- နေ့မှညကူး
ညမှနေ့ကူး
ဘာထူးလို့လည်း
- လူတို့သတ်မှတ်
နံရံထက်က
နေ့ရက်ပြက္ခဒိန်
ကုန်ဆုံးချိန်ကို
အရှိန်ပြင်းပြင်း
ပေါက်ကွဲခြင်းတွေ
ညလင်းနေ့လောက်
ဖောက်ဖောက်ဒိုင်းဒိုင်း
လန့်တိုင်းပျံလွှား
ကျီးမနားရဲ
ကျီးစိတ်ထဲဝယ်
နေ့လည်းမြန်မြန်
ရောက်စေရန်နှင့်
မြန်မြန်နှစ်လည်း ကုန်စေဖို့ ။ ။
ဘုန်းအောင်(မြောင်)
Subscribe to:
Post Comments (Atom)
No comments:
Write comments