဆူးတွေကြဲထား လိုက်သေးသည်။ အိမ်တိုင်တွေမှာရော နွားရိုင်းတွေ ချည် ထားလို့ ပါကလား။ ထရံကြားမှာ ဓားသွားတွေ၊ ကြမ်းကြားမှာ အပ်သွားတွေ၊ ပြီး တော့ အိမ်ခေါင်မိုးမှာ လှံကြီးထောင် ပြီးစိုက်ထား လိုက်သေး သည်+ ဟု ထင်မြင်နေသည်။ ဤမျှအစောင့် အကြပ်ထူထပ်နေမှတော့ မောင်နှင့် နှစ်ကိုယ်ချင်းတွေ့ရဖို့ လွယ်တော့ မည်မဟုတ်ပါ။
မောင်ကတော့ သူနှင့်တွေ့ဖို့ စွန့်စွန့်စားစားလာလိမ့်မည်ဟု လုံမပျိုက ထင်နေသည်။ မောင်လာလျှင် ဘယ်နေရာက တက်လာပါ့မလဲ။ မယ်က ဘယ်နေရာက ဆင်းတွေ့ရ ပါ့မလဲ။ မောင်သည် အိမ်ခေါင်မိုး အထိတက်ပြီး ထုပ်တွေ၊ လျှောက်တွေ  ဝင်တိုးလျှင်တော့ ဒုက္ခပါပဲ။ ထုပ် သားကလည်း မနိုင်၊ ထုပ်တိုင်က လည်း ပိုးထိုးနေတော့ မောင်တက် လာလျှင် အလယ်ကကျိုးကျမှာ သေချာသည်။ ထိုအခါ အ သင့်စောင့် နေသော အစ်ကိုတွေ၊ မောင်တွေ၊ ဘကြီးတွေက “သူခိုး၊ သူခိုး” ဟု အော်ပြီး မီးခွက်ထွန်း၍ ဝိုင်းဖမ်းကြ လျှင် မောင်သည် ခုန် ချပြီး ဆင်းပြေး ပါလိမ့်မည်။ လမ်းဆုံရောက်အောင် မှ ပြေးနိုင်ပါ့မလား။ လုံမပျိုသည် ဤသို့တွေးရင်းတွေးရင်း တကယ် စိတ်ပူလာ သည်။ မောင့်ခမျာ အန္တရာယ်ကင်းပါလေစ။ စိတ်ထဲမှာ သိချင်လာသည့်အတွက် ညီမအထွေး လေးကို ညီမလေးရယ်၊ ညည်းခဲအို ကြီး ဆီကို ပြေးပြီးကြည့်စမ်းပါကွယ်” ဟု ခိုင်းလိုက်သည်။ မကြာမီ ညီမ ထွေးပြန်ရောက်လာသည်။ “အမယ်လေး..မမရယ်၊ မမကသာ စိတ် ပူနေတာ။ ကျွန်မခဲအိုကြီးကတော့ ရွာလယ်ကောင်က ခုတင်ကြီးမှာ ထိုင်ပြီး အေးအေးဆေးဆေး စောင်းတီးနေတာ တွေ့ခဲ့ရပါရဲ့တော်”  ဟု ပြန်ပြောလေတော့သည်။
လုံမပျိုကလေး၏မောင်မှာ စိတ်ပျော့လှသူဖြစ်ကြောင်း နောက်အိုင်ချင်းတစ်ပုဒ်မှာ တွေ့ရသည်။ တကယ်တော့ လုံမပျိုကလေး၏ မောင်မှာ “ရှင်လူထွက်သစ် ဆယ့်သုံးနှစ်” အရွယ်ကတည်းက ချစ်ခဲ့ရသူ ဖြစ်သည်။ ညဆိုလျှင် လုံမပျိုကလေးသည် အိမ်ရှေ့မှာ ဗိုင်းငင် ရင်းမောင် နှင့်စကားပြောရသည်။ ယခု မိကြီး မိထွေးများက မောင်နှင့်သဘော မတူသည့်အတွက် လုံမပျိုကို ဗိုင်းငင် ခွင့် ပိတ်ပင် လိုက် သည့်အတွက် ဗိုင်း ငင်သည့်ရစ်ကို ဘေးမှာထောင်၍ ထားလိုက်ရတော့သည်။ တစ်ယောက် နှင့်တစ်ယောက် တွေ့ဆုံဖို့မလွယ်တော့။ မတွေ့ရသည်မှာ တော်တော် ကြာသွားပြီ။
တစ်နေ့တွင် လုံမပျိုသည် ညနေ နေဝင်ခါနီး ယာခင်းဆီမှ ပြန်အလာတွင် မောင်နှင့်များတွေ့ လေမလားဟု မျှော်မိခိုက် ရှေ့တည့် တည့်မှ လာနေသောမောင်နှင့် ဆုံရ တော့သည်။ စောင်းလျားခြံနှင့် လက်ပံပင်ရှေ့နားက လမ်းကွေ့ ကျဉ်းကျဉ်းကလေးမှာ ဆုံရခြင်းဖြစ် သည်။ မောင်မှာ မယ်ကလက်ဆောင် ပေးထားသော “ပိုးသေးဖဲပါ ခေါင်း ပေါင်းပြာ” ပဝါသစ်လေးကို လည်မှာ ရစ်ပတ်ထားသည်။ မယ့်ကို တွေ့ သောအခါ မောင်မှာ ဘာစကားမှ မဆိုနိုင်ဘဲ မယ့်ပခုံးပေါ်ကို လက် တင်ရင်း မတ်တတ်ပင် ငိုရှာလေ တော့သည်။ မယ်က လည်း “မောင့် ကိုစိမ်းကားလိုက်ပြီလို့ နှမကဆိုမိလို့လား” ဟုပြောရင်း မောင့်ကိုချော့ရှာသည်။ ပြီးတော့ “တို့ချစ်ခြင်း ကွင်း အောင် တစေ နေ့တိုင်းမွှေတဲ့၊ မအေကြီးဝန်တို၊ မြင်တိုင်းမုန်းစရာ့ကုန်း မအို၊ ရေလိုခန်းခြောက်ပါစေသား” ဟု မိကြီးမိထွေးတွေကို ကျိန်ဆဲလိုက် မိတော့သည်။
နောက်တစ်ပုဒ်မှာတော့ မောင် နှင့်မယ် ဝေးဖို့အကြောင်းဖန်လာသည်။ မောင့်မိဘတွေက မောင့်ကို ကုန်ရောင်းသွား ဖို့ အော က်ပြ ည် အောက်ရွာသို့ စေလွှတ်သည့် အတွက် မောင့်ခမျာ မသွားချင်ဘဲသွားရတော့သည်။ မောင်သည် တီး နေကျစောင်းနှင့် ကြက်တိုက် က စား နေကျ ကြက်ကလေးကို ပိုက်ဖက်ရင်း ငိုရှာတော့သည်။ မဲလည်ပင်၊ ဒန်းပင်တွေရှိနေသော ကင်း ကြောင်းဆိပ်မှာ ထိုးဝါးပြင် ဆင်ပြီး လှေစုန်ဆင်းတော့သည်။ မိန်းမပျိုက မောင့်ကိုလွမ်းနေသည်။ “ဆီကို ဆယ့် လေး၊ ဆေးကိုဆယ့်ငါး၊ ကုန်ဈေး ငယ်နာ၊ ကြာ သနဲ့ေ တာ်” ဟူ၍ မောင် တို့ ဆီတွေ၊ ဆန်တွေရောင်း ဝယ်ဖို့ ဈေးစုံစမ်းရင်း ကြာနေမည့်ပုံ ကို တွေးမိသည်။ အော က်ပြည် အောက်ရွာ ဆိုေ တာ့ မောင်သည် ပဲခူးကိုလည်းဝင်မည်။ သံလျင်ကိုလည်း လှေဆိုက် မည်။ အောက်ပြည်မှာ ခြင်ပုန်းတွေပေါလှ သည်။ မောင် မှာ ခြင်ေ ထာင်လည်းမပါ။ လေလည်း မတိုက်၊ ခြင်ကိုက်ခံရတော့မည်။ မယ် သာ မောင့်အနားမှာရှိလျှင် ခြင်တွေကို ” တရုတ်ယပ်နှင့် ဖျပ်ဖျပ် လူးေ အာင် မရိုက်ရပါလား။ မောင့်ကို ခြင်မကိုက်အောင် ခြင်ယပ်ပေးချင် လှပါဘိသည်” ဤသို့ထွေထွေရာရာ တွေးရင်း “မောင် ကေ လး၊ အောက် ပြည်စုန်၊ ရွှေဂုံကျွန်း၊ ဝေးလွန်းလှတော်” ဟူ၍ လွမ်းသံကလေးနှောပြီး  ညည်းမိရှာသည်။
မောင်ခင်မင် (ဓနုဖြူ)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်