09-790570465

09-975288547

MOAGs Admin Team

iBest Groups

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုလား၊ ပြဿနာမီးပွားလား

Posted by   on Pinterest

၂၀၁၁တွင် နိုင်ငံ့အာဏာ ရရှိလာကတည်းက သမ္မတဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံကို အနောက်နိုင်ငံ၊  ဂျပန်နိုင်ငံတို့နှင့် ပြန်လည်အဆင်ပြေစေရန် ယခင်က ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ဖူး သော တရုတ်နိုင်ငံနှင့် ခပ်တန်း တန်းနေခဲ့ပါသည်။
သို့သော် ပြီးခဲ့သောလများ က သူတို့သည်သာ အဓိကအရေးကြီးသော မိတ်ဖက်နိုင်ငံဖြစ် ကြောင်း သတိပေးပြီး စီးပွားရေး နှင့် နိုင်ငံရေးတွင် သူတို့နှင့်ပြန် လည် လုပ်ဆောင်ရန် တရုတ်ကမြန်မာကို ဖိအားပေးလိုက်ဟန် ရှိ၏။ အထူးသဖြင့် မြန်မာတွင်လတ်တလော ရွေးကောက်ပွဲ ဂယက် အရှိန်မသေးသေးသည့် အချိန်၌ ဖြစ်ပါသည်။
ထို့ကြောင့် ဒီဇင်ဘာ ၃၀ ရက်တွင် ကျောက်ဖြူအထူးစီး ပွားရေးဇုန်အတွက် လုပ်ငန်းလုပ် ကိုင်ခွင့်များနှင့်ပတ်သက်၍ တရုတ်တို့၏ Citic လုပ် ငန်းအုပ် စုကို မြန်မာလွှတ်တော်က အ တည်ပြုလိုက်သဖြင့် တရုတ်တို့ သဘောကျသွားကြသည်။
အမေရိကန်ဒေါ်လာ ၁၀ ဘီ လီယံ(ကျပ်သန်းတစ်သောင်း) ရင်းနှီးမြှုပ်နှံမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ၂၀၁၃ ကတည်းက တရုတ်နှင့် မြန်မာ ကြား ဖောက်လုပ်ထားသော ရေနံပိုက်လိုင်းအတွက်လည်း ပံ့ပိုးမှု တစ်ခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ ထို့အပြင် အဆိုပါ စီးပွားရေးဇုန်သည် ဒေသ၏ ကူး သန်းသွားလာရေးနှင့် ရေနံပစ္စည်း သယ်ယူရေး  အတွက်လည်း အဓိကအချက်အချာ ဖြစ်လာပါ လိမ့်မည်။
တရုတ် Citic အုပ်စုသည် စီးပွားရေးဇုန်အတွက် လိုအပ် သော လေ့လာတိုင်းထွာမှုများကို ၂၀၀၇ ကတည်းကပင် စတင်လုပ်ကိုင်ခဲ့၏။ သို့သော် စီးပွားရေးအောင်မြင်ရန် အခွင့်အလမ်းနည်းပါးခြင်းနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အေးစက်လာခြင်းကြောင့် မြန်မာအစိုးရက တရုတ်တို့ကို ယင်းစီမံကိန်းအား ချထားပေးရန် အကြိမ်ပေါင်းများစွာ ပျက်ကွက်ခဲ့ သည်။
မြန်မာအပေါ် တရုတ်၏ စိတ်ဝင်စားမှု     ပြန်လည်အား ကောင်းခဲ့သည်မှာ ပြိုင်ဘက်ဖြစ် သည့် ဂျပန်နိုင်ငံနှင့် မြန်မာကို မဟာဗျူဟာအရ လွှမ်းမိုးထားခွင့် ပြိုင်ဆိုင်မှုများ ရှိလာသည့်အ တွက် ဖြစ်ပါသည်။ ထို့ပြင် အာရှ ခရီးသွားလမ်းမကြီး အကောင်အထည်ဖော်ရန် စိတ်ဝင်စားမှုကြောင့်လည်း ပါဝင် သည်။
ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများ ကလည်း မြန်မာနိုင်ငံ၏ အခြေခံ ဖွံ့ဖြိုးတိုးတက်မှု အဆောက်အအုံ နေရာ အတော်များများတွင် ဆောင်ရွက်ရန် စီစဉ်ထားပါသည်။ ဂျပန် က သီလ၀ါအထူးစီးပွားရေးဇုန် ကို အမေရိကန်ဒေါ်လာသန်းနှစ် ထောင် ရင်းနှီးပြီး အကောင်အ ထည်ဖော်နေသည်။ ရန်ကုန်မြို့အနီးရှိ ကုန်ထုတ်လုပ် မှုဇုန်တစ်ခု ဖြစ်လာမည့် သီလ၀ါစက်မှုဇုန်သည် ယခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးမြောက်မည် ဖြစ်သည်။ ဂျပန်တို့က ထိုင်းနိုင်ငံနယ်စပ်မှ ထိုင်း ကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေသော ထားဝယ်အထူးစီးပွား ရေးဇုန်ကိုလည်း စိတ်ဝင်စားမှု များ ပြသနေသည်။
သည်အချက်များကြောင့် တရုတ်များကို ပိုပြီးအသည်းအ သန် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်လာစေပါသည်။ သမ္မတဦးသိန်းစိန်လက်အောက် တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ၅ ဘီလီယံကုန်ကျမည့်  မြစ်ဆုံစီမံ ကိန်း ရပ်ဆိုင်းခံခဲ့ပြီးကတည်းက ကျောက်ဖြူစီးပွားရေးဇုန်သည် မြန်မာတွင်  တရုတ်တို့  ငွေအ မြောက်အမြား   မြှုပ်နှံလုပ်ကိုင် မည့် ကြီးမားသော စီမံကိန်း ကြီး ဖြစ်ပါသည်။
ကျောက်ဖြူစီမံကိန်းသည် တရုတ်တို့၏ နိုင်ငံရေးနှင့် ဘဏ္ဍာ ရေးဆိုင်ရာ ခန့်ခွဲမှုကိုရရှိနေသော် လည်း သည်စီမံကိန်းသည် စီးပွားရေးနှင့် လူမှုရေးအရ အောင်မြင် မှုရနိုင်ရန် မသေချာ မရေရာလှပေ။
အခြားအထူးစီးပွားရေးဇုန် များနှင့် မတူသည်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် မြန်မာ၏ အဓိကမြို့ကြီးများနှင့်ရော တရုတ်၊ ထိုင်းနိုင်ငံနယ်စပ်များ နှင့်ပါ အလှမ်းဝေးလှသည်။
အထူးစီးပွားရေးဇုန်များကို စီးပွားရေးအရ အောင်မြင်အောင် လုပ်ဆောင်ရန် အခြေခံဖွံ့ဖြိုးမှု အဆောက်အအုံများက အဓိက အရေးပါလှ၏။
‘‘ကျောက်ဖြူနဲ့ တရုတ်နယ် စပ်ကို လမ်းသစ်တွေဖောက်ဖို့ မြန်မာက အာရှအခြေခံဖွံ့ဖြိုးမှု ရင်းနှီးမြှုပ်နှံရေးဘဏ်ကို ဖိတ် ခေါ်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ကျောက်ဖြူစီးပွားရေးဇုန်တင်ဒါ လုပ်ငန်းအဖွဲ့ ဒါရိုက်တာဦးဝင်း မြင့်က Financial Times သတင်း စာအား ပြောကြားသည်။
ယခင်ကဲ့သို့ ဒေသခံပြည်သူ များက   မည်မျှဆန့်ကျင်ပါစေ မြန်မာစစ်တပ်က သူတို့လိုအပ် သမျှ ဖိအားပေးလုပ်နိုင်သည့် နေ့ များက ခေတ်ကုန်သွားပြီ ဖြစ်ပါ သည်။
မြန်မာနိုင်ငံက ပြင်ဆင်နေ သော စီးပွားရေးဇုန်အားလုံးတွင် အောက်ခြေလူတန်းစားများ၏ ကန့်ကွက်ဆန္ဒပြမှုကလည်း ကြီး မားသော အနှောင့်အယှက်ဖြစ်နေ သည်။ အထူးစီးပွားရေးဇုန်ကဲ့သို့ စီမံကိန်းကြီးများမှာ တရုတ်နှင့် အခြားနိုင်ငံခြား အစိုးရများက ခြယ်လှယ်လုပ်ကိုင်ခြင်းနှင့် မြေသိမ်းယူမှုများအပေါ် မြန်မာလူထု၏ အလိုမကျဆန့် ကျင်မှုများက တိုးပွားလာနေပါသည်။
တရုတ်နှင့်သူ၏ အပေါင်း ပါ ကုမ္ပဏီများအနေဖြင့် သည်စီမံကိန်းတစ်ခုလုံးကို သူတို့ တစ်ဦးတည်းရင်းနှီးမြှုပ်နှံမှု မရှိဘဲမြန်မာအစိုးရ၏ အကူအညီသာမျှော်မှန်းပါလျှင် မြန်မာ၏နိုင်ငံရေး ဂယက်သက်ရောက်မှုထဲ၌ ဧရာဝတီမြစ်ဆုံစီမံကိန်း၏ လမ်းစဉ်ကိုသာ လိုက်ရကိန်းရှိပါသည်။
(Financial Times သတင်း စာမှ အာဆီယံရေးရာဆိုင်ရာ သုတေသီ Gavin Bowring ၏ China and Myanmar's SEZs: strategic partnership or can of worms? ကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
Credit; 7 days မှကူးယူဖော်ပြသည်။
(မှတ်ချက် - အထက်ဖော်ပြပြဆောင်းပါးသည် ဘာသာပြန်ဆိုရေးသားသူနှင့် 7 days ဂျာနယ်တို့၏ ပိုင်ဆိုင်မှုသာဖြစ်ပြီး Myanmar Book World အနေဖြင့် ထပ်ဆင့်ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။ ထို့အပြင် 7 days ဂျာနယ်တိုက်၏ အောင်မြင်မှုကိုခုတုံးလုပ်ခြင်းမဟုတ်ကြောင်းကို တိုက်ပိုင်ရှင်၊ အယ်ဒီတာများနှင့် စာရေးသူများထံ လေးစားစွာအသိပေးပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်