ပညာအခြေခံခေတ်မှာ မဟာဗျူဟာကို ခပ်တွင်တွင် သုံးလာခဲ့ကြတယ်၊
အတော်များများကို မဟာဗျူဟာနဲ့ ဖုံးထားနိုင်ကြတာမို့ တော်ရုံဆို
မတွေ့နိုင်ကြဘူး။ ဒီမိုကရေစီပြောပြီး အာဏာရှင်ဖြစ်နေတဲ့ နိုင်ငံ တွေ
ကမ္ဘာမှာ အများကြီးပါ၊ မလွန်ဆန်နိုင်အောင်လို့လည်း ရတတ်သမျှပါဝါတွေနဲ့
ဖိထားတတ်ပါသေးတယ်။
.
နာဇီနဲ့ဂျူး
********
မဟာမိတ်တွေနဲ့ ဂျာမနီဟာ ပထမကမ္ဘာစစ်မှာ စစ်ရှုံးခဲ့တယ်၊ အစ္စရေးလို့ဆိုရင် ဂျူးလူမျိုးလို့ မြင်ကြ ပြီး အစ္စရေးဟာ နိုင်ငံအကျယ်အဝန်းသေးပေမယ့် ဂျူးတွေဟာ ကမ္ဘာအနှံ့ ပျံ့နှံ့နေကြတယ်၊ ဂျာမန်တွေ နောက် တစ်ကြိမ် ခေါင်းမထောင်လာနိုင်အောင် ဂျူးတွေက မဟာဗျူဟာ ချမှတ်ဆောင်ရွက်ခဲ့တာတွေ ရှိလာခဲ့တယ်၊ ဥပမာ - ဆွစ်ဇာလန်နဲ့ အင်္ဂလန်ဘဏ်တွေကို ဂျူးတွေက ထိန်းချုပ်ထားတာမျိုး။ ဂျာမန်တွေကို မဟာဗျူဟာ စီမံကိန်းနဲ့နှိပ်ကွပ်ခဲ့တဲ့ ဂျူးတွေကို ဟစ်တလာလက်ထက်ကျတော့ အတိုးချပြီး သုတ်သင်တော့တာပါပဲ။ အစ္စရေး ဟာ ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီး၊ အာဏာရှင်လို့ကျော်စောတဲ့ ဟစ်တလာဟာလည်း ဒီမိုကရေစီ နည်းကျကျ ရွေးကောက်ပွဲတွေက တက်လာခဲ့သူပဲ ဖြစ်ပါတယ်၊ ဟစ်တလာ ]စန်း} အားကောင်းခဲ့တာမို့ နောက်ဆုံး သူဘာလုပ် လုပ် အကြီးအကျယ် ထောက်ခံမှုရခဲ့ပြီး တဖြည်းဖြည်း အာဏာရှင် ဖြစ်လာခဲ့ပါတယ်၊
အမေရိကန်နဲ့ အစ္စရေးဟာ မိတ်ဖက်တွေပါ၊ ဒါပေမဲ့ အခုတလော သံစဉ် သိပ်မကိုက်လှတာကို တွေ့ရ တယ်၊ အထူးသဖြင့် အီရန်နဲ့ နျူးကလီးယားအရေးကိစ္စနဲ့ ပတ်သက်လို့ပဲ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီအိုင်အေ နဲ့ အစ္စရေးရဲ့ မော့ဆက်ဟာလည်း ပူးပေါင်းသူတစ်ဖြစ်လဲ၊ ပြိုင်ဘက်တွေလည်းဖြစ်တာ တွေ့ရတယ်၊ စီအိုင်အေ ကို နှာတစ်ဖျားအသာနဲ့ မော့ဆက်က ကွက်ကျော်ရိုက်သွားတဲ့ ဖြစ်ရပ်တွေလည်း မနည်းတော့ဘူး၊
အာဖဂန်နစ္စတန်မှာဖြစ်တဲ့ ဆိုဗီယက်-အာဖဂန် စစ်ပွဲကစပြီး အမေရိကန်တွေရဲ့ ပြုစုပျိုးထောင် ပေးမှုနဲ့ အိုစမာဘင်လာဒင် ဖြစ်လာခဲ့တယ်၊ နောက်ဆုံး ၉/၁၁ လို့ နာမည်ကြီးတဲ့ အမေရိကန်က ကမ္ဘာ့ ကုန်သွယ်ရေးညီနောင်ဟာ ဘင်လာဒင်ရဲ့ တိုက်ခိုက်မှုကို ပြန်ပြီးခံလိုက်ရတယ်၊ ဘင်လာဒင်ဆီက ခွဲထွက်လာတဲ့ IS - –အဖွဲ့က ဒီနေ့ ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်အဖွဲ့အဖြစ် ကမ္ဘာကြီးကိုတောင် ခြိမ်းခြောက်နေတာ တွေ့ရ တယ်၊ အရှေ့အလယ်ပိုင်းဒေသ နေရာအနှံ့မှာ IS –တွေရဲ့ ဒုက္ခပေးမှုကို ကြီးကြီးမားမား ခံစားနေရတာ နေ့စဉ်နဲ့ အမျှ သတင်းအဖြစ် မထူးဆန်းတော့တဲ့အဖြစ် ရောက်လာခဲ့တယ်၊ ကြီးထွားလာတဲ့ IS တွေကို နှိမ်နင်းဖို့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် လေကြောင်းတိုက်ခိုက်မှုတွေတောင် လုပ်လာရတဲ့အထိ ဖြစ်လာတာ တွေ့ရပါ လိမ့်မယ်၊
.
.
အိုက်ဆက်-မော့ဆက်လား
**************************
ဂျူးနဲ့ အစ္စလမ်မစ်တွေကလည်း သဟဇာတဖြစ်လှတာ မဟုတ်ပါဘူး၊ ဂျာမန်တွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်း ဟစ်တလာက ဂျူး (၆) သန်းကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ဒုတိယကမ္ဘာစစ် ရှုံးပြီးတဲ့နောက် အတော်လေး ရန်လိုမှုအပိုင်းမှာ မတွေ့ရတော့ဘူး၊ လောလောဆယ် ၈ျူးတွေ ရင်ဆိုင်နေရတာက ဂျာမန်တွေ အစား အစ္စလာမ်ကမ္ဘာကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။ အများအမြင်မှာတော့ IS တွေကို ရေနံထွက်နိုင်ငံ တချို့က ထောက်ပံ့နေတယ်လို့ ပြောကြပေမယ့် နောက်ကွယ်ကန့်လန့်ကာ နှစ်ထပ်၊ သုံးထပ်နောက်မှာ မော့ဆက် ရှိမနေပါဘူးလို့ ဘယ်သူကမှ တတ်အပ်မပြောနိုင်တဲ့ အခြေအနေပါ၊
ရေနံကြောင့် အရှေ့အလယ်ပိုင်း ချမ်းသာလာခဲ့တယ်၊ ကမ္ဘာ့မြေပုံပေါ်က ၈ျူးဆိုတဲ့နိုင်ငံ (ေ၈ျရုဘလင်) ကို ဖျောက်ဖျက်ပစ်ရမယ်လို့ ကြိမ်းဝါးထားတဲ့ မွတ်စ္စလင်နိုင်ငံတစ်ခုကလည်း ရှိထားနေပြန်ပါ တယ်၊ အိုက်ဆက်တွေရဲ့နောက် နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းနောက်မှာ မော့ဆက်တွေ ရှိနေမလားလို့ ယူဆလာသူ တွေကလည်း ယူဆလာခဲ့ကြပါပြီ၊ တချို့ ဂျူးပညာရှင်တချို့က အိုက်ဆက်ရှိနေတာ ကောင်းပါတယ်လို့ မပြော လေကြပေမယ့် IS ကို ပြောပလောက်တဲ့ အကြမ်းဖက်အဖွဲ့တစ်ခု မဟုတ်ဘူးလို့ ဆိုလိုက်တာက သံသယရှိစရာ ဖြစ်စေခဲ့ပါတယ်၊ အိုက်ဆက်တွေကို အမေရိကန်က မြေပြင်စစ်ပွဲ ဆင်နွှဲမယ်ဆိုတော့ အစ္စရေးက သဘောမကျတဲ့ အရိပ်အယောင် အသုံးအနှုန်းတွေကို ပြောခဲ့တာ တွေ့ရတယ်၊
IS တွေ အားကောင်းလာခဲ့ရခြင်းရဲ့ အကြောင်းရင်းမှာ မဟာဗျူဟာ တိမ်မြုပ်ထားတဲ့ အမေရိကန်နဲ့ အစ္စရေးကဏ္ဍ ဘယ်လိုရှိနေမလဲဆိုတာ ဒီနေ့အထိ ဘယ်သူမှ သေသေချာချာ မသိနိုင်ကြသေးပါဘူး၊ အရှေ့ အလယ်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်အချင်းချင်း အဖွဲ့ကွဲများစွာနဲ့ တိုက်ခိုက်ရင်း သေကြကျေကြတာတွေ များလာတယ်၊ တစ်ချိန်က ရေနံကြောင့်ချမ်းသာပြီး ကမ္ဘာ့အရေးအရာတွေမှာ တစ်ခန်းကဏ္ဍအနေနဲ့ ပါဝင်နိုင်တဲ့ အီရတ်၊ ဆီးရီးယား၊ အီဂျစ် စတဲ့နိုင်ငံတွေဟာ ဒီနေ့မှာဆို ကျဆုံးနိုင်ငံတွေ ဖြစ်သွားခဲ့ကြပြီ၊ စစ်ပွဲတွေကလည်း နောက်ထပ် နှစ် (၂ဝ)(၃ဝ) လောက်ပြီးနိုင်မှာ မဟုတ်သေးဘူး၊ အဲဒီနိုင်ငံတွေ ကျဆုံးလေ အမေရိကန်နဲ့ အစ္စရေးအတွက် ခြိမ်းခြောက်ခံရမှု နည်းပါးလေ ဖြစ်လာပါတယ်၊ အစ္စလာမ္မစ်တွေ တစ်ဦးကျဆုံးတိုင်း အစ္စရေး အတွက် ရန်သူတစ်ဦး လျော့သွားလေလည်း ဖြစ်ပါတယ်၊ ရေနံထွက်နိုင်ငံတွေ ကျဆုံးခြင်းဟာ အစ္စရေးနိုင်ငံ အတွက် ရပ်တည်နိုင်မှု ပိုပြီးအားကောင်းလာစေပါတယ်။
ကမ္ဘာ့အရေးအရာ ဝင်ရောက်စွက်ဖက်မှု
***************************************
နိုင်ငံကြီးတွေဟာ နိုင်ငံငယ်တွေရဲ့ ပြည်တွင်းရေးရာများစွာကို ဝင်ရောက်စွက်ဖက်တတ်တာ ဖက်ရှင် တစ်ခုလို ဖြစ်လာခဲ့ပါတယ်၊ စွက်ဖက်နိုင်အောင်လည်း အင်အားက ကြီးနေပြန်တာကိုး၊ မှန်ကန်တဲ့ စွက်ဖက်မှုမျိုး နဲ့ အဲဒီနိုင်ငံငယ်အပေါ် စေတနာထားတာ သိပ်နည်းပါးလှပါတယ်၊ တစ်နည်းတစ်လမ်းနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အဲဒီနိုင်ငံကြီးရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတာကို တွေ့နိုင်ပါ လိမ့်မယ်၊ ဥပမာအားဖြင့် လူ့အခွင့်အရေးကို အကုန်မပြောဘူး၊ သူတို့ ပြောကောင်းရုံလောက်ပဲ ပညာပေးထား တတ်ကြတယ်၊ လူ့အခွင့်အရေးမရခဲ့တဲ့ နိုင်ငံတွေက အကြိုက်တွေ့သွားရော၊ ဥပမာ - ဘယ်နိုင်ငံက လူ့အခွင့် အရေး ချိုးဖောက်တယ်ဆိုပြီး ဖိအားပေးတာမျိုး၊ အမေရိကန်ရဲ့ ဂွာတာနာမို အကျဉ်းစခန်းထဲမှာ လူ့အခွင့် အရေး ချိုးဖောက်ခံရတာ ကမ်းကုန်လို့ ကမ္ဘာတောင် ကျော်သွားခဲ့ပါသေးတယ်၊ အိုဘားမား သမ္မတဖြစ်ရေး စည်းရုံးမှုမှာ သူသာ သမ္မတဖြစ်ခဲ့ရင် ၈ွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်မယ်လို့ ပြောခဲ့ဖူးတယ်၊ အခု သမ္မတ သက်တမ်း (၇) နှစ်ရှိသွားပြီ၊ အဲဒီအကျဉ်းစခန်းကို စကားထဲတောင် ထည့်မပြောခဲ့တော့ဘူး၊
ပြောချင်တာက တစ်ခါတလေ သူတို့နှုတ်က ထွက်လာတဲ့စကားတွေမှာတော့ ]ဒီမိုကရေစီ} ဆိုပေမယ့် သူတို့လုပ်ရပ်ကတော့ တစ်ပိုင်းအာဏာရှင်တွေပါပဲ။ တစ်ခါတလေများ နိုင်ငံကြီးအချင်းချင်း ထိပ်တိုက်မတွေ့ ကြတော့ဘဲ ကြားခံစစ်ပွဲ (Proxy War) တွေနဲ့ ပြိုင်ဆိုင်ကြတယ်၊ စစ်ပွဲအဖြစ်ခံလိုက်ရတဲ့ နိုင်ငံကတော့ ဖွတ်ဖွတ်ညက် ကြေသွားခဲ့ကြရတယ်၊ ဥပမာ - အာဖဂန်နစ္စတန် “ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဆိုတဲ့ မူဝါဒနဲ့ မဟာဗျူဟာအရ” ကမ္ဘာ့ရှေ့ဆောင်နိုင်ငံတစ်ခုဖြစ်လို့ အမေရိကန်နဲ့ ဥပမာပေးရတာပါ၊ အမေရိကန် မုန်းတီး ရေး မဟုတ်ဘူး၊ အမေရိကန်တွေရဲ့ တီထွင်နိုင်မှုကို စာရေးသူက ပိုတောင်သဘောကျရပါသေးတယ်၊ နိုင်ငံတစ်ခု အင်အားကြီးလာရင် ဖြစ်လာတတ်တဲ့ သဘောသဘာဝတွေပါ၊
နိုင်ငံတစ်ခု ထိပ်ဆုံးရောက်သွားရင် အဲဒီနေရာမှာ ကြာရှည်နိုင်သမျှ ကြာရှည်အောင် နေချင်လေ့ ရှိကြတယ်၊ အဲဒါကိုက သူ့နိုင်ငံ အကျိုးစီးပွားအတွက် ဆောင်ရွက်မှုတစ်ခုပဲ ဖြစ်တယ်၊ သမ္မတတွေက အဆက် ဆက် ပြောင်းလဲသွားပါလိမ့်မယ်၊ နိုင်ငံနဲ့လူမျိုးရဲ့ အကျိုးစီးပွားက နှစ်ကြာကြာကျန်ရစ်မှာ ဖြစ်တယ်၊ နိုင်ငံတိုင်း သူ့နိုင်ငံအကျိုးစီးပွားကို ရတတ်သမျှနည်းတွေနဲ့ ဆောင်ကျဉ်းတတ်ကြပါတယ်၊ အဲဒီအချက်ကို အကူးအပြောင်း အစပြုတဲ့ တတိယနိုင်ငံတွေအနေနဲ့ မျက်လုံးမလည်သင့်ကြဘူး၊ သူတို့ရဲ့ ဗျူဟာကကောင်းလေတော့ ဖုံးထားတဲ့ သကာကို တော်ရုံ မမြင်နိုင်ကြပါဘူး၊ အဟုတ်ပဲမှတ်နေကြလေ့ ရှိတတ်တာကို သတိထားဖို့ လိုပါလိမ့်မယ်၊ အကျိုး စီးပွား ရရာရကြောင်း ကြိုးစားကြရင်း ဒီမိုကရေစီနည်း ကျတာ-မကျတာကိုလည်း ၈ရုမစိုက်နိုင်ကြတော့အခါ ဖြစ်လာတတ်တယ်၊ အာဏာရှင်စစ်စစ်ကြီး မဟုတ်ရင်တောင်မှ အာဏာရှင်တစ်ပိုင်း ဖြစ်မှန်းမသိ ဖြစ်လာခဲ့တတ် ကြတယ်၊ အဲဒီအချက်ကို တတိယနိုင်ငံတွေ သတိပြုမိကြဖို့ ကောင်းတယ်၊
ဒီမိုကရေစီခေတ်မှာလည်း အာဏာရှင်မွေးဖွားလာနိုင်
***************************************************
၈ျာမနီက အာဏာရှင် ဟစ်တလာဟာ ၈ျာမနီနိုင်ငံကြီး ဒီမိုကရေစီကျင့်သုံးရင်းနဲ့ မွေးဖွားခြင်းခံလာခဲ့ ရသူတစ်ဦးဖြစ်သလို၊ အီတလီက အာဏာရှင် မူဆိုလီနီဟာလည်း ပါလီမန်ထဲမှာ အမတ် (၃၅) နေရာရရှိရာက စလာခဲ့တဲ့ အာဏာရှင်တစ်ဦးပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲက မဲဆန္ဒတွေနဲ့ တက်လာတိုင်း ဒီမိုကရေစီလို့ တထစ်ချမှတ်ယူလို့မရဘဲ၊ ဒီမိုကရေစီခေတ်ထဲမှာလည်း အာဏာရှင်တွေ မွေးဖွားခွင့်ရှိတယ်ဆိုတာကို မျှော်လင့် ထားဖို့ လိုပါလိမ့်မယ်။ တရုတ်ပြည်က မော်စီတုံးလည်း အလားတူပါပဲ။ ဘုရင်စနစ်ကို တွန်းလှန်ကြရင်း ပြည်သူ တွေအတွက်ဆိုပြီး ကိုယ်တိုင်အာဏာရှင် ဖြစ်လာခဲ့သူတစ်ဦးပါ၊ ဒါကြောင့် သတိထားရမှာက “အာဏာရှင်စနစ် ကို တော်လှန်ရင်း အာဏာရှင်တစ်ဦး ထပ်ပြီးမွေးဖွားမလာဖို့” လိုအပ်ပါတယ်၊
ကမ္ဘာမှာတော့ ဒီမိုကရေစီလို့ပြောတဲ့ နိုင်ငံတွေက တခြားနိုင်ငံငယ်တွေအပေါ်မှာ တစ်ပိုင်းအာဏာရှင် စနစ်နဲ့ဆက်ဆံနေတာ နေရာစုံမှာ တွေ့ရပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း အစိုးရချင်း ဆက်ဆံရာမှာရော၊ လျို့ဝှက် ကြံစည်မှုတွေအရရော၊ စီးပွားရေး၊ ကုန်သွယ်ရေးဘက်မှာရော မြင်တတ်ရင်၊ ကြည့်တတ်ရင် တွေ့နိုင်ပါတယ်၊ တခြားနိုင်ငံတွေအပေါ် တစ်ပိုင်းအာဏာရှင်စနစ်နဲ့ ဆက်ဆံကြပေမယ့် သူ့နိုင်ငံ သူ့လူမျိုးအတွက် သူ့ အမျိုးသားအကျိုးစီးပွားကို အခြေခံထားကြတာကတော့ ကောင်းတဲ့အချက်လို့ပဲ ပြောရပါလိမ့်မယ်။ တတိယ နိုင်ငံတွေအနေနဲ့သာ ဘုမသိ၊ ဘမသိလိုက်ပြီး မျက်စိသူငယ် နားသူငယ်နဲ့ ဘာမှန်းမသိဘဲ သူတို့ ကြိုးဆွဲရာ ]က} ကြရင်း ကိုယ့်နိုင်ငံ ကိုယ့်အကျိုးစီးပွားအပေါ် မရပ်တည်နိုင်မှာကိုပဲ စိုးရိမ်ရပါတယ်၊ နိုင်ငံကိုဦးဆောင်ကြမယ့် သူတွေအနေနဲ့ အဲဒီအချက်အပေါ်မှာ ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း မြင်စေချင်၊ ခံယူချက် ထားစေ ချင်ပါတယ်၊
လူထုထောက်ခံမှုနဲ့ တက်လာခဲ့ကြတဲ့ ဟစ်တလာ၊ မူဆိုလီနီတို့ဟာ သူတို့စန်းထချိန်မှာ လုပ်သမျှ ထောက်ခံမှုရနေခဲ့ကြသူတွေပါ၊ နောက်ဆုံး ကျဆုံးသွားခဲ့တဲ့အခါမှာတော့ အာဏာရှင်တွေပဲလို့ လက်ညိ§ုးထိုး ခြင်း ခံလိုက်ကြရပါတယ်၊ တစ်ဦးချင်းအပေါ်မှာ လက်ညိ§ုးထိုးတာက ပြဿနာမရှိပေမယ့် ဂျာမနီနဲ့ အီတလီ နိုင်ငံတွေ မျက်နှာငယ်ခဲ့ရတဲ့ အကျိုးဆက်ကို ခံလိုက်ကြရတယ်၊
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ နိုင်ငံရေးဝန်းကျင်သစ်၊ ယဉ်ကျေးမှုသစ်ကို လက်ခံ ကျင့်သုံးဖို့ ကြိုးစားနေတဲ့နိုင်ငံ ဖြစ်ပါတယ်၊ လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒအများစုနဲ့ ဘယ်သူက အစိုးရဖွဲ့နိုင် မလဲဆိုတာ မသိနိုင်သေးပါဘူး၊ သတိပေးချင်တာကတော့ ဖြစ်လာမယ့် ခေါင်းဆောင်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးစီးပွားအပေါ် မမှိတ်မသုန် အခြေခံရပ်တည်ကြဖို့နဲ့၊ မူဝါဒတွေချမှတ်ရာမှာလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တွေရဲ့ ရေရှည်အကျိုးစီးပွားအပေါ်ပဲ ရပ်တည်နိုင်ကြဖို့၊ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အသစ် တစ်ဦး မမွေးဖွားမိကြစေဖို့ပဲ အရေးကြီးလှပါတယ်။
နေဇင်လတ် ၂၇-၉-၂ဝ၁၅ (၁၆၁၁)

No comments:
Write comments