မျှခြေဟူသော Equilibrium သည် အကြောင်းအရာ အတော်များများတွင် အရေးပါသည်၊
စကြ်ာဝဠာကြီးပင်လျှင် ကြယ်တာရာစုများဖြင့် မျှခြေဖြစ်အောင် နေရသည်၊
နိုင်ငံတစ်ခု၊ ဒေသတစ်ခု၊ နောက်ဆုံး ကမ္ဘာကြီးမှာလည်း မျှခြေကို
ဖန်တီးယူကြရသည်။ နိုင်ငံရေးတွင် ပို၍အရေးပါလာ၏။ Balance of Power သို့မဟုတ်
ထိန်းည§ိခြင်းကို "A balance of Power is a state of stability between
competing forces. In international relations, it refers to equilibrium
among countries or alliances to prevent any one entity from becoming too
strong and thus, giving the ability to enforce to make not very much
different".
ပြိုင်ဆိုင်နေကြသော အားများအကြား
တည်ငြိမ်မှုရရှိရေးအခြေအနေတစ်ခု ဖြစ်သည်၊ နိုင်ငံတကာ ဆက်ဆံရေးတွင် “မျှခြေ”
ကို ရည်ညွှန်းပြီး၊ နိုင်ငံများကြား၊ မဟာမိတ်များကြား တစ်ခုခုက အလွန်အမင်း
အင်အားသာလွန်မသွားအောင် ထိန်းည§ိခြင်းဟူသောအဓိပ္ပာယ်ကို ဖော်ညွှန်းပါသည်။
.
အတိတ်သင်ခန်းစာများ
***********************
၁၉၈၈-တွင် အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့၏။ ပြည်သူအများအပြား စားဝတ်နေရေး
ကျပ်တည်းလွန်းခဲ့ခြင်းကလည်းကောင်း၊ ငွေစက္ကူများ
သိမ်းဆည်းခဲ့ခြင်းကလည်းကောင်း အစိုးရနှင့် ပြည်သူ ကြား
မျှခြေကင်းလွတ်စေခဲ့သည်။ ကြို့ကုန်းတွင်ဖြစ်ပွားခဲ့သော စကားများမှုမှစ၍
မီးပွားကျလာကာ၊ (ဖုန်းမော်) သေဆုံးမှုက အရှိန်ကို
မြ§င့်တင်လိုက်ခဲ့သောကြောင့် အထွေထွေ အုံကြွမှုသို့တိုင် ရောက်ခဲ့ရသည်၊
သို့နှင့် ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖျက်သိမ်းလိုက်ပြီး ပါတီစုံစနစ်သို့
အပြောင်းအလဲ ပြုလုပ်ပေးခဲ့ သည်။ သတ်ဖြတ်မှုများ၊ လုယက်မှုများ နေရာတိုင်းတွင်
ဖြစ်ပေါ်နေသဖြင့် လူထုလုံခြုံရေး ခြိမ်းခြောက်ခြင်း ခံလာခဲ့ရသည်။
ခေါင်းဖြတ်ခြင်း၊ ရဲစခန်းများကို ဝင်ရောက်စီးနင်းခြင်းနှင့် အစိုးရကို
ချက်ချင်းဆင်းစေရန် ကြိုးစားမှုသည် အခြေအနေသစ်တစ်ခု၏ မျှခြေကို ထပ်မံ
ဖျက်ဆီးလိုက်ခြင်းဖြစ်သဖြင့် တပ်မတော်မှ အာဏာ သိမ်းလိုက်ရသည့်အဖြစ်သို့
ရောက်သွားရပါတော့သည်။ ၁၉၉ဝ-ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ အတွေ့အကြုံ
နုနယ်သေးသည့်အတွက်ကြောင့်လား၊ ဆန္ဒစောသောကြောင့်လား၊ မြော်မြင်မှု
တစ်စုံတစ်ရာ အားနည်းခဲ့သော ကြောင့်လားမသိ၊ နိုင်ငံတော်အာဏာကို
ချက်ချင်းလွှဲပြောင်းရန် ကြိုးစားမှု ဖြစ်လာခဲ့ပြန်သည်၊ ထို့ထက်ပို၍
တစ်ဖက်အဖွဲ့အစည်းကို ခြိမ်းခြောက်မှုများ၊ လက်စားချေစကားများ ခပ်တွင်တွင်
ဖြစ်လာသောအခါ ၁၉၉ဝ-ရွေးကောက်ပွဲရလဒ် ရေစုန်မျောသွားခဲ့ပြန်သည်၊
မျှခြေပျက်ခြင်း၏ ရလဒ်ဖြစ်သည်ကိုသာ ထောက်ပြခြင်း ဖြစ်၏။
.
၂ဝ၁၁-နိုင်ငံရေးဝန်းကျင်သစ်
****************************
၂ဝ၁၁-တွင် မြန်မာတို့ နိုင်ငံရေးဝန်းကျင်သစ်ကို
ဖြတ်သန်းခွင့်ရလိုက်ကြရသည်။ အာဏာအရပ်ရပ် ကို တစ်နေရာထဲ
စုစည်းထားသောစနစ်မှသည် အာဏာ (၃) ရပ်ကို ဖြန့်ခွဲကျင့်သုံးသော
ဒီမိုကရေစီဝန်းကျင် ဖြစ်၍ များစွာ ကြိုဆိုစရာ ဖြစ်ခဲ့၏။ ပထမ
တစ်နှစ်ခွဲအတွင်း နိုင်ငံရေးအပြောင်းအလဲနှင့် တိုးတက်မှုများသည် လည်း
မျှော်မှန်းထားသည်ထက် ပို၍အံ့ဩဖွယ်ရာ ရရှိလာခဲ့ကြသည်၊ အားလုံး
အိပ်မက်ချိုချိုကို မြင်မက်လာနိုင် ခဲ့ကြသည်။ မျှော်လင့်ချက်
အစုံစုံနှင့်လည်းဖြစ်၏။ နိုင်ငံတကာကလည်း အတော်ပင် ချီးကျူးခဲ့ပြီး နှစ်
(၅ဝ) အတွင်း အမေရိကန်သမ္မတ ဘားရတ်အိုဘားမားပင်လျှင် မြန်မာနိုင်ငံသို့ (၂)
ကြိမ်တိုင် လာရောက် လည်ပတ်ခဲ့ ရသည်အထိ မြန်မာ့နိုင်ငံရေး တိုးတက်မှုများ
ရှိခဲ့ပါသည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော
အဓိကမဏ္ဍိုင်ကြီး (၃) ခုကို ခွဲဝေကျင့်သုံး ရန် အစပြုခဲ့ပါသော်လည်း ထိုမဏ္ဍိုင်
(၃) ရပ်ကြား တစ်နှစ်ကျော်ခန့်အကြာတွင် စတင်-တိမ်းစောင်းခဲ့သည်၊ From
Equilibrium to disequilibrium ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရာမှ နောက်ဆုံး အာဏာရ
အစိုးရပါတီမှ ထိပ်တန်းတာဝန်ရှိသူနှင့် အတိုက်အခံဘက်မှ ခေါင်းဆောင်တို့၏
အစဉ်အလာမဟုတ်သော ပူးပေါင်းမှုက မျှခြေ ကို ကြီးမားစွာ
ယိမ်းယိုင်စေသောအချက်တစ်ခု ဖြစ်လာခဲ့သည်ဟု ယူဆလာနိုင်ပါသည်။
မြန်မာ့နိုင်ငံရေး၊ ဦးတည်ရာ၊ နိုင်ငံရေးယဉ်ကျေးမှုအသစ် ကျင့်သုံးခြင်းအပေါ်
မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။ ၂ဝ၁၆-ဟူသော ဒုတိယသက်တမ်းကို ဖြတ်ကျော်ရန်
ကြိုးစားနေကြဆဲ၊ ၂ဝ၁၅-အထွေထွေရွေးကောက်ပွဲ အလွန် နီးကပ်နေသောကာလဖြစ်၍
ထိုဖြစ်ပျက်မှုများက အနည်းအများဆိုသလို သက်ရောက်မှု ရှိနေဦးမည်ကတော့
အမှန်ပင်။
တစ်ခါတစ်ရံတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ မဟာဗျူဟာရွေးချယ်မှု
မှားယွင်းခြင်းသည် ခေါင်းဆောင်ပိုင်းမှဖြစ်ပါက လူ့အဖွဲ့အစည်းကို များစွာ
သက်ရောက်မှုတစ်ခု ဖြစ်စေပါသည်။ ကြီးမားသော သင်ခန်းစာဟု မြင်သည်။
.
ရွေးကောက်ပွဲအနီးကာလ
*************************
ပြည်ခိုင်ဖြိုးပါတီအတွင်း ကြီးကြီးမားမား ပြောင်းလဲခြင်း ဖြစ်ပွားခဲ့သည်၊
အဓိက အတိုက်အခံဖြစ် သော NLD တွင်လည်း ကြီးကြီးမားမား ဂယက်များ ရှိနေပြန်၏။
ပါတီကြီး (၂) ခုအတွင်း များစွာ မျှခြေပြန်ရ အောင်
ထိန်းသိမ်းကြရပါလိမ့်ဦးမည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ
မြေပြင်စည်းရုံးရေးကိစ္စများ၌ သူ့ အရည်အချင်း၊ ကိုယ့်အရည်အချင်းအပေါ်
အခြေခံကာ ပြိုင်ဆိုင်စည်းရုံးမှုမျိုး မဟုတ်ဘဲ၊ ထို့ထက်လွန်ကဲကာ
တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်မှုများ ရှိလာခဲ့သည်ကို တွေ့ရသည်၊ ပိုစတာများ
ဖျက်ဆီးခြင်း၊ ခဲဖြင့်ပေါက်ခြင်း များအထိဖြစ်လာကြောင်း သတင်းများ၌
ဖတ်လိုက်ရသည်၊ လူမှုကွန်ယက်၌လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက် မှုများ၊
နောက်ဆုံး ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာမှုများအထိ ဖြစ်လာသည်။
မျှခြေကို ပျက်စီးစေသော အကြောင်းများဖြစ်သည်ဟု မြင်သည်၊
တာဝန်ရှိကြသူများကလည်း လူမှုကွန်ယက်၌ များများ တိုက်ခိုက်နိုင်ခြင်း ကို
အသာစီးရသည်ဟု တွက်ဆနေကြသည်လား-မသိ၊ ဖြစ်ချင်တိုင်း ဖြစ်နေကြသည်ကိုတော့
တွေ့ရသည်၊ ဤ အကြောင်းများက တစ်ချိန်တွင် မကောင်းသောအကျိုးဆက်များ
ထုတ်လုပ်ပေးနိုင်သည်ကို မြော်မြော်မြင်မြင် မရှိနိုင်ကြသည်ကို များစွာ
အံ့ဩရပါသည်။
ဤဆောင်းပါးရေးချိန်သည် ရွေးကောက်ပွဲများပြုလုပ်ရန်
တစ်လခွဲလိုနေသေးသောအချိန် ဖြစ်သည်၊ လာမည့် တစ်လခွဲအတွင်း မည်မျှ
ပြင်းထန်သော တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားလာဦးမည် မသိသေးပါ၊ ]ရန်-ငါ}
စွဲ၍ တိုက်ခိုက်နေကြသည်မှာ မျှခြေပျက်စေသောအရာသာ ဖြစ်ပါ၏။ ခေါင်းဆောင်များက
ဤအချက် အပေါ် ပေါ့ပေါ့တန်တန် မထားစေလိုပါ၊ ခေါင်းဆောင်များ၏ ဩဇာ၊ အာဏာဖြင့်
ထိန်းသိမ်းပေးကြရပါလိမ့် မည်၊ “သူက ငါ့ပါတီကမဟုတ်၍ ရန်သူ” ဟု
သဘောထားသည်ထက် နိုင်ငံအတွက် “သူ့ထက်ငါက ပို၍ ဆောင်ရွက်ပေးနိုင်သည်”
ဟူသောအခြေခံဖြင့်သာ မဲဆွယ်စည်းရုံးသင့်သည်၊ ခေါင်းဆောင်များက ခြုံငုံရှုမြင်
ထိန်းကျောင်းပေးနိုင်ရပါလိမ့်မည်။
.
၂ဝ၁၆-ဘာတွေဖြစ်လာဦးမလဲ
******************************
လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲရလဒ်ကို အတော်အတန်
တွက်ချက်တတ်သူများ အနေဖြင့် တွက်ချက်ခန့်မှန်း၍ပင် ရနေလောက်သည်ဟု ယူဆပါသည်။
၁၉၉ဝ၊ ၂ဝ၁ဝ နှင့် ၂ဝ၁၂-ရွေးကောက်ပွဲရလဒ်မျိုး မဟုတ်နိုင်သလို
မဲဆန္ဒပေးကြမည့် ပြည်သူများ၏ နိုင်ငံရေးအမြင်များကလည်း မတူ နိုင်တော့ပါ၊
တိုင်းရင်းသားများ အားကောင်းလာခြင်း၊ အချို့နေရာများ၊ ကချင်၊ ရခိုင်၊
ရှမ်း၊ မွန်နှင့် ကရင်ကဲ့သို့ နေရာများတွင် အခြားပြည်မမှပါတီများ
ဝင်မတိုးနိုင်လောက်အောင် စုစည်းထားနိုင်မှုများကို တွေ့ရသည်၊
ပြည်ခိုင်ဖြိုးရော NLD ပါ တိုးမပေါက်သောနေရာများစွာ ရှိပါ၏။
တတိယအင်အားစုပါတီများ အားကောင်း လာခဲ့ကြသည်၊ လွန်ခဲ့သည့်
သက်တမ်းတစ်ခုအတွင်း (ဘာလုပ်ပေးနိုင်ခဲ့သလဲ) ဟူသောမေးခွန်းကို မေးတတ်လာ
ခဲ့ကြသည်ဖြစ်ရာ ပါတီကြီး (၂) ခုအပေါ် ယခင် ရွေးကောက်ပွဲများထက် ယုံကြည်မှု
များစွာ လျော့ပါးသွားခဲ့ သည်ကတော့အမှန်၊
တစ်သီးပုဂ္ဂလ (၃ဝဝ) ကျော်
ဝင်ပြိုင်ကြမည်၊ ပါတီပေါင်း (၉ဝ) ကျော် အပြိုင်ကြဲကြမည်။ ပြည်သူတို့ ၏
နိုင်ငံရေးရေချိန် တိုးတက်လာခြင်း၊ ပါတီကြီးများ၏ မယ်မယ်ရရ
လုပ်မပေးနိုင်ခြင်းများက ပါတီကြီးများကို
မှန်းချက်နှင့်နှမ်းထွက်ကိုက်စေမည် မဟုတ်တော့သည်က သေချာသည်၊
နိုင်ငံတကာတွင်ရော မြန်မာနိုင်ငံတွင်မှာပါ အကြမ်းဖက်မှုအချို့
ဖြစ်လာခဲ့သည်ဖြစ်ရာ အမျိုးသား ရေးစိတ်ဓာတ် ပြန်၍ခေါင်းထောင်လာခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံတကာမှာပင် တစ်ဖန် ပြန်၍
အားကောင်းလာသောအချိန်နှင့် တိုက်ဆိုင်နေပြန်သည်၊ ဤအချက်က
ပြည်သူတို့၏ဆန္ဒမဲကို များစွာ အပြောင်း အလဲဖြစ်စေနိုင်သော
ကြီးမားသည့်ဖက်တာတစ်ခု ဖြစ်လာပါလိမ့်မည်။
ပြည်ခိုင်ဖြိုးထက် NLD က
ပို၍ရေပန်းစားနေသည်ကိုတော့ မငြင်းသင့်၊ NLD စည်းရုံးရေး
တွင်တွင်ဆင်းနေပြီး၊ အသက် (၇ဝ) ကျော် အဖွားကြီး အပင်ပန်းခံနေစဉ်မှာပင်
ပြည်ခိုင်ဖြိုး၏ လှုပ်ရှားမှုကို မယ်မယ်ရရ မတွေ့ရသေး၊ ပြည်သူတွေ၏
အပြောင်းအလဲလိုချင်မှုက NLD ကို အလေးသာစေသည်၊ သို့သော် လည်း ထိုသာသောအလေးကို
NLD ကောင်းစွာ အသုံးမချနိုင်ခဲ့ပြန်၊ NLD အနိုင်ရခဲ့လျှင် သမ္မတအဖြစ်
မည်သူ့ကို စဉ်းစားထားပါသည်ဟူသည့်အချက်အပေါ် ချမပြနိုင်သေးခြင်းက NLD အပေါ်
ပြည်သူများ၏ ယုံကြည်ကိုးစားနိုင်မှုက ပြန်၍ကျဆင်းသွားစေနိုင်သည်။
ပြည်သူအများက လက်ခံနိုင်ခြင်းမရှိသောသူ၊ အထူး သဖြင့် အမျိုးသားရေး
ပြန်လည်နိုးကြားနေချိန်တွင် “ပြည်သူအများ လက်မခံနိုင်သော ဘာသာခြားကို
အဆိုပြုခဲ့လျှင်ရော” ဟူသည့်သံသယစိတ်များက NLD ၏ မဲအတော်များများကို
လျော့ချပစ်သွားပါလိမ့်မည်။ ပြည်ခိုင်ဖြိုးကိုတော့ မဝေဖန်လိုတော့၊
မဝေဖန်ချင်၍မဟုတ်၊ ဝေဖန်လောက်အောင် အားမထည့်ထားသော ကြောင့်သာ ဖြစ်သည်၊ သမ္မတ
ဦးသိန်းစိန်မှလွဲ၍ ပြည်သူအကြား ရေပန်းစားသူ တစ်ဦးတစ်ယောက်မှလည်း မရှိ
ပြန်ချေ။
ဆိုရလျှင် ၂ဝ၁၅-၏ အဖြတ်အသန်းကို ဆုံးဖြတ်မည့် မဲရလဒ်သည်
လေ့လာသူတစ်ဦးဖြစ်သော မိမိ အတွက် ရင်ခုန်မှုကို မပေးနိုင်တော့ပါ၊
မည်သို့မည်ပုံ ၂ဝ၁၆-အလွန်ကာလကို မျှခြေဖြင့် ဖြတ်သန်းကြမည်ကို သာ ကြိုတင်
စဉ်းစားထားနိုင်ကြရန်လိုသည်ဟုသာ မြင်မိရပါသည်။
နေဇင်လတ် ၂၅-၉-၂ဝ၁၅ (၁၆ဝ၈)
Credit; ဒေါက်တာနေဇင်လတ် page မှကူးယူဖော်ပြသည်။
Subscribe to:
Post Comments (Atom)
No comments:
Write comments