
ဘ၀ကို အပြုံးနဲ့ ဖြတ်သန်းခြင်းသည် မမျှော်လင့်သော အကျိုးရလဒ်များပါ ထွက်လာစေသည်။ ဖင်လန်နိုင်ငံတွင် အမျိုးသမီး(၂၀၀၀) ကို လေ့လာသည်။ ဘ၀ကို ကျေနပ်ပျော်ရွှင်လား၊ မကျေနပ် စိတ်ဆင်းရဲလား မေးမြန်း မှတ်တမ်းတင်သည်။
ထိုအမျိုးသမီးများ၏ အရိုးကျန်းမာရေး အခြေအနေကိုလည်း မှတ်တမ်းတင်သည်။ နောက်ဆယ်နှစ် ကြာသည့်အခါ ထိုအမျိုးသမီးများကို အလားတူ စစ်တမ်း ထပ်ကောက်ပြန်သည်။ ဒုတိယ တစ်ကြိမ် စစ်တမ်း ကောက်ချိန်တွင် အမျိုးသမီးများသည် အသက် (၆၀) မှ (၇၀) ကြားများ ဖြစ်သည်။
ဘ၀ကို မကျေနပ်၊ စိတ်ဆင်းရဲမှုက များနေသည်ဟု ဖြေသော အမျိုးသမီးများသည် ဘ၀ကို ကျေနပ် ပျော်ရွှင်သည်ဟု ဖြေသော အမျိုးသမီးများထက် အရိုးပွနှုန်း ပိုများနေကာ အရိုးကျိုးနိုင်ခြေ (၅၂) ရာခိုင်နှုန်း ပိုများနေကြောင်း တွေ့ရှိခဲ့ရသည်။ ဘ၀မှာ ပျော်ရွှင်စိတ် ထားရှိခြင်းသည် အရိုးကို ပိုကျန်းမာစေရုံသာမက ဘက်စုံ ကျန်းမာရေး ပိုကောင်းအောင်ပါ ထောက်ပံ့ပေးနိုင်ကြောင်း စစ်တမ်းက ဆိုလိုက်သည်။
The Messenger မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
ပြုံးလေ အရိုးသန်လေ
Subscribe to:
Post Comments (Atom)
No comments:
Write comments