09-790570465

09-975288547

MOAGs Admin Team

iBest Groups

မိန်းကလေးများအတွက်ယောက်ျားလေးသူငယ်ချင်းရှိခြင်း၏အကျိုးများ

Posted by   on Pinterest

  အမျိုးသမီးတွေအတွက် ယောက်ျားလေးမိတ်ဆွေကောင်းတွေရှိဖို့ဘာကြောင့်လိုအပ်သလဲဆိုတာနဲ့ပတ်သက်ပြီး စစ်တမ်း ကောက်တဲ့အခါမှာတော့စိတ်ပညာဆိုင်ရာသဘောတရားအရပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်အရပဲဖြစ်ဖြစ် မိန်းကလေးတွေမှာ မိတ်ကောင်းဆွေကောင်း အမျိုးသားတွေရှိနေဖို့လိုပါတယ်တဲ့။ဥပမာ ဆိုကြပါစို့ သင်က အနည်းငယ် ရှက်တတ်၊ကြောက်တတ်တဲ့သူဆိုရင် ကိုယ့်အတွက်ရပ်တည်ပေးတဲ့ အားကိုးဖော်ရတဲ့ ယောက်ျားလေးသူငယ်ချင်းတွေရဲ့ အကူအညီကိုယူပြီး ကိုယ့်ရဲ့ကြောက်စိတ်နဲ့ ရှက်စိတ်တွေကို ဖြေလျှော့နိုင်တယ်လို့လည်း ပညာရှင်များကဆိုပါတယ်။ဒါ့ အပြင် မိန်းကလေးတစ်ယောက်အတွက် ယောက်ျားလေးမိတ်ဆွေကောင်းတွေဘာကြောင့်လိုအပ်သလဲဆိုတဲ့အချက်တွေ လည်းနောက်ထပ်ရှိသေးလို့ Shwemomကနေစုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)အမျိုးသားတွေရဲ့သဘာဝကိုစူးစမ်းလေ့လာနိုင်ခြင်း
ယောက်ျားလေးနဲ့မိန်းကလေးမှာ လိင်အမျိုးအစားသာမက ထူးခြားပြီးကွဲပြားတဲ့လူသားနေထိုင်မှုပုံစံတွေရကြရပါတယ်။ အဲဒီလို ကွဲပြားတဲ့သဘာဝတရားတွေကို လေ့လာစူးစမ်းနိုင်ဖို့ ယောက်ျားလေးမိတ်ဆွေများများဖွဲ့နိုင်ပါတယ်။အနည်း ဆုံးတော့ အမျိုးသားမဂဇင်းတွေဖတ်ဖြစ်တောင် ယောက်ျားလေးတွေရဲ့စိတ်ပညာဆိုင်ရာသဘောတရားတွေသိဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ဒါ့အပြင် အမျိုးသမီးတွေမှာ စိတ်ပညာသဘောတရားအရ စိတ်ပိုင်းဆိုင်ရာတိုး တက် ကောင်းမွန်ဖို့ အမျိုးသားတစ်ဦးနဲ့ ကြည်နူးစရာကောင်းတဲ့ ရေရှည်ဆက်ဆံရေးကိုဖန်တီးခြင်းက အထောက်အ ပံ့ပေးနိုင်တယ်လို့ ပညာရှင်တွေကဆိုပါတယ်။

(၂)ဟာသ ဥာဏ်ရွှင်ခြင်း
ယောက်ျားလေးအများစုက ဟာသဥာဏ်ရွှင်တတ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရယ်စရာရွှင်စရာတွေက ကိုယ်တိုင်ပျော်ရွှင်မှုကိုခံစားရရုံသာမက ပတ်ဝန်းကျင်ကိုပါ စိတ်သက်သာရမှုနဲ့ ပျော်ရွှင်မှုကိုဖြစ်စေပါတယ်။ပြဿနာတွေကို အာရုံလွှဲပြောင်းဖို့ကြိုးစားခြင်းနဲ့ အာရုံလွှဲပြောင်းနိုင်အောင် ကူညီပေးခြင်းတွေကပဲ သူတို့ကို စိတ်ဖိစီးမှုတွေနဲ့ အခက်အ ခဲ တွေကိုကြံ့ကြံ့ခံနိုင်စေတာပါ။သင့်ပတ်ဝန်းကျင်မှာ သဘောကောင်းပြီး ဟာသဥာဏ်ရွှင်တဲ့သူတွေရှိရင် သူတို့နဲ့ ရင်းနှီးမှုရအောင်ယူထားသင့်ပါတယ်။

(၃)ဟန်မဆောင်တတ်ခြင်း
သူတို့ရဲ့ အကြီးမာဆုံး မှားယွင်းမှုကတော့ လူတွေကိုယုံကြည်လွန်းခြင်းပါပဲ။ဒါပေမယ့် သူတို့က သင့်ရဲ့လျှို့ဝှက်ချက်နဲ့ သင့်ရဲ့ခံစားချက်တွေကိုလည်း လုံခြုံစွာထိန်းသိမ်းပေးနိုင်တဲ့သူတွေပါ။အမျိုးသမီးတွေကျတော့ အများစုသိပြီးတဲ့အတိုင်း စကားများတတ်တဲ့ သဘာဝရှိပြီး အဲဒီအချက်ကပဲ စိတ်မကောင်းစရာအခြေအနေတွေကိုဖြစ်စေပါတယ် ။ယောက်ျားလေး အများစုက ဟန်မဆောင်တတ်ကြတဲ့အတွက် သူတို့ရဲ့ခံစားချက်တွေကယုံကြည်ရသလို တဖက်မှာလည်း အဲဒီလို အမှန် တရားတွေကြောင့် စိတ်မကောင်းစရာအခြေအနေတွေကြုံတွေ့ရပြန်ပါတယ်။ဒါပေမယ့် အပြောချိုချိုနဲ့လိမ်ညာ နေတာထက် စာရင်တော့ ပိုပြီးကောင်းပါတယ်။

(၄)ပြဿနာကို ဖြေရှင်းနိုင်ခြင်း
သူတို့က စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ကြောက်လေ့မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပင်ကိုဗီဇကိုက အနိုင်လိုချင်တဲ့စိတ်ရှိကြလို့ပဲဖြစ်ပါတယ်။ဒီလို အခက်အခဲတွေကို စိုးရိမ်ကြောက်ရွံ့မှုမရှိတဲ့အတွက်လည်း အမျိုးသမီး တွေ ကသူတို့အခက်အခဲနဲ့ကြုံရတဲ့အချိန်တိုင်း ယောက်ျားလေးတွေရဲ့ ပခုံးပေါ်မှီပြီး အားကိုးမှုရှာတတ်ကြ တာပါ။မိန်းကလေး တွေလိုမျက်ရည်နဲ့စောင့်နေမှာမဟုတ်ဘဲ ပြဿနာကိုပြေလည်ဖို့ တောင်တစ်ခုကိုကျော်ဖြတ်သလို အမြန်ဆုံး ဖြေရှင်းတတ်ကြ မှာပါ။ဒါ့အပြင်ဥာဏ်ရည်မြင့်တဲ့ ယောက်ျားလေးတွေကျတော့ စိတ်သဘောထားပြည့်ဝမှု နဲ့အရည်အချင်းကောင်းတွေပိုင်ဆိုင်ထားတတ်ကြပါတယ်။သင်သိချင်တဲ့အကြောင်းအရာတော်တော်များများကိုသူတို့ ကို မေးနိုင်ပါတယ်။

(၅)သင့်ကိုယ်သင် ယုံကြည်မှုပိုရှိစေခြင်း
များသောအားဖြင့် ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပေါင်းသင်းဆက်ဆံရေးကောင်းတဲ့အမျိုးသမီးတွေဟာ ဆွဲဆောင် မှုရှိကြပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ အောင်မြင်တဲ့ ဘ၀ကိုလည်းတည်ဆောက်နိုင်ကြမှာ ပါ။ယောက်ျား လေးနဲ့မိန်းကလေးကြားက မိတ်ဆွေ ကဏ္ဍပေါင်းသင်းဆက်ဆံရေးမှာ ကောင်းကျိုးဆိုးကျိုး ဘယ်လိုရှိ တယ်ဆိုတာ သိပ်တော့အရေးမကြီးပါဘူး။သူတို့ရင်ဖွင့်လာတဲ့အကြောင်းအရာ၊အကြံပြုချက်တွေကို စိတ်ရင်းနဲ့နားထောင်ဖို့ ပါပဲ။အရေးကြီးဆုံးကတော့ ယောက်ျားနဲ့မိန်းမ မိတ်ဆွေဆက်ဆံရေးမှာ လိင်ကိစ္စမပါဘဲ စစ်မှန်တဲ့ပေါင်းသင်းဆက် ဆံရေးအဖြစ်တည်ဆောက်ဖို့လိုပါတယ်။

ref:womanitely.com
www.shwemom.com မှ ကူးယူဖော်ပြသည်။
www.ibestmagazine.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်