များမကြာသေးခင်က “ဂျပန် ခုခံတော်လှန်ရေး စစ်အောင်နိုင်မှု နှစ် (၇ဝ) ပြည့်နဲ့ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် (၇ဝ) ပြည့်အထိမ်းအမှတ်” ကို တရုတ်တွေ ကျင်းပခဲ့တယ်၊ နိုင်ငံရေးနောက်ခံတွေ ရှိနေနိုင်ပါ တယ်၊ ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်တွေ စစ်အင်အား အတော်အားကောင်းခဲ့လို့ တရုတ်ကို ဝင်ရောက် သိမ်းပိုက်ထားနိုင်ခဲ့တယ်လေ၊ နောက်မျိုးဆက်တွေကို သမိုင်းမမေ့အောင်၊ မျိုးချစ်စိတ်ပြင်းပြအောင် မျိုးစေ့ ထည့်ပေးတာပဲ။ နိုင်ငံတော်တည်ဆောက်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဲဒါတွေ ပါဝင်နေတတ်တယ်။
အဲဒီ အခမ်းအနားကို (၃. ၉. ၁၅) နေ့ ဘေဂျင်းမှာ ကျင်းပခဲ့တယ်၊ နိုင်ငံပေါင်း (၅ဝ) နီးပါးက သမ္မတ တွေ၊ ဝန်ကြီးချုပ်တွေ စတဲ့ခေါင်းဆောင်တွေ တက်ကြတယ်၊ သမ္မတကြီး ဦးသိန်းစိန်လည်း သွားခဲ့သေးတယ်၊ နိုင်ငံတကာဂျာနယ်လစ် (၁၅ဝဝ) အပါအဝင် စုစုပေါင်း ဂျာနယ်လစ် (၃၇ဝဝ) လောက် တက်တဲ့ပွဲကြီးဆိုတော့ အတော်ကြီးကြီးမားမား လုပ်ခဲ့တဲ့ပွဲလို့ မှန်းလို့ရတယ်။
.
အမေရိကန်-မတက်
*******************
စစ်ရေးပြအခမ်းအနားနီးလာတဲ့အခါ တရုတ်တွေကလည်း သူတို့ ကျင်းပမယ့်အခြေအနေနဲ့ ပတ်သက်ပြီး ဂုဏ်ပြုအမွှန်းတင်တာတွေကို သတင်းလှိုင်လှိုင်ထုတ်ခဲ့တယ်၊ တခြားနိုင်ငံတွေက အပြုသဘောနဲ့ တုံ့ပြန်ကြပေမယ့် အမေရိကန်က မသိကျိုးကျွန်ပြုနေခဲ့တယ်၊ နိုင်ငံရေးကစားကြတဲ့သဘောပါ၊ အမေရိကန် အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ဂျိုးအန်းနက်က တရုတ်တွေရဲ့ စစ်အောင်နိုင်ရေးအထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲ ကျင်းပတဲ့ရက်ကိုမသိရှိပါလို့ ငြင်းဆိုထားတယ်။ အခမ်းအနားမကျင်းပမီ (၁ဝ) ရက်လောက် အလို (၂၄. ၈. ၁၅) နေ့မှာ အမေရိကန်ဘက်က ထုတ်ပြောခဲ့တာပါ၊ သုံးသပ်သူတွေအနေနဲ့ကတော့ စစ်ရေးပြ အခမ်းအနားနဲ့ပတ်သက်လို့ အမေရိကန်တွေဘက်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားလိုခြင်းမရှိတဲ့ သဘောလို့ မြင်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့လည်း အဲဒီ စစ်ရေးပြအခမ်းအနားကို အခြား နိုင်ငံတော် အကြီးအကဲများ၊ အများအပြား တက်ရောက်ခဲ့တာတောင် မသိဘူးလို့ပြောတာကိုတော့ ခပ်ထေ့ထေ့ ဝေဖန်ကြ တာ တွေ့ရတယ်၊
လူမှုရေးသိပ္ပံအကယ်ဒမီက တရုတ်လေ့လာရေးကျွမ်းကျင်သူ တာအိုဗင်ဇာအိုက တရုတ်အနေနဲ့ အမေရိကန်ကို ဖိတ်ကြားပေမယ့်လည်း အမေရိကန်သမ္မတအနေနဲ့ မအားလပ်လို့ မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ပဲ ပြောခဲ့တယ်။ နိုင်ငံရေးကစားကွက်တွေ၊ နိုင်ငံရေးအချက်ပြမှုတွေ ပါဝင်နေတာကတော့ သေချာ နေပါတယ်၊ ယေဘုယျအားဖြင့်တော့ အမေရိကန်က ကမ္ဘာစီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ၊ တရုတ်က ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့အတွက်ကြောင့် တကယ်လို့များ အဲဒီ (၂) နိုင်ငံကြား ရွှေလမ်း၊ ငွေလမ်း ဖောက်ထားမယ်ဆိုရင် အမေရိကန်တွေ ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးချလာမှာအမှန်ပါပဲ။ မဟာဗျူဟာပြိုင်ဘက်ဆိုတဲ့သဘောထားက တစ်စုံတစ်ရာ စတင်ဖယ်ခွာနေပြီးလားလို့ သုံးသပ်လာနိုင်ကြစရာ ရှိလာတဲ့သဘော တွေ့ရတယ်၊
တချို့က ထောက်ပြထားတဲ့အချက်မှာတော့ တရုတ်စစ်ရေးပြအခမ်းအနားနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားကို မေးလာကြမယ့်မေးခွန်းတွေကို မဖြေကြားလိုတာနဲ့ ရှောင်လွှဲတာလည်းဖြစ်နိုင်တယ်လို့ ရှုမြင်ကြ သူတွေလည်းရှိကြတာ တွေ့ရတယ်။
.
နစ်ဆင်၊ ကစ်ဆင်ဂျာ နဲ့ မော်စီတုံး၊ ချူအင်လိုင်း
********************************************
အမေရိကန်သမ္မတ Richard Nixon လက်ထက်မှာ တရုတ်တွေရဲ့ အနာဂတ်ကို အလေးအနက် သုံးသပ်ခဲ့ကြတယ်၊ နိုင်ငံရေးစနစ်က အရှေ့နဲ့အနောက် ဆန့်ကျင်နေပြီး တရုတ်အနေနဲ့လည်း ကမ္ဘာ့လူဦးရေ အများဆုံး ကွန်မြူနစ်နိုင်ငံဖြစ်ခဲ့တာကြောင့် အဲဒီကာလမှာ ကွန်မြူနစ်နဲ့ အရင်းရှင် ]ရန်-ငါ} ကွဲခဲ့တာကြောင့် ]အမေရိကန်-တရုတ်} ကလည်း မဟာဗျူဟာရန်သူတွေ ဖြစ်ခဲ့ကြတယ်၊ ကင်ဆစ်ဂျာရဲ့ မဟာဗျူဟာအမြင်ပေါ် မူတည်ပြီး သမ္မတနစ်ဆင်က တရုတ်တွေနဲ့ ထိပ်တိုက်မတွေ့တော့ဘဲ ရုရှားတွေနဲ့ပဲ ထိပ်တိုက်တွေ့တော့မယ်လို့ ဆုံးဖြတ်ခဲ့ကြဟန်တူတယ်၊ စစ်မျက်နှာကို ရုရှားဘက် တစ်ဖက်တည်းဖွင့်လိုက်ပြီး တရုတ်တွေကို ချွေးသိပ်တဲ့ အနေနဲ့ ကစ်ဆင်ဂျာက တရုတ်ကို ]ပင်ပေါင်ပေါ်လစီ} ဆိုပြီး အသော့နှင်ခဲ့ပါတော့တယ်၊ ဥက္က|ကြီးမော်စီတုံးကို တွေ့တဲ့အခါမှာ …
“ဥက္က|ကြီးရဲ့ ဘယ်ပွဲမှာပြောခဲ့တဲ့ မိန့်ခွန်းကို ကျွန်တော်တောင် ရေးမှတ်ထားခဲ့ရပါတယ်”
စတဲ့ အစချီလေပြည်တွေက မော်စီတုံးကို တစ်ခါထဲ ဂွမ်းဆီထိသွားစေခဲ့ဟန် ရှိတယ်။ ဥက္က|ကြီးရဲ့ အချက်ပြချက်နဲ့ ကစ်ဆင်ဂျာဟာ ချူအင်လိုင်းနဲ့ဆက်ပြီး အသေးစိတ် ညိ§နှိုင်းပါတော့တယ်၊ အဲဒီအချိန်မှာ အမေရိကန်က ကမ္ဘာ့စူပါ-ပါဝါပါ၊ တရုတ်တွေက ဘာမှမဟုတ်သေးဘူး၊ ယဉ်ကျေးမှု တော်လှန်ရေးမှာ သန်းပေါင်းများစွာ လူထုသေကြေခဲ့ရတဲ့ နောက်ဆက်တွဲကို ခံစားနေကြရတုန်း၊ ဆင်းရဲတွင်း နက်နေတုန်းပဲ ရှိနေသေးတဲ့အချိန်၊ ဒါပေမဲ့ တစ်ချိန်ချိန်မှာ အင်အားကြီးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ တွက်ချက်ထားမိတာကြောင့် အမေရိကန်တွေက ကြိုပြီး အကွက်ချခဲ့လိုက်တာ၊ လောလောဆယ် ရုရှားနဲ့ ပူးပေါင်းမှုတို့လည်း အားလျော့ သွားစေ၊ အနာဂတ်အတွက်လည်း တစ်စုံတစ်ရာ အကျိုးအမြတ်ထွက်စေဆိုပြီး မြားတစ်ချောင်းနဲ့ ငှက်နှစ်ကောင်ပစ်ခဲ့တယ်၊
မဟာဗျူဟာဆိုတာ အဲဒါပါပဲ။ အနာဂတ်ကို မြင်တွေးတတ်ပြီး ကြိုတင် ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်၊ ခံစားမှုတွေ၊ လက်ရှိအခြေအနေတွေကို တစ်ခါတလေမှာ ဘေးဖယ် ထားသင့် ဘေးဖယ်ထားရတတ်တာတွေလည်း ရှိတတ်တယ်၊
နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာရဲ့ အမြော်အမြင်နဲ့ နောက်ဆုံး ]အမေရိကန်-တရုတ်} ဆက်ဆံရေး တစ်ဆစ်ချိုးအပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်၊ မဟာဗျူဟာရန်ဘက်ကနေ မဟာဗျူဟာပြိုင်ဘက် အဖြစ် လျော့ချသွားနိုင်ခဲ့တယ်၊ ဟင်နရီကစ်ဆင်ဂျာလည်း ကမ္ဘာကျော် နာမည်ကြီးသွားခဲ့တော့တာပါပဲ။ ]ပင်ပေါင်ပေါ်လစီ} လည်း နိုင်ငံခြားရေး ပေါ်လစီသစ်၊ မိုဒယ်အသစ် စံပြုခဲ့ရပါတော့တယ်။ အမေရိကန်တွေ တော်တာ အဲသလိုပါ၊ ဒါကြောင့်လည်း ကမ္ဘာ့ရှေ့ဆောင်နိုင်ငံဖြစ်တာ မဆန်းလှပါဘူး၊ မဟာဗျူဟာနိုင်နင်းသူ တွေ အမေရိကန်မှာ အများကြီးပါပဲ။ နောက်ပိုင်းမှာတော့ အရည်အသွေး တစ်စုံတစ်ရာ ကျသွားသလားလို့၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေမှာ အမှားတော်တော် တွေ့လာရသလိုပါပဲ။
.
တရုတ်ကို အမေရိကန် ထိန်းနိုင်ပါတော့မလား
********************************************
စစ်ရေးပြအခမ်းအနားကို ရုရှားသမ္မတ ပူတင်၊ ပါကစ္စတန်၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ မြန်မာ၊ အီဂျစ်၊ ဗင်နီဇွဲလား၊ တောင်အာဖရိက၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံက ခေါင်းဆောင်တွေအပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းလည်း တက်ရောက်ခဲ့တယ်၊ အမေရိကန်ရဲ့မဟာမိတ် ဂျပန်လည်း တက်ရောက်ခဲ့တာမို့ အမေရိကန်အနေနဲ့ အဲဒီအချက်တွေအပေါ် သတိပြုမိဖို့ကောင်းတယ်လို့ နိုင်ငံရေး လေ့လာ သူတွေက ဆိုပါတယ်၊ တခြား နိုင်ငံခေါင်းဆောင်တွေ တက်ရောက်တဲ့အပေါ်မှာ ဝေဖန်ချက် ထူးထူးခြားခြား မရှိ လှပေမယ့် ဘန်ကီမွန်းအနေနဲ့ ကုလသမဂ္ဂကို ကိုယ်စားပြုတာမို့ သူတက်ရောက်ခြင်းကတော့ ကြားနေမှုဝါဒကို ထိပါးခံရနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်လာခဲ့တယ်။ စစ်ရေးပြအခမ်းအနား မကျင်းပခင် တစ်ပတ်အလို လောက်မှာ အမေရိကန်ဘက်က အမျိုးသားလုံခြုံရေးအရာရှိ ဆူဆန်ရိုက်စ်အနေနဲ့ ဘေဂျင်းကို ရောက်ခဲ့ပါ သေးတယ်၊ အဲဒီမှာတင် စစ်ရေးပြအခမ်းအနားနဲ့ပတ်သက်ပြီး ပစိဖိတ်စစ်ပွဲမှာ ဂျပန်ကို အနိုင်ရမှုမှာ တရုတ် တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ပတ်သက်ပြီး ပြောခဲ့သေးတယ်လို့ ဆိုကြတယ်၊
ပြီးခဲ့တဲ့ လအနည်းငယ်က တရုတ်မှာ စတော့ဈေးကွက် အကြီးအကျယ် အကျပ်အတည်း တွေ့ခဲ့တယ်၊ ရှယ်ယာဈေးတွေ အဆမတန် ကျဆင်းခဲ့ပြီး၊ တရုတ်စီးပွားရေးကိုတောင် တစ်စုံတစ်ရာ ခြိမ်းခြောက်သွားခဲ့တယ် လို့ ပညာရှင်အချို့က တွက်ဆခဲ့ကြပါသေးတယ်၊ တရုတ်တွေဟာ (1980s) ကျော်ကာလတွေ၊ (2000s) ကျော် ကာလတွေလို ဂဏန်း (၂) လုံးနဲ့ တိုးတက်မှုကို စွန့်လွှတ်လိုက်ကြရပါပြီ၊ အခု တစ်နှစ်၊ နှစ်နှစ်အတွင်းကစပြီး ရှေ့ကို သူတို့ရဲ့ အကောင်းဆုံးတိုးတက်နှုန်းက (၇% - ၇. ၅%) လောက်အတွင်းပဲ ရှိနေပါတော့မယ်၊ တရုတ် တာဝန်ရှိသူတွေကတော့ စီးပွားရေးတည်ငြိမ်အောင် အဲဒီ တိုးတက်မှုနှုန်းနဲ့ ချိန်ည§ိထားတာလို့ ဆိုပါတယ်၊ ဘာပဲ ပြောပြော နှစ် (၂ဝ) (၃ဝ) လောက် (၁၂%) နဲ့ တိုးတက်လာခဲ့တဲ့နှုန်းကို ထက်ဝက်နီးပါးလောက် ကျဆင်းသွား တာကတော့ မငြင်းနိုင်ပါဘူး၊
ကမ္ဘာ့စီးပွားရေး ပျမ်းမျှတိုးတက်မှုနှုန်းက (၃%) ဝန်းကျင်မှာပါ။ အမေရိကန်ရဲ့ တိုးတက်မှုနှုန်းက လည်း အဲဒီဝန်းကျင်မှာပဲ ဖြစ်ပါတယ်၊ မကြာမီမှာပဲ တရုတ်တွေက အမေရိကန်ကိုကျော်ပြီး ကမ္ဘာ့စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာပါတော့မယ်၊ အဲဒါကို အမေရိကန်တွေက ထိန်းနိုင်ပါ့မလား၊ စစ်ရေး၊ နိုင်ငံ ရေးဩဇာတွေဆိုတာ စီးပွားရေး တိုးတက်မှုအပေါ်မှာ အခြေခံကြရပါတယ်၊ အခုလောက် တိုးတက်မှုနှုန်းနဲ့မှာ ကိုပဲ တောင်တရုတ်ပင်လယ်ကိစ္စ၊ ကျွန်းစုကိစ္စတွေ တော်တော်များများမှာ တရုတ်တွေအနေနဲ့ မလျော့တမ်း ခံစစ်အနေအထားနဲ့ ကစားလာခဲ့ကြတာ တွေ့ရတယ်၊ ဒီထက် အင်အားကောင်းလာရင် တရုတ်တွေအနေနဲ့ ကမ္ဘာ့အရေးအရာတွေမှာ ဘယ်လို ခံစစ်၊ တိုက်စစ်တွေနဲ့ ပါဝင်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်၊
တရုတ်တွေရဲ့ မဟာဗျူဟာကို လေ့လာကြည့်တော့ တိန့်ရှောက်ဖိန်လက်ထက်မှာ ]ဘယ်တော့မှ အင်အားကြီးနိုင်ငံတွေနဲ့ ထိပ်တိုက်မတွေ့နဲ့၊ ဓနကိုသာ-ရအောင်စု၊ ဒါပေမဲ့ အဓိကကျတဲ့ အမျိုးသား အကျိုး စီးပွားနဲ့ပတ်သက်လာရင်တော့ ထိပ်တိုက်တွေ့ဖို့ ဝင်မလေးနဲ့၊ အဖိုးစားနား ဘယ်လောက်ပေးရပေးရ” ဆိုတာ တွေ့လာရတယ်၊
တိန့်ရှောက်ဖိန်ကျေးဇူးနဲ့ တရုတ်တွေ ဓနအင်အား အတော် အားကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ ကမ္ဘာ့ အရေးအရာကိစ္စတွေမှာ ပါဝင်ပတ်သက်မှုမှာတော့ အတော်လေး နောက်ကျန်နေခဲ့တာ တွေ့ရတယ်၊ နောက်ပိုင်း လူငယ်မျိုးဆက်သစ်တွေလက်ထက်မှာကျတော့ တိန့်ရှောက်ဖိန်ရဲ့ မဟာဗျူဟာနဲ့ မူဝါဒကို ပြန်လည် ဆန်းစစ်ခဲ့ ကြပြီး၊ ကမ္ဘာ့အရေးအရာတွေမှာလည်း နိုင်ငံရဲ့ကြွယ်ဝမှုအလိုက် ပါသင့်သလောက် ပါရမယ်ဆိုတဲ့ မဟာဗျူဟာ ကို ပြန်ပြီးလိုက်နာခဲ့ကြတာ တွေ့ရတယ်၊
တစ်ချိန်က ဆင်းရဲမွဲတေမှုကြီးမားပြီး ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ တရုတ်တွေဟာ ဒီနေ့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံကြီး ဖြစ်လာခဲ့ပါပြီ၊ အမေရိကန်တွေရဲ့မှတ်ချက်တစ်ခုကို သွားပြီး မှတ်မိ လိုက်ပါသေးတယ်။ “အိပ်နေတဲ့နဂါးကို သွားမနှိုးမိစေနဲ့” ဆိုတာပါ၊
(၂၁) ရာစုထဲမှာ တရုတ်နဂါးကြီး လူးလူးလွန့်လွန့်တော့ဖြစ်နေတာ တွေ့ရပါတယ်၊ အမောက်ထောင် တဲ့အဆင့်တော့ မဟုတ်သေးပါဘူး၊ ဘယ်တော့ အမောက်ထောင်လာမလဲ၊ အမောက်ထောင်လာခဲ့ရင်ကော အမေရိကန်နဲ့ရော ဘယ်လို ထိပ်တိုက်များတွေ့ကြမလဲဆိုတာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါတယ်၊ အင်္ဂလိပ်အပါအဝင် ဥရောပနိုင်ငံတွေအနေနဲ့ တရုတ်ကို ထိပ်တိုက်တွေ့ဖို့ ဝန်လေးနေကြတာ အမှန်ပါပဲ။ တရုတ် ကို အလုပ်ဖြစ်ဖြစ် ထိန်းနိုင်တာကလည်း အမေရိကန်တစ်နိုင်ငံပဲ ရှိပါတော့တယ်။
လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာတော့ အမေရိကန်-တရုတ် ထိပ်တိုက်တွေ့ဆုံမှု တစ်ခုခုလောက် တော့ ဖြစ်လာနိုင်ဖွယ်ရာ အလားအလာတွေရှိနေတယ်လို့ မျှော်လင့်ကြရပါကြောင်း။
နေဇင်လတ် ၃ဝ-၉-၂ဝ၁၅ (၁၆၁၂)
Subscribe to:
Post Comments (Atom)
No comments:
Write comments