သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ မိခင်ဘာသာစကားအပြင် နောက်ထပ် ဘာသာစကားအသစ်တစ်ခုကို သင်ယူတတ်မြောက်ထားတဲ့သူတွေဟာ စမတ်ကျပြီး ဆွဲဆောင်မှုပိုရှိကြတယ်လို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းခွင်အပါအ၀င် လူမှုဆက်ဆံရေးနယ်ပယ်မှာ ပိုမိုကောင်းမွန်တဲ့ စကားပြောစွမ်းရည်တွေ ရှိစေခြင်းကြောင့်ဖြစ် ပါတယ်။
ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေခြင်း
ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်သင်ယူတတ်မြောက်ထားတဲ့သူတွေဟာ ဦးနှောက်ရဲ့လုပ်ဆောင် ချက်တွေကို တိုးတက်စေပါတယ်။မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားအသစ်တစ်ခုရဲ့မတူညီတဲ့လေ့လာ မှတ်သားမှုပုံစံ၊ စကားလုံးအသစ်တွေကို သင်ယူမှုအခက်အခဲစတာတွေကို ညှိနှိုင်းအဖြေရှာရင်း ဦးနှောက်ရဲ့လုပ်ငန်းတွေ ကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေပါတယ်။ဒါ့အပြင် မိခင်ဘာသာစကားနဲ့ နောက်ထပ်ဘာသာစကားအသစ်ရဲ့ မတူညီတဲ့ စကားလုံးအသုံးအနှုန်းနဲ့ဘာသာစကားအသုံးပြုတဲ့မတူညီတဲ့ပတ်ဝန်းကျင်ကိုအနေအထားကိုလည်း ကောင်းမွန်စွာစီမံခန့်ခွဲလာနိုင်မှာပါ။
ရူးသွပ်ခြင်းနဲ့အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကိုကာကွယ်ပေးခြင်း
ဘာသာစကားနှစ်ခု(မိခင်ဘာသာစကားနှင့် ဘာသာစကားအသစ်)ကို သင်ယူတတ်မြောက်ထားသူတွေဟာ အယ်လ်ဇိုင်း မားရောဂါဖြစ်ခြင်းကို လျော့ကျစေသလို ရူးသွပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ The University of Kentucky College of Medicine in Lexington မှဦးနှောက်နဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Brian Gold ကပြောပါတယ်။လေ့လာစမ်းသပ်မှုတွေအရ ဒီလို ဘာသာစကားနှစ်မျိုးတတ်မြောက် သူတွေရဲ့ဦးနှောက် စွမ်းရည်ဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ရူးသွပ်ခြင်းတို့ကြောင့် မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို ကာ ကွယ်ပေးနိုင်တယ်လို့ဆိုပါ တယ်။
ဆွဲဆောင်မှုပိုရှိလာခြင်း
ဒီအချက်ကလည်း သိသာပါတယ်။အနီးစပ်ဆုံးသူငယ်ချင်းတွေကြားမှာတောင် ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်း ကျင်ကျင်ပြောတတ်တဲ့သူက ပိုပြီးခင်မင်တဲ့သူပေါတယ်။ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း အရေးပေး တာခံရပါ တယ်။အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ကိုရီးယား၊ ဂျပန် စသဖြင့် ဘာသာစကားတစ်ခုခုပဲ တတ်မြောက်စေဦး လူအများကြားမှာ ယုံကြည်မှုအပြည့်ရှိနေခြင်းက ပိုပြီးဆွဲဆောင်မှုဖြစ်စေပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်ခြင်း
တိုးတတ်နေတဲ့ ဒီခေတ်ကြီးမှာအရာရာက နိုင်ငံတကာနဲ့ရင်ဘောင်တန်းလာမှာပဲ။ပေါင်းသင်းဆက်ဆံရေး၊ ပညာ သင် ကြားရေးတွေအပြင် အထူးသဖြင့် လုပ်ငန်းခွင်မှာဆိုပိုပြီးသိသာပါတယ်။ဘာသာစကားအသစ်တစ်ခုသင်ယူ တတ်မြောက် သူနဲ့ မတတ်တဲ့သူ ရရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းချင်းက ကွာပါတယ်။
ပိုကောင်းတဲ့ ဆက်ဆံရေးနယ်ပယ်များချဲ့ထွင်နိုင်ခြင်း
ဘာသာစကားအသစ်တစ်ခု တတ်မြောက်ထားတဲ့အတွက် ကိုယ့်နယ်ပယ်မဟုတ်တဲ့ တခြား အတွေ့အကြုံ သစ်နယ်ပယ် သစ်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေချဲ့ထွင်လာနိုင်မှာပါ။ဘာဖြစ်လို့လဲဆိုတော့ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကကျတဲ့အရာက စကားပြောစွမ်းရည်ဖြစ်လို့ပါပဲ။ဘာသာစကားအသစ်ကြောင့် နယ်ပယ်သစ်၊ အတွေ့အကြုံသစ်တွေ ထပ်ပြီး တိုးချဲ့လာဖို့ပါရှိပါတယ်။အဲ့ဒီနယ်ပယ်သစ်တွေကနေ ကိုယ့်အတွက်အခွင့် အလမ်း အသစ်တွေထပ်မံရရှိလာမယ်ဆို တာ အသေအချာပါပဲ။
www.shwemom.com မှကူးယူဖော်ပြပါသည်။
ref:lifehack.org
No comments:
Write comments