09-790570465

09-975288547

MOAGs Admin Team

iBest Groups

စွန့်ဦးတီတွင်ပုဂ္ဂိုလ်တွေရဲ့ အများနှင့်မတူ ကွဲပြားစွာ ပြုလုပ်ကြတဲ့ အရာ ၈မျိုး

Posted by   on Pinterest



စွန့်ဦးတီတွင်မှုဆိုတာ အီလန် မတ်(စ်)၊ မတ် ဇူကာဘတ်တို့ထက် ပိုပါတယ်။ ပြီးတော့ twitter တို့၊ WhatsApp တို့ထက် ပိုမိုကြီးမားပါတယ်။ စွန့်ဦးတီတွင်မှုဆိုတာ ပိုနေမြဲကျားနေမြဲ အခြေအနေကို ကျေနပ်မှုမရှိတဲ့ လူတွေက ပြုပြင်ဖန်တီးယူတဲ့ အကျင့်ဇရိုက်နဲ့ ဘဝနေထိုင်ပုံတို့ပဲဖြစ်ပါတယ်။

အရောင်းရဆုံး စာအုပ်စာရေးသူလည်းဖြစ်၊ ရင်းနှီးမြုပ်နှံသူလည်းဖြစ်တဲ့ James Altucher မှ “စွန့်ဦးတီတွင်ဖြစ်ဖို့ဆိုတာ နောက်ထပ် Facebook တစ်ခု စတင်လုပ်ဆောင်ရမယ်လို့ ဆိုလိုနေခြင်း မဟုတ်ပါဘူး။ စွန့်ဦးတီတွင်မှုဆိုတာ သင့်ဘဝမှာ ရှိနေတဲ့ စိန်ခေါ်မှုတွေကို ရှာဖွေဖို့ပါ။ ပြီးတော့ အဲဒီစိန်ခေါ်မှုတွေကို တီတွင်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ကျော်ဖြတ်သွားနိုင်အောင် ပိုင်းဖြတ်လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်” လို့ဆိုခဲ့ဖူးပါတယ်။

စွန့်ဦးတီတွင် အကျင့်စရိုက်တွေ သင့်မှာရှိနေခြင်းဖြင့် သင်ဟာ သင့်ရဲ့ အလုပ်နဲ့ ဘဝကို ယခုထက် ပိုမိုပြည့်စုံပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ စွန့်ဦးတီတွင်ပုဂ္ဂိုလ်တွေ အများနဲ့မတူ ကွဲပြားစွာပြုမှုတတ်တဲ့အရာ ၈ ခု ကို ဖော်ပြသွားမှာဖြစ်ပါတယ်။

၁။ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ သူတို့ သတ္တိရှိကြတယ်

စွန့်ဦးတီတွင်တွေဟာ မသေချာ၊ မလုံခြုံတဲ့ ဘဝနေထိုင်မှုပုံစံမှာ ရှင်သန်ဖို့ လုံခြုံမှုရှိတဲ့ ပုံမှန်အလုပ်ကို စွန့်လွှတ်ရန် ရွေးချယ်ကြတယ်။ ဒီလိုမျိုး အလဲအလှယ်လုပ်နိုင်ဖို့ဆိုတာ သတ္တိတွေ အများကြီး လိုပါတယ်။ ဒါပေမယ့် Walt Disney လို လူမျိုးကျတော့ ဒီလိုစွန့်လွှတ်လိုက်တဲ့အတွက် ထိုက်တန်တဲ့ အကျိုးရလဒ်ကို ရရှိခဲ့ပါတယ်။

၂။ သူတို့ကိုယ်သူတို့ထက် သူတို့ရဲ့ စားသုံးသူတွေအကြောင်း ပိုမိုစဉ်းစားကြတယ်

စွန့်ဦးတီတွင်တွေဟာ သူတို့နာမည်ကျော်ကြားလာဖို့ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ လူတွေရဲ့အခက်အခဲ ပြဿနာတွေကို ကူညီဖြေရှင်းပေးလိုကြပါတယ်။ Apple ကုမ္ပဏီရဲ့ နည်းပညာထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Guy Kawasaki က သူရဲ့ APE – Author, Publisher, Entrepreneur စာအုပ်မှာ အခုလိုရေးဖူးပါတယ်။ “သင့်ရဲ့ အမှောင်မိုက်ဆုံးကာလ၊ အရှုပ်ထွေးဆုံးအချိန်တွေမှာ သင်ဟာ လူတွေရဲ့ ဘဝတွေကို ပိုမိုကောင်းမွန်တဲ့ တန်ဖိုးတစ်ခု ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတယ်ဆိုတာ သတိရလိုက်ပါ။ သင်ဟာ ကျေနပ်တဲ့ ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။ ဒါမှမဟုတ် သင်အလုပ်ကို ပိုပြီ စိတ်ရှည်စွာ ကြိုးစားလုပ်ကိုင်လာပါလိမ့်မယ်”

၃။ သင်ယူမှုကို ဘယ်တော့မှ မရပ်ဘူး

သူတို့ဟာ ကုန်ပစ္စည်းအသစ်ကို စတင်တီတွင်ဖန်တီးခြင်းနှင့် လုပ်ထုံးလုပ်နည်းအသစ်များကို ဆန်းသစ်ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကတည်းက စာသင်ခန်းထဲမှာ သင်ကြားခြင်း မခံ ရတဲ့ အရာတွေကို လုပ်ကိုင်နေရတာပါ။ သူတို့ဟာ အရေးကြီးဆုံး သင်ခန်းစာများကို ရှင်သန်အောင် ကြိုးစားခြင်းဖြင့်သာ ရရှိနိုင်တယ်ဆိုတာကို သိကြပါတယ်။ သူတို့ဟာ ပွင့်လင်းတယ်၊ ပြောင်းလွယ်ပြင် လွယ်မှုရှိတယ်၊ တတ်နိုင်သလောက် သင်ယူနိုင်ဖို့ ကြိုးစားကြတယ်။

Virgin Group ကို တည်ထောင်သူ Richard Branson ဟာ ဓာတ်ပြားတိုက်ကုမ္ပဏီ၊ လေကြောင်းလိုင်း နှင့် ယခု စီးပွားရေးလုပ်ငန်းသုံး အကာသပျံသန်းရေးကုမ္ပဏီ မထောင်ခင်တုန်းက ကျောင်းသားမဂ္ဂဇင်း စတင်ထုတ်ဝေခြင်းဖြင့် သူ၏ စီးပွားရေးအင်ပါယာကို စတင်ခဲ့တာဖြစ်ပါတယ်။ တစ်နေရာတည်းမှာ ကျွမ်းကျင်သူဖြစ်လာတာထက် သူဟာ သူ့ဘဝတလျှောက်လုံး မပြတ်သင်ယူလေ့လာမှုတွေ လုပ်ဆောင်ခဲ့တာပါ။

၎။ ဘယ်တော့မှ အရှုံးမပေးဘူး

တီတွင်သူတွေ၊ စွန့်ဦးတီတွင်သူတွေဟာ ပထမတစ်ကြိမ်ကြိုးစားရုံနဲ့ တန်းပြီး အောင်မြင်သွားတာမျိုး ရှားပါတယ်။ ရေရှည်တည်တံ့တဲ့ တစ်စုံတစ်ရာကို ဖန်တီးတီတွင်နိုင်ဖို့ အလုပ်ကြိုးစားမှုတွေ၊ အာရုံစူးစိုက်မှုတွေနဲ့ ပိုင်းဖြတ်လုပ်ဆောင်မှုတွေကို နှစ်ပေါက်အောင် လုပ်ရလေ့ရှိပါတယ်။ အိုင်ဒီယာဆိုတာ စ,မှတ်တစ်ခုမျှသာဖြစ်ပါတယ်။ ကဗျာဆရာလည်းဖြစ်၊ ထုတ်လုပ်ရေးကုမ္ပဏီ၏ တည်ထောင်သူလည်း ဖြစ်သော Kelly Zen-Yie Tsai က စွန့်ဦးတီတွင်မှုရဲ့ အရေးကြီး အခန်းကဏ္ဍကတော့ စိတ်ရှည်ဇွဲရှိမှု အတိုင်းအရှည်ပမာဏပဲဖြစ်တယ်လို့ ယုံကြည်ပါတယ်။ “စွန့်ဦးတီတွင်ဖြစ်ဖို့ဆိုတာ ဖြစ်မလာသေးတဲ့ အရာတစ်စုံတစ်ရာပေါ်မှာ အာရုံစူးစိုက်ထားဖို့နဲ့ အမှန်တကယ်ဖြစ်လာသည့်အချိန်ထိတိုင်အောင် အလုပ်တွေ ဆက်လက်လုပ်နေဖို့ပဲဖြစ်ပါတယ်” ဟု သူကဆိုသည်။

၅။ ကျရှုံးမှုကို ချစ်ကြတယ်

အများစုအတွက်တော့ ကျရှုံးမှုကို ကြောက်ရွံ့နေခြင်းဟာ လုံးဝကြီး လေဖြတ်နေသလိုပါပဲ၊ ဘာမှ လှုပ်မရတော့သလိုဖြစ်သွားပေမယ့် စွန့်ဦးတီတွင်တွေအတွက်ကျတော့ ကျရှုံးမှုဟာ တစ်စုံတစ်ခုကို ဖော်ပြနေသလိုပဲဖြစ်ပါတယ်။ ကျရှုံးမှုဟာ ကိုယ့်ရဲ့ အင်အားအကန့်အသတ်တွေကို ဆက်ပြီး ညစ်ထုတ်ရမယ့် လက္ခဏာလို့ စွန့်ဦးတီတွင်တွေက မြင်ကြတာပါ။

၆။ ကမ္ဘာကြီးရဲ့ လိုအပ်ချက်ကို ရှာဖွေပြီး ဖြည့်ဆည်းပေးတယ်

စွန့်ဦးတီတွင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအစီးပွားတွေကို အကောင်အထည်ဖော်ဆောင်ရွက်တာထက် လူတွေလိုအပ်တဲ့ ကုန်စည်တွေကို ဖန်တီးဖို့ အားသန်ကြသလို၊ ပြဿနာပြေလည်သွားစေမယ့် ဖြေရှင်းမှုနည်းလမ်းတွေကို ရှာဖွေလိုစိတ် ပြင်းပြကြပါတယ်။

တချို့မှာ အမှားများစွာရှိပြီး မပြည့်စုံတဲ့ စနစ်တစ်ခုကို အသုံးပြုရတာ အဆင်မပြေတာကြောင့် စီးပွား ရေးလုပ်ငန်းကို စတင်တည်ထောင်ကြတာဖြစ်ပါတယ်။ တခြားသူများကတော့ သူတို့ တွေ့ကြုံခဲ့ရတဲ့ ဆင်းရဲမွဲတေမှုတွေ (သို့) ကံမကောင်းမှုတွေကြောင့် စွန့်ဦးတီတွင်တစ်ယောက် လုပ်ဖို့ ဖြစ်လာကြရတာပါ။ TOMS ကို တည်ထောင်သူ Blake Mycoskie က အာဂျင်တီးနားနိုင်ငံကို သွားရောက်လည်ပတ်ပြီး ဖိနပ်မရှိတဲ့ ကလေးများကို မြင်တွေ့ပြီးတဲ့နောက်မှာ သူရဲ့ လုပ်ငန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ “ကျောင်းတက်ဖို့ လိုအပ်တာတွေ၊ ရေကို ဒေသရှိရေတွင်းထဲကနေ ရအောင်ယူရတာတွေအပြင် ရောဂါ ထူထပ်ပေါများတာတွေကို ခံစားနေရတဲ့အတွက် သူတို့ ဘဝရဲ့ အစိတ်အပိုင်းအားလုံးမှာ အခြေခံ လိုအပ်ချက်တွေကင်းမဲ့နေရပါတယ်” ဟု သူက “Start Something That Matters” မှ ရေးသားခဲ့ပါ တယ်။

၇။ အိုဒီယာအဟောင်းတွေကို နည်းလမ်းအသစ်တွေနဲ့ ပိုကောင်းအောင် ဆောင်ရွက်ကြတယ်

တစ်စုံတစ်ယောက်က စွန့်ဦးတီတွင်မှုဆိုတာ ယခင်က ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အိုင်ဒီယာများကိုသာ အာရုံစူးစိုက်မှု ပြုလုပ်တယ်လို့ ထင်မှတ်နေသော်လည်း အမှန်တကယ်တော့ စွန့်ဦးတီတွင်များဟာ မကြာခဏဆိုသလိုရှိပြီးသား စီးပွားရေး မော်ဒယ် (သို့) ခေတ်နှင့် ဆီလျှော်မရှိတဲ့ ကုန်ပစ္စည်းတွေကို တိုးတက်ကောင်းမွန်အောင် အဆင့်မြင့်တင်လေ့ရှိကြပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီလို ပြန်လည်ဆန်းသစ်ခဲ့တဲ့ အိုဒီယာများဟာ လူတွေရဲ့ အလုပ်လုပ်ခြင်း၊ စားဖတ်ခြင်း နဲ့ စားသောက်ခြင်းနည်းလမ်းတို့ကို ပြောင်းလဲပစ်ပါတယ်။

၈။ အချုပ်ဆိုရလျှင် သူတို့ဟာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြတယ်

စွန့်ဦးတီတွင်တွေဟာ အခြားသူများ အကောင်အထည်မဖော်တဲ့ အမှတ်မထင်ကျော်သွားတဲ့ အိုဒီယာတွေကို အကောင်အထည်ဖော်ကြတာပါ။ သူတို့ဟာ ထိတွေ့ကိုင်တွယ်လို့မရတဲ့ သဘောတရားသက်သက် အိုင်ဒီယာကို လက်တွေ့ကျကျ အကောင်အထည်ဖော် ပြောင်းလဲတဲ့နေရာမှာတော့ ဆရာများပဲဖြစ်ပါတယ်။ အဲဒီ့ရိုးရှင်းတဲ့ ဆောင်ရွက်ချက်ဟာ ဘဝရဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပြီး အဆုံးမှာတော့ သူတို့ကို စွန့်ဦးတီတွင်သူများအဖြစ် သတ်မှတ်ခေါ်ဝေါ်ကြခြင်းပဲဖြစ်ပါ တယ်။

စီးပွားရှင် မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်