(၂) ပြုံးပါ။
(၄) ညစာပြင်ဆင်ပေးပါ။
#သိမှတ်ဖွယ်ရာ
shwemom.com မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com
Photo Credit: Google Image
Ref: Lovepanky.com
Relationship တစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အချိန်တွေရှိပါတယ်။ သင့်ကောင်လေးကို စိတ်ဆိုးစိတ်ညစ်အောင် လုပ်မိပြီဆိုရင် သင် ပြန်တောင်းပန်သင့်ပါတယ်။ သင် ပြန်မတောင်းပန်ဘူးဆိုရင် သင့်တို့
ဆက်ဆံရေးမှာ အက်ကြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ သင့်ကောင်လေးကို စိတ်ဆိုးအောင် လုပ်မိတယ်။ သင်က
ပြန်တောင်းပန်ချင်တယ်။ ဒါပေမယ့် ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် အောက်ပါနည်းလမ်းတွေကို အသုံးချကြည့်ပါ။ အသုံးဝင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
(၁) သင့်ကောင်လေး သဘောကျလောက်မယ့် ဟာသတိုလေးတွေကို sms ပို့ပါ။
သင့်မှာ သူ့ကို ရယ်မောအောင် လုပ်နိုင်တဲ့အရည်အချင်းရှိလို့ သင့်ကို သူချစ်တာပါ။ သူသဘောကျမယ့် ဟာသလေးတွေကို ရှာပြီး sms ပို့ပါ။ ဟာသဆိုတာ ရယ်မောစေမယ့် အကောင်းဆုံးဆေးတစ်ခု ဖြစ်သလို စိတ်ဆိုးပြေပြီး သင့်ကို သူခွင့်လွတ်ပေးစေမည့် အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
(၂) ပြုံးပါ။
သူ အလွန်အမင်း စိတ်ဆိုးနေတဲ့အချိန် သင် ပြုံးနေနိုင်အောင် ကြိုးစားပါ။ အပြုံးဆိုတာ ကူးစက်တတ်တဲ့သဘော ရှိလို့ သင် ပြုံးတယ်ဆိုရင် သူလည်း ပြုံးလာမှာပါ။ သင် ပြုံးလိုက်ခြင်းဖြင့် သူ စိတ်ဆိုးတဲ့ကိစ္စက အရမ်းကြီးအရေးပါဘူးဆိုတာ သူ သတိထားမိသွားမှာပါ။
(၃) တောင်းပန်စကားပြောပါ။
တောင်းပန်ပါတယ်ဆိုတဲ့စကားဟာ ပျက်စီးနေတဲ့ဆက်ဆံရေးတစ်ခုကို ပြင်ဆင်ဖို့ ကြိုးစားတဲ့နေရာမှာ အရမ်းအရေးပါပါတယ်။ သင် တောင်းပန်ပါတယ်လို့ ပြောလိုက်တဲ့အခါ သူ စိတ်သက်သာရာရသွားသလို သင့်ကို ခွင့်လွှတ်ပေးဖို့ သူ စဉ်းစားမှာပါ။
(၄) ညစာပြင်ဆင်ပေးပါ။
ယောကျင်္ားတစ်ယောက်ရဲ့ နှလုံးသားက အစာအိမ်မှာပါတဲ့။ အစားအသောက်ကို မကြိုက်တဲ့သူ အတော်ရှားပါတယ်။ သင့်ကို သူ စိတ်ဆိုးနေတယ်ဆိုရင်တော့ သူ အကြိုက်ဆုံးညစာ ပြင်ဆင်ပြီး သူ့အခန်းမှာ သွားပို့ထားပါ။ သင် ပို့ထားတဲ့ ညစာကို စားရင်း သင့်ကို သူ လွမ်းလာမှာပါ။
(၅) သူ့ရုံးကို နေ့လည်စာ ပို့ပေးပါ။
သူအကြိုက်ဆုံးစားသောက်ဆိုင်ကနေ နေ့လည်စာမှာပြီး သူ့ရုံးကို ပို့ပြီး သူ အံ့သြအောင် လုပ်လိုက်ပါ။ သူ့အကြောင်း အချိန်တိုင်း သင် တွေးနေတယ်ဆိုတာ သူ သိသွားမှာပါ။
(၆) အားလပ်ရက် ခရီးထွက်ပါ။
တစ်ခါတစ်ရံ နေ့စဉ်ကြုံတွေ့ရတဲ့ ဖိအားတွေကြောင့် တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးဒေါသထွက်ကြပါတယ်။ အဲဒီလို ဖြစ်နေတယ်ဆိုရင် ခရီးထွက်ဖို့ လက်မှတ်နှစ်စောင် ဝယ်ပြီး သောကြာနေ့ညနေ ရုံးဆင်းချိန်မှာ သူ့ကို သွားကြိုပါ။ သင့်အဝတ်အစားတွေရော သူ့အဝတ်အစားတွေကိုပါ သင် ထည့်ပြီး ကားဂိတ်ကို တန်းဆင်းပါ။ လမ်းတစ်လျှောက်မှာ သင်တောင်းပန်စကားပြောပါ။
(၇) ရုံးပိတ်ရက်မှာ သူ့ကို လွတ်လပ်ခွင့် ပေးလိုက်ပါ။
အကြောင်းအရင်းမရှိဘဲ ပြသာနာတက်မယ်၊ စိတ်ဖိစီးမှုတွေကြောင့်လည်း မဟုတ်ဘူးဆိုရင် သူတို့နှစ်ယောက် ခဏလောက် မတွေ့ဘဲ နေသင့်ပါတယ်။ ရုံးပိတ်ရက်မှာ သင်တို့နှစ်ယောက်မတွေ့ဘဲ နှစ်ယောက်လုံး အေးအေးဆေးဆေး အနားယူပါ။
(၈) ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကျူးလွန်ထားတယ်ဆိုရင် သူ့ဖာသာသူနေပါစေ။
သင် ဆက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်နေမယ်ဆိုရင် သူ့ဒေါသကို ပိုဆိုးစေပါလိမ့်မယ်။ အဲဒါကြောင့် သူ့ဆီ sms ပို့တာကို ရပ်လိုက်ပါ။ အခြားသူငယ်ချင်းတွေကို အကူအညီတောင်းတာလည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်
စဉ်းစားဖို့ အချိန်ပေးလိုက်ပါ။ သင့်တောင်းပန်တာကို သူလက်ခံနိုင်ပြီဆိုရင် သင့်ကို သူလာရှာပါလိမ့်မယ်။
သင့်ကို သူခွင့်လွှတ်စေချင်ရင် အထက်ပါနည်းလမ်းတွေအတိုင်း ကြိုးစားလုပ်ပါ။ သင် နည်းလမ်းအားလုံးသုံးပြီး
တောင်းပန်နိုင်သလောက် တောင်းပန်ပြီးပြီ။ သူ ခွင့်မလွှတ်သေးဘူးဆိုရင်တော့ နောက်ပြန်ဆုတ်လိုက်ပါ။ သင့်ကို သူပြန်ချော့ပစေ။