09-790570465

09-975288547

MOAGs Admin Team

iBest Groups

မိမိဖတ်နေတဲ့ သတင်းတွေအစစ်အမှန် ဟုတ်မဟုတ် ဖော်ထုတ်ပေးမယ့် feature သစ်တစ်ခု Google မိတ်ဆက်မယ်

Posted by   on Pinterest


အွန်လိုင်းသတင်းရှာဖွေရေး ဘီလူးကြီးဖြစ်တဲ့ ဂူဂဲလ်က သတင်းဖတ်ရှုသူတွေကို မိမိတို့ဖတ်ရှုနေတဲ့သတင်း အစစ်အမှန် ဟုတ်မဟုတ် သိစေမယ့် အချက်အလက်စစ်ဆေးရေး feature သစ်တစ်ခု မိတ်ဆက်လိုက်ပါတယ်။ ဂူဂဲလ်သတင်း (In-Depth၊ Opinion၊ Wikipedia) မှာ ဆောင်းပါးမျိုးစုံ စတင်ဖော်ပြခဲ့ကတည်း ၇ နှစ်အတွင်း စာဖတ်သူအများအပြား အကြောင်းအရာမျိုးစုံ လွယ်ကူစွာဖတ်ရှုခွင့်ရကြောင်း ကြားသိခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ယနေ့မှာတော့ များစွာသော သတင်းစတိုရီတွေထဲ အချက်အလက်အမှန်သိရှိစေမယ့် Fact check တစ်ခု ထပ်မံထည့်သွင်းလိုက်ပါပြီ။ Claim Review လို့လည်းသိရတဲ့ schema.org ကနေ algorithmic လုပ်ငန်း စဉ်ကတဆင့် article တွေနဲ့ website တွေကို အချက်အလက်စစ်ဆေးမှုစနစ်နဲ့ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒါက စာဖတ်သူတွေကို အွန်လိုင်းကနေ သူတို့ဖတ်နေတဲ့ စတိုရီတွေ ခိုင်လုံကြောင်း သို့မဟုတ် မဟုတ်မှန်ကြောင်း သက်သေပြပေးပါလိမ့်မယ်။

အချက်အလက်စစ်ဆေးတဲ့ စတိုရီတွေ ပင်မသတင်းခေါင်းစီးအောက်မှာ ပေါ်လာမှာဖြစ်ပါတယ်။  ခေါင်းစီးပါ ဖော်ပြချက်တွေ မှားနေကြောင်း သို့မဟုတ် ချဲ့ကားပြောနေပါက စာဖတ်သူတွေအနေနဲ့ စတိုရီတွေ အတု ဟုတ်မဟုတ် သိနိုင်မှာဖြစ်ပါတယ်။ Fact check ကို Google News ကနေတဆင့် UK နဲ့ US မှာ စတင်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Android နဲ့ iOS နှစ်မျိုးလုံးအတွက် News & Weather app ကနေလည်း ရရှိမှာ    လည်း ဖြစ်ပါတယ်။ အဆိုပါဝန်ဆောင်မှုသစ်မှာ မိမိတို့ website တွေ ပါဝင်ထည့်သွင်းလိုသူတွေအနေနဲ့ လည်း လျှောက်ထားနိုင်ပါတယ်။

Fact Check အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု တွေ့မြင်ဖို့နဲ့ မဟုတ်မမှန်ရာကနေ မှန်ကန်တဲ့ သတင်းအချက်အလက်ဆီ၊ ဒါ့အပြင် ဟော့ရမ်းခြင်းကနေ ချင့်ချိန်ဆင်ခြင်တတ်မှုဆီ အလင်းပြဖို့အတွက် စိတ်လှုပ်ရှားနေကြတယ်လို့ ကုမ္ပကီက ပြောဆိုခဲ့ပါတယ်။


#သတင်း #နည်းပညာ


Trend Myanmar မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com
Ref: Independent 

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်