ကိုယ့်ရဲ့ Business idea က မအောင်မြင်လောက်ဘူးလို့ ထင်ပါသလား၊ ဒီ Website (3) ခုရဲ့ အောင်မြင်မှုကို ကြည့်ကြည့်ပါ။
အင်တာနက်စီးပွားရေးလောက (တနည်းအားဖြင့်) အွန်လိုင်းဈေးကွက်ဟာ အရမ်းကိုကြီးပါတယ်။ ဘာမဟုတ်တဲ့ အိုင်ဒီယာလေးတစ်ခုဟာလဲ တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားနိုင်တဲ့အထိ ကြီးကျယ်သွားနိုင်ပါတယ်။ ဥပမာပြောရရင် တက္ကသိုလ်က ကောင်မလေးတွေကို နှိုင်းယှဉ်တဲ့ website တစ်ခုကနေ Facebook လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကြီး ဖြစ်သွားတာမျိုးပါ။ ကိုယ့်ရဲ့ အိုင်ဒီယာက ဘယ်လောက်ပဲသေးငယ်ပြီး ပေါက်ကရဖြစ်နေပါစေ၊ တစ်ခုခုတော့ ဖြစ်အောင်လုပ်လို့ရပါတယ်။ အောက်မှာပြထားတဲ့ website တွေကိုပဲ နမူနာကြည့်ကြည့်ပါ။
1. Ship Your Enemies Glitter
ဒီဆိုက်ဒ်ကတော့ တကယ့်အဆန်းပဲ။ စပြီးတည်ထောင်တဲ့သူက အသက် (၂၂) ပဲရှိပါသေးတယ်။ သူဒီဆိုက်ဒ်ကို ထောင်တုန်းက အပျော်သဘောပါပဲ။ သူ့ရဲ့ service ကတော့ ကိုယ်မုန်းတဲ့ ကိုယ့်ရဲ့ ရန်သူတွေဆီကို Glitter လို့ခေါ်တဲ့ လက်လက်လက်လက်နဲ့ အမှုန်ဒီဇိုင်းတွေ မတရားနင်းကန်ပြီး ဗုံးကျဲသလို ပို့ပေးတာပါပဲ။ စထောင်ထောင်ချင်းမှာတော့ ဒီတိုင်းပဲ အပျော်ပဲထောင်လိုက်တာပါ။ နောက်နေ့ကျတော့ တစ်ညတည်းနဲ့ ဒေါ်လာ ၂၀၀၀၀ ဖိုးအမှာစာတွေရောက်နေတာ တွေ့ရတယ်။ တဖြည်းဖြည်းနဲ့ အော်ဒါတွေများလာလို့ သူ့မှာ အမှာစာလက်ခံတာတောင် ရပ်ထားရတဲ့ အထိပါပဲ။ နောက်ပိုင်းမှာ ဒီဆိုက်ကို အွန်လိုင်းကနေရောင်းချခဲ့ပြီး ဒေါ်လာ ၈၅၀၀၀ (သိန်း၉၀၀) ကျော် ရခဲ့ပါတယ်။ စဉ်းစားကြည့်ပါ။ အပျော်တမ်းအိုင်ဒီယာတစ်ခုကနေ (၁၀) ရက်လောက်အတွင်း သိန်း ၉၀၀ လောက်ရသွားခဲ့တာပါ။
2. Di*k In Your Mailbox
ဒီဆိုက်ဒ်ကလဲ အဆန်းပါပဲ။ သူကကျတော့ အပြင်ကနေ စာပို့ပေးတာ။ ကိုယ်မုန်းတဲ့သူရဲ့ လိပ်စာကိုပေးပြီး အော်ဒါမှာလိုက်ရင် သူက ယောက်ျားအင်္ဂါပုံကို အနုပညာဆန်ဆန် စပါယ်ရှယ်ဆွဲပြီး ကိုယ့်ရဲ့ ရန်သူဆီကို ပို့ပေးပါတယ်။ ဒီဆိုက်ဒ်ကနေတဆင့် စတင်တည်ထောင်သူများဟာ တကယ့်စီးပွားရေးလုပ်ငန်းတစ်ခုလို ပိုက်ဆံရှာနေနိုင်ပြီဖြစ်ပါတယ်။
3. Cat Facts
ဒီဆိုက်ဒ်ကတော့ တစ်မျိုးတစ်ဘာသာပါ။ သူ့ဆီမှာ တစ်လကို ၂.၉၉ ဒေါ်လာပေးပြီး မန်ဘာဝင်လိုက်တာနဲ့ သင်ပေးတဲ့ဖုန်းနံပါတ်ဆီကို ကြောင်နဲ့ပတ်သက်တဲ့ အချက်တွေ နေ့စဉ် ပို့ပေးပါတော့တယ်။ သင်ကိုယ်တိုင်ပဲ နေ့စဉ် ကြောင်နဲ့ပတ်သက်တဲ့အချက်တွေ ဖတ်ချင်လား၊ ဒါမှမဟုတ် သင်နဲ့မတည့်တဲ့သူကို တစ်လလုံးလုံး ကြောင်နဲ့ပတ်သက်တဲ့ SMS တွေပို့ပြီး ဒုက္ခပေးချင်လား၊ ကြိုက်ရာရွေးလို့ရပါတယ်။ မယုံမရှိပါနဲ့.. အိမ်မွေးတိရစ္ဆာန်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာလဲ တကယ်ကို ကောင်းတဲ့လုပ်ငန်းတွေပါ။ တခြားမကြည့်ပါနဲ့ ကျွန်တော်တို့ Facebook မှာပဲ အိမ်မွေးတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ Page တွေ Group တွေ အများကြီးရှိပါတယ်။ ဒီဈေးကွက်ထဲမှာ အလုပ်လုပ်ပြီး စီးပွားဖြစ်နေတာတွေလဲ အများကြီးပါ။
ဒီ အိုင်ဒီယာတွေကို ကြည့်ပါ။ အပျော်လုပ်ရာကနေ တကယ်စီးပွားဖြစ်သွားတာတွေ၊ မဖြစ်နိုင်ဘူးထင်တဲ့ အိုင်ဒီယာကနေ တကယ်အလုပ်ဖြစ်နေတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အိုင်ဒီယာကို သူများတွေက ဘယ်လိုပဲမဖြစ်နိုင်ဘူးပဲပြောပါစေ၊ ဘာမှအားလျှော့စရာမလိုပါဘူး။ စပြီး လုပ်ဖြစ်ဖို့ပဲလိုပါတယ်၊ ကိုယ့်ရဲ့ နှလုံးသားက တောင်းဆိုလာပြီဆိုရင် ဦးနှောက်က ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ရှေ့ဆက်တိုးဖို့ပဲ ကြိုးစားသင့်ကြောင်း တိုက်တွန်းလိုက်ပါရစေ။
(baganmart.com မှကူးယူဖော်ပြသည်။)
www.myanmarbookworld.com

No comments:
Write comments