09-790570465

09-975288547

MOAGs Admin Team

iBest Groups

သင့်ရဲ့နှုတ်ခမ်းပုံသဏ္ဍာန်ကဖော်ပြနေတဲ့ စိတ်နေသဘောထား

Posted by   on Pinterest



သင့်ရဲ့ နှုတ်ခမ်းပုံစံက ပြောပြနေတဲ့ သင့်အကြောင်းကို သင် တွေးမိဖူးပါသလား။ သင် သေချာသတိ
ထားကြည့်မယ်ဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်ဟာ နှုတ်ခမ်းပုံစံတွေ မတူညီကြပါဘူး။ နှုတ်ခမ်းဗေဒကျမ်းမှာ ဖော်ပြထားချက်အရ နှုတ်ခမ်းပုံစံဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားကို ထင်ဟပ်ပြသနေပါတယ်။ သင့်ရဲ့နှုတ်ခမ်းဟာ ဘယ်လိုပုံစံရှိလဲသိချင်ရင် နှုတ်ခမ်းနီကို ထူထူဆိုးပြီး နှုတ်ခမ်း
ကိုစာရွက်မှာကပ်လိုက်ပါ။ အခြေခံအားဖြင့် ထူတဲ့နှုတ်ခမ်း နဲ့ ပါးတဲ့နှုတ်ခမ်းမှာ ကွဲပြားချက်တွေ ရှိပါတယ်။
နှုတ်ခမ်းရဲ့ အကျယ်အ၀န်းဟာ နှုတ်ခမ်းရဲ့ပုံသဏ္ဍာန်ပေါ် မူတည်ပြီး အကျဉ်းအကျယ် ရှိပါတယ်။ ဒါ့အပြင် အရွယ်အစားရော၊ အချိုးအစားပါ ညီတဲ့ နှုတ်ခမ်းလည်းရှိပါတယ်။ ဒါပေမယ့် သင့် နှုတ်ခမ်းအကြောင်းကို
သိရှိရုံနဲ့ မပြီးသေးပါဘူး။ သင့်ရဲ့ နှုတ်ခမ်းပုံသဏ္ဍာန်ပေါ် မူတည်ပြီး ဘယ်လို နှုတ်ခမ်းနီဆိုးရမလဲဆိုတာ
ကို သိမှသာလျှင် ပြီးပြည့်စုံမှာပါ။ ဒါကြောင့် သင့်ရဲ့ နှုတ်ခမ်းကဖော်ပြနေတဲ့ သင့်အကြောင်းနဲ့ ဘယ်လို
အရောင်တွေ ဆိုးရမလဲဆိုတာကိုဆက်လက်ဖော်ပြပေးပါမယ်။

အသည်းပုံ နှုတ်ခမ်းပိုင်ရှင်တွေဟာမိန်းမအရမ်းပီသပါတယ်။ ဒီလိုထူးခြားတဲ့ အသည်းပုံ နှုတ်ခမ်းဟာစွဲမက်ဖွယ်ရာအလှတရားကိုဖော်ပြနေပါတယ်။ အသည်းပုံ နှုတ်ခမ်းပိုင်ရှင် အမျိုးသမီးတွေဟာရဲရင့်ခြင်း၊ မိမိခံစားချက်ကိုပွင့်ပွင့်လင်းလင်းဖော်ပြတတ်ခြင်း၊ လွတ်လပ်ပြီးပုရိသတွေကို ညှို့ယူဖမ်းစားနိုင်တဲ့ အသွင်ရှိပါတယ်။ သင့်ရဲ့ အသည်းပုံနှုတ်ခမ်းအတွက် လိုက်ဖက်တဲ့အရောင်ကတော့ သင်ကြိုက်တဲ့ နှုတ်ခမ်းနီအရောင်ကိုဆိုးပေးနိုင်ပါတယ်။ အရောင် တောက်တောက် ဒါမှမဟုတ် ကြည်လင်ပြီး သဘာဝဆန်တဲ့ အရောင်
 ကြိုက်နှစ်သက်ရာကိုဆိုးနိုင်ပါတယ်။

နှုတ်ခမ်းသားပါးတဲ့ အမျိုးသမီးတွေဟာ ဘယ်အလုပ်ကိုလုပ်လုပ် အရမ်းကို အသေးစိတ်ကြပါတယ်။ နှုတ်
ခမ်းပါးတဲ့ လူတွေဟာ စိတ်ထိခိုက်လွယ်ပြီး ထိုးထွင်းဥာဏ်အား အရမ်းကောင်းပါတယ်။ ဒါပေမယ့် သူတို့ဟာ အရမ်းကိုသဘောကောင်းပေမယ့် ရံဖန်ရံခါမှာ ရှက်တတ်ပြီး အနေတည်ပါတယ်။ နှုတ်ခမ်းပါးတဲ့ လူတွေအတွက် လိုက်ဖက်တဲ့ အရောင်ကတော့ အရောင်နုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ပန်းရောင်
ဖျော့ဖျော့ နဲ့ အသားရောင်ဖျော့ဖျော့ တို့ဖြစ်ပါတယ်။ အရောင်နုတွေဟာသင့်ရဲ့မျက်နှာကိုအရောင်ညီစေပြီး
နှုတ်ခမ်းကိုထူးခြားတဲ့အသွင် ဖန်တီးပေးပါတယ်။ အချို့လူတွေမှာ နှုတ်ခမ်းအရမ်းပါးပြီး နှုတ်ခမ်းပုံစံမရှိတဲ့အခါ အရောင်ဖျော့ဖျော့ lip pencil ကို အသုံးပြုပြီး ပုံဖော်ပေးခြင်းဖြင့် သင့်ရဲ့နှုတ်ခမ်းကို ပြိးပြည့်စုံစေမှာပါ။ နောက်ဆုံးအဆင့်အနေနဲ့ သင့်ရဲ့ နှုတ်ခမ်းကိုGloss အကြည်တစ်ထပ်ဆိုးပြီး ပြည့်ဖူးပြီးရွှန်းစိုတဲ့ နှုတ်ခမ်းသားတစ်စုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

ပြည့်ဖူးပြီးဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းသားပိုင်ရှင်တွေဟာ လုပ်ယူစရာမလိုပဲ သဘာဝအတိုင်း ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းသားထူထူကို ပိုင်ဆိုင်ထားကြပါတယ်။ ပြည့်ဖူးတဲ့ နှုတ်ခမ်းသားပိုင်ရှင်တွေဟာ ပြုံးလိုက်တဲ့
အခါတိုင်း သူတို့ရဲ့ နှုတ်ခမ်းသားတွေဟာ အလှဆုံး နှဲ့ ဆွဲဆောင်မှုအရှိဆုံးအပြုံးကို ဖော်ဆောင်ပေးပါတယ်။ ပြည့်ဖူးတဲ့ နှုတ်ခမ်းသားပိုင်ရှင် အမျိုးသမီးတွေဟာ သွက်လက်ပြီးချစ်စရာကောင်းတဲ့ စူးစမ်းလေ့လာမှု
အားကောင်းသူများ ဖြစ်ပါတယ်။ ဒါ့အပြင် စွန့်စားရဲတဲ့ အမျိုးသမီးများ ဖြစ်ပြီးခေါင်းမာတတ်ကြပါတယ်။
 ပြည့်ဖူးတဲ့ နှုတ်ခမ်းပိုင်ရှင်တွေဟာ နှုတ်ခမ်းနီအရောင်တိုင်းနဲ့ လိုက်ဖက်ပေမယ့် ဆွဲဆောင်မှုအားကောင်းတဲ့ အသွင်ကိုလိုချင်ရင်တော့ နှုတ်ခမ်းနီအပေါ်ကနေ lip gloss ကိုထပ်ဆိုးပေးဖို့ လိုပါတယ်။

ကျယ်ပြန့်တဲ့ နှုတ်ခမ်းပိုင်ရှင် (ပါးစပ်ပြဲတယ်လို့ အများကခေါ်ကြပါတယ်) တွေဟာ အောင်မြင်ကျော်ကြားပြီး အရည်အချင်းရှိကြပါတယ်။ ကျယ်ပြန့်တဲ့ နှုတ်ခမ်းပိုင်ရှင်အမျိုးသမီးတွေဟာ သူငယ်ချင်း အပေါင်းအသင်းများပြားပြီး အရာအားလုံးမှာ စိတ်ပါဝင်စားမှု အားကောင်းပါတယ်။ နှုတ်ခမ်းနီအရောင်နဲ့ ပတ်သက်ပြီး
 ညွှန်းရရင်တော့ အသားအရောင်ဟာ ကျယ်ပြန့်တဲ့ နှုတ်ခမ်းတွေနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမယ့် ညနေ
ခင်းပွဲတက်တဲ့အချိန်တွေမှာတော့ တောက်ပတဲ့ နှုတ်ခမ်းနီအရောင်တွေကို ရွေးချယ်ဆိုးပေးနိုင်ပါတယ်။
ကျယ်ပြန့်တဲ့ နှုတ်ခမ်းပိုင်ရှင်တွေ နှုတ်ခမ်းနီအရောင်တောက်တောက် ဆိုးတဲ့အခါ main point အနေနဲ့ lip liner နဲ့ ကွပ်ဖို့ လိုအပ်ပါတယ်။ နှုတ်ခမ်းထောင့်တွေကို lip liner နဲ့ တိတိကျကျ ဆွဲပေးမှသာလျှင်
ထင်ရှားပြီးလှပတဲ့ နှုတ်ခမ်းကိုရရှိနိုင်မှာပါ။


#သိမှတ်ဖွယ်ရာ

yangonlife.com မှ ကူးယူဖော်ပြပါသည်။
www.myanmarbookworld.com
Photo Credit: Google Image

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်