ဗိုက်ပွတာကို လျော့ချပေးမယ့်နည်းလမ်းများ
မိန်းကလေးတွေ အစာများများစားမိရင်၊ ဂက်စ်ပါတဲ့ အချိုရည်တွေသောက်လိုက်မိတဲ့အခါနဲ့ ရာသီလာခါနီးအချိန်တွေမှာ ပုံမှန်ထက် ဗိုက်ပွနေတတ်ပါတယ်။ ဒီလိုအလှပျက်စရာအခြေအနေမျိုးမကြုံတွေ့ရအောင် ဗိုက်ပွတာကိုလျော့ချပေးမယ့်အချက်တွေကို ဝေမျှပေးချင်ပါတယ်။
ပထမအချက်ကတော့ မနက်အိပ်ရာထ မနက်စာစားနေချိန် (သို့) စားပြီးချိန်မှာ သံပုရိုသီး (လီမွန်) ဖျော်ရည်တစ်ခွက်သောက်ပေးရင် ဗိုက်ပွတာကို လျော့ချပေးပါတယ်။ သံပုရိုသီးမှာ ဗီတာမင်စီဓာတ်ကြောင့် အစာချေစနစ်ပိုကောင်းစေပါတယ်။
နောက်တစ်ချက်ကတော့ မနက်စာစားတဲ့အခါ ကော်ဖီ၊ နွားနို့၊ ပဲနို့တို့နဲ့ တွဲသောက်တာဟာ သင့်ကိုမလိုအပ်ပဲ ဗိုက်ပွစေပါတယ်။ အဲ့ဒီအစား alomond ပါတဲ့နွားနို့ကို အစားထိုးသောက်ပါ။ almond ပါတဲ့နွားနို့ ရှာရခက်ရင် အစာကောင်းကောင်းချေနိုင်အောင် ထောက်ပံ့ပေးနိုင်တဲ့ ဒိန်ချဉ်စားပေးလို့လဲရပါတယ်။
နောက်ထပ်ရှောင်ရမယ့်အချက်ကတော့ အစာစားနေတုန်း ဂတ်စ်ပါတဲ့အချိုရည်နဲ့ အရက်ကိုရှောင်ပါ။ အရက်မှာပါတဲ့ သကြားဓာတ်နဲ့ အဆိပ်တွေက မျက်နှာနဲ့ခန္ဓာကိုယ်ကို ဖောရောင်စေပါတယ်။ အကောင်းဆုံးကတော့ အစာစားနေတုန်း ဘာမှမသောက်ပဲ နေလို့ရရင်နေပါ။ မဟုတ်ပဲသောက်ချင်တယ်ဆိုရင် ရေသောက်တာ အကောင်းဆုံးပါပဲ။
ဗိုက်ပွနေရင် ဂျင်းတက်ကိုပါးပါးလှီး ရေနွေးကြမ်းထဲထည့်သောက်ပေးရင် ဂျင်းကြောင့် အူလမ်းကြောင်းနဲ့အစာအိမ်ထဲရောက်နေတဲ့ ဂက်စ်တွေလျော့နည်းစေသလို သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။
နောက်တစ်ချက်ကတော့ အဆီများတဲ့အစားအစာတွေ အထူးသဖြင့် fast food တွေမှာ ပုံမှန်ထက် ဆိုဒီယမ်နဲ့အဆီဓာတ်တွေများတာကြောင့် ကျန်းမာရေးကိုထိခိုက်စေသလို အဆီတွေကို ကိုယ်ခန္ဓာက မြန်မြန်မချေဖျက်နိုင်တာကြောင့် ဗိုက်ပွတတ်ပါတယ်။ fast food ထဲမှာပါတဲ့ ဆားတွေကလည်း ခန္ဓာကိုယ်ကို ဖောရောင်စေပါတယ်။
မလိုအပ်ပဲ ပီကေ၀ါးတာဟာ ဗိုက်ပွစေတဲ့အချက်တစ်ချက်ပါ။ နောက်ပြီး အစာစားတဲ့အခါမှာ အလျင်စလိုမစားပဲ ဖြည်းဖြည်းနဲ့သေချာဝါးစားပါ။ တစ်ခါတစ်လေ အချိန်မရလို့ အစာခပ်မြန်မြန်စားလိုက်မိတဲ့အခါ အူလမ်းကြောင်းထိခိုက်ပြီး ရှောင်ရမ်းမှုတွေ ခံစားရတတ်ပါတယ်။
ဗိုက်ပွတာကို လျော့ချနိုင်တဲ့အသီးကတော့ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီစတဲ့ ဘယ်ရီသီးမျိုးနွယ်ဝင်တွေပါ။ ဘယ်ရီသီးတွေက အစာအိမ်အူလမ်းကြောင်းကောင်းစေသလို ၀မ်းမချုပ်အောင်လည်း ကာကွယ်ပေးပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ မအိပ်ခင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တရားထိုင်တာဟာ ကိုယ်တွင်းသွေးလည်ပတ်မှုကောင်းစေသလို စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေပါတယ်။ တစ်နေ့တာစိတ်ပင်ပန်းမှုတွေ ပြေပျောက်ချင်ရင် နေ့စဉ်ပုံမှန် တရားထိုင်ပါ။ နေ့ခင်းဘက် အစာအများကြီးစားမိလို့ အိပ်ချင်လာရင်လည်း တစ်ရေးတစ်မောအိပ်လိုက်တာဟာ ခန္ဓာကိုယ်သက်တောင့်သက်သာဖြစ်စေပါတယ်။
Ref: Asian Beauty Secrets
Yangonlife.com မှကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments