09-790570465

09-975288547

MOAGs Admin Team

iBest Groups

ခြောက်လအတွင်းသင့်ဘ၀ပြောင်းလဲစေမည့် သင်ယူစရာကျွမ်းကျင်မှုပညာရပ်များ

Posted by   on Pinterest




ဘယ်သူမဆို အချိန်များများရင်းနှီးရတာထက်အချိန်သင့်တင့်ရုံမျှရင်းနှီးမြှုပ်နှံပြီး အောင်မြင်မှုရလဒ်လေးတွေပိုင်ဆိုင်ချင်ကြ တာချည်းပါပဲ။ဘာဖြစ်လို့လဲဆိုတော့ လူ့ဘ၀သက်တမ်းတွေက တဖြည်းဖြည်းတိုလာသလိုအချိန်တွေကလည်းကုန်မြန် လာတာကိုး။အဲဒီအတွက် ကိစ္စမရှိပါဘူး။ဖြေရှင်းစရာ နည်းလမ်းတွေရှိပါတယ်။ဒါပေမယ့်ကြိုးစားအားထုတ်မှုတော့လို တာပေါ့။ ကိုယ့်ဘ၀ကိုတစ်ခုခုတိုးတက်ပြောင်းလဲဖို့ အချိန်တန်နေပြီလို့ယူဆနေသူတွေအနေနဲ့  အချိန်အများကြီးရင်းနှီးစရာမလိုပဲ ခြောက်လအတွင်း  လေ့လာသင်ယူနိုင်တဲ့ ကျွမ်းကျင်မှုပညာရပ်တွေ          အကြောင်းကို ဖော်ပြပေးချင်ပါတယ်။လိုချင်တဲ့ ဘ၀တိုး       တက်ပြောင်းလဲမှုအတွက် ကြိုးစား အားထုတ်မှု   ကတော့ သင်စိုက်ထုတ်ရမယ့်အရင်းအနှီးပဲဖြစ်ပါတယ်။

စာဖတ်ရှိန်မြှင့်တင်ပါ

အားလုံးသိတဲ့အတိုင်း Microsoftရဲ့ co-founderဖြစ်သူ ဘီလ်ဂိတ်ရဲ့ စူပါ ပါဝါတွေထဲကတစ်ခုကစာဖတ်စွမ်း      ရည်ြ မင့် မားခြင်းပါပဲတဲ့။ဘီလ်ဂိတ်အပါအ၀င် ကမ္ဘာမှာ အောင်မြင်ကျော်ကြားနေသူတွေက အသိပညာဗဟုသုတေတွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းအားတွေအဖြစ် ခံယူထားကြတယ်လို့လည်းဆိုပါတယ်။ စာပေဗဟုသုတတွေကနေရရှိတဲ့ အသိပညာ၊သတင်းအချက်အလက်တွေဟာ သင့်ရဲ့ သင်ယူနိုင်မှုစွမ်းရည်ကို မြန်ဆန်မြင့်တက်စေသလို သင့်ဘ၀ကိုလည်း လျှင်မြန်စွာတိုးတက်ပြောင်းလဲစေမှာပါ။ဒါကြောင့် ဒီနေ့ပဲ သင့်ရဲ့စာဖတ်ရှိန်ကို မြှင့်တင်ဖို့ တိုက်တွန်းပါရစေ။

လူတွေနဲ့စကားပြောပါ

သုတေသနစစ်တမ်းတွေအရ လူအများစုက လူအများနဲ့စကားပြောဖို့ သေမလောက် ကြောက်ကြတယ်လို့ဆိုပါတယ်။ လူအရေအတွက် ဒါဇင်ပေါင်းများစွာ ဒါမှမဟုတ် ရာဂဏန်းရှိတဲ့လူတွေရှေ့မှာ စကားပြောရတာသိပ်ကို ကြောက်လန့် တုန်လှုပ်စရာကောင်းတယ်လို့လည်းဆိုပါတယ်။ဒါကြောင့် လူတွေနဲ့ စကားဘယ်လိုပြောရမလဲ သင်ယူခြင်းက သင့်ဘ၀ တိုးတက်ပြောင်းလဲဖို့အတွက် အထောက်အကူတစ်ရပ်ဖြစ်စေမှာပါ။

Microsoft Excel

များသောအားဖြင့် Microsoft Excelရဲ့အခြေခံသဘောတရားလောက်ကိုတော့ နားလည်ထားကြမှာပါ။မှန်ပါတယ် ဒီလို Microsoft Excel နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်တွေ ၊ပညာရပ်တွေကို ကျွမ်းကျင်တတ်မြောက်ထားခြင်းက သင့်ရဲ့ အလုပ်အကိုင်အခွင့် အလမ်းအတွက် များစွာအထောက်အကူဖြစ်စေမှာပါ။စီးပွားရေးလုပ်ငန်းတိုင်းကစာရွက်စာတမ်းတွေ နဲ့၊ ငွေကြေး ဆိုင်ရာအချက်အလက်တွေပေါ်မူတည်ပြီးလည်ပတ်နေတဲ့အတွက် ခြောက်လအတွင်း သင်ယူရမယ့် ကျွမ်းကျင်ပညာ   ရပ်တွေထဲမှာ မဖြစ်မနေထည့်သွင်းသင့်တဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။

ဘာသာစကားအသစ်သင်ယူပါ


ပညာရှင်တွေ အကြံပြုတာကတော့ ဘာသာစကားတွေထဲမှာ သင်ယူဖို့အလွယ်ကူဆုံးဘာသာစကားဟာစပိန်ဘာသာ စကားဖြစ်တယ်လို့ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာ ဦးနှောက်ရဲ့လက်ခံသင်ယူနိုင်စွမ်းမတူညီတဲ့အတွက်ကိုယ် အားသန်ရာ ဘာသာစကားအသစ်တစ်ခုခုကိုသင်ယူဖို့ အကြံပြုချင်ပါတယ်။ဒီနေရာမှာ ဘာသာစကားအသစ်တစ်ခု ကို ခြောက်လအတွင်း တတ်မြောက်အောင်ဘယ်လိုသင်မလဲဆိုတဲ့အချက်ပါ။အခက်အခဲလည်းရှိနိုင်ပါတယ်။How to learn a new language in 90 days? ဆိုတဲ့ Research online free Courseကိုသွားရောက်လေ့လာနိုင် ပါတယ်။ဒါ့အပြင်  ဘာသာစကားရဲ့ ၅ရာခိုင်နှုန်းကို စာအုပ်စာပေတွေကနေလေ့လာနိုင်ပြီး ၂၀ရာခိုင်နှုန်းကိုတော့ appတွေကနေလေ့လာနိုင်ပါတယ်။ကျန် ၇၅ရာခိုင်နှုန်းကိုတော့ ကိုယ်သင်ယူရာဘာသာရပ်နယ်ပယ်က လူတွေနဲ့ လက်တွေ့လေ့ကျင့်ရင်းသင်ယူနိုင်တယ်လို့လည်း စစ်တမ်းတွေမှာဖော်ပြထားပါတယ်။

Weight training

Weight training?..ဟုတ်ပါတယ်။ဒီအချက်ကို သင့်အနေနဲ့ အံ့သြနေပါလိမ့်မယ်။ဒါပေမယ့် မှားစရာမရှိပါဘူး။ဒီလို Weight trainingအပါအ၀င်ခန္ဓ္ဓ္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးကို သိသိသာသာဖြစ်စေတဲ့ခွန်အားအသုံးပြုလေ့ကျင့်တစ်မျိုးမျိုး ကိုပြုလုပ်ဖို့တိုက်တွန်းချင်ပါတယ်။အကြောင်းအရင်းကတော့ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာအားစိုက်ထုတ်မှုတွေနဲ့ လိုချင်တဲ့ ခန္ဓ္ဓ္ဓာကိုယ်အနေအထားရောက်အောင် တည်ဆောက်တဲ့အခြေခံသဘောတရားတွေကနေ  သင့်ရဲ့ဘ၀တိုးတက်ပြောင်း လဲဖို့ လိုအပ်တဲ့ vision နဲ့ missionတွေကို ကွဲကွဲပြားပြားသိစေဖို့ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ ကျွမ်းကျင်ပညာရပ်တွေဟာ သင့်ဘ၀တိုးတက်ပြောင်းလဲဖို့ အရင်းအနှီးမများတဲ့အားထုတ်ကြိုး  ပမ်းမှုတွေဖြစ်လို့ ဒီနေ့ပဲ စတင်ဖို့ အကြံပြုဖော်ပြပေးလိုက်ပါတယ်။

www.shwemom.com မှကူးယူဖော်ပြပါသည်။ 
ref:lifehack.org

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်