အထိုင်များသူတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း
လုပ်ငန်းခွင်ဝင်တဲ့အခါ ထိုင်ခုံမှာ အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတာတွေ ရှိပါတယ်။ ဥပမာ - မနက် ရောက်တည်းက ရုံးမှာ ထိုင်လိုက်တာ သတိမထားမိပဲ ၆ ၊ ၇ နာရီ ကြာသွားတာမျိုး၊ ဒီလိုနဲ့ ရုံးကနေ အိမ်ပြန်တော့လည်း မောလို့ ပြန်ထိုင်တာနဲ့ ကြာတဲ့အခါ အညောင်းမိတတ်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို ၃ နာရီထက် ပိုပြီး ထိုင်တဲ့အခါ နောက်ဆက်တွဲရောဂါတွေအနေနဲ့ နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ ကင်ဆာရောဂါ နဲ့ အရွယ်မတိုင်ခင် အသက်ဆုံးရှုံးတာတွေ ဖြစ်တတ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ အမေရိကန် ဆေးပညာအစည်းအရုံးက အလုပ်သမားတွေကို ထိုင်တဲ့ ပုံစံပြောင်းလဲဖို့ တိုက်တွန်းခဲ့တာကို တွေ့ရပါတယ်။ ဘယ်လိုပုံစံတွေလဲဆိုတော့ မတ်တပ်ရပ်ပြီး သုံးရတဲ့ စားပွဲခုံတွေ ၊ လမ်းလျှောက်စက်တွေနဲ့ အသုံးပြုရတဲ့ စားပွဲပုံစံတွေကို လုပ်ငန်းခွင်မှာ အစားထိုး အသုံးပြုခိုင်းတာ ဖြစ်ပါတယ်။
တကယ်လို့ ဒီလို အဆင့်မြင့် ပစ္စည်းတွေကို ရုံးက မပေးရင်လည်း လွယ်ကူတဲ့ အကြောလျှော့နည်းတစ်ခု ရှိပါတယ်။ ဒီလေ့ကျင့်ခန်းကို အလုပ်ချိန်မှာ ၅ မိနစ်လောက် အချိန်ပေးပြီး ပြုလုပ်သင့်ပါတယ်။ လူတိုင်း ထိုင်ခုံမှာ ထိုင်တာ ၂ နာရီကျော်ပြီ ဆိုတာနဲ့ မတ်တပ်ရပ်ပြီး တင်ပေါ်မှာ လက်နှစ်ဖက်ကို တင်ပါ။ အနောက်ဘက်ကို အနည်းငယ် ကိုင်းပြီး အကြောလျှော့ပေးပါ။ ဒီနည်းလမ်းကိုပဲ ငါးကြိမ်ခန့် ပြုလုပ်ပေးပါ။ အနောက်ဘက်ကို ကိုင်းတဲ့အခါ တစ်ခါကိုင်းရင် ၃ စက္ကန့်လောက် ထားပေးပါ။ ဒီလို ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ကျောရိုးကို မကွေးစေပဲ အကြောဆန့်တဲ့ အနေအထားကို ရရှိစေပါတယ်။
ဒီလို အကြောဆန့်ပေးတာဟာ ကျောရိုးတောင့်တင်းမှုကို ပြေလျော့စေပြီး အထိုင်များရင် ဖြစ်တဲ့ ခါးနာမှုကို သက်သာစေပါတယ်။ အကြောလျှော့တဲ့အခါ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သင်နဲ့ အတူ လေ့ကျင့်ခန်းပြုလုပ်ဖို့ တိုက်တွန်းပါ။
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments