ပိန်တဲ့ကောင်မလေးတွေကို မပြောသင့်တဲ့ စကားလေးတွေနဲ့ပတ်သက်ပြီးဖော်ပြပေးချင်ပါတယ်။များသောအားဖြင့် ကျွန်မတို့ပတ်ဝန်းကျင်မှာ တခြားလုပ်ငန်း စွမ်း ဆောင်ရည်တွေနဲ့ပတ်သက်ပြီး ဝေဖန်တာ၊အကြံပေးတာမျိုးမရှိပေ မယ့် ကိုယ်အလေးချိန်နဲ့ပတ်သက်ရင်အားနည်းချက် တစ်ခုလို ဝေဖန်တာ၊ စ နောက်တာတွေက တကယ်နားမ လည်နိုင်စရာမနှစ်မြို့စရာအပြုအမူတွေလို့ဆိုရမှာပါပဲ။ ဘာဖြစ် လို့လဲဆိုတော့ လူတစ်ယောက်မှာ ၀လို့ပဲဖြစ်စေ၊ ပိန်လို့ပဲဖြစ်စေအားနည်း ချက်တစ်ခုလိုခံစားသွားရပြီဆိုရင် အဲဒီအား နည်းချက်က ဖုံးကွယ်ထားလို့လည်းမရ တဲ့ အတွက် သူ့အနေနဲ့ လူ့အဖွဲ့အစည်းမှာရပ်တည်ဖို့ ယုံကြည်မှုမဲ့ သွားနိုင်ပါ တယ်။ဒါကြောင့် သတိပြု ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ယောက်ျားလျာနဲ့တူတယ်
ပိန်တဲ့မိန်းကလေးတွေအပြောခံရတဲ့ အဆိုးဆုံးစကားလုံးတွေထဲမှာ အလှဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်သတိထားပြင် ဆင်ခြယ်သထားတာတောင် ယောက်ျားလျာနဲ့တူတယ်လို့အပြောခံရတာပါပဲ။သင့်မှာ ပိန်တဲ့သူငယ်ချင်းတွေရှိရင် သူတို့ကို အဲဒီလို စ နောက်တာမျိုးမလုပ်မိပါစေနဲ့။ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်အောင်သူကြိုးစားနေချိန် သူကိုယ်တိုင်လည်း အဆီပိုတွေရှိနေတဲ့ သင့်ခန္ဓာကိုယ်ကို အလိုမကျဖြစ်နေမှာပါပဲ။
အစားရောစားရရဲ့လား
ခန္ဓာကိုယ်ဝတဲ့သူတွေပြောလေ့ရှိတဲ့စကားက ကိုယ်စားနိုင်လို့ ကိုယ်ဝတာ ဘယ်သူ့ဂရုစိုက်ရမှာလဲဆိုတဲ့စကားပါပဲ။ ၀ တဲ့သူတွေအဲဒီလို ပြောနေချိန်မှာ ပိန်တဲ့သူကို နင်အစားရောစားရရဲ့လားဆိုတဲ့ မေးခွန်းမေးခြင်းက အစာမစားနိုင်လို့၊ အစာ၀၀လင်လင်မစားရလို့ အာဟာရမပြည့်ဝဘဲပိန်နေတယ်လို့ပြောလိုက်တာနဲ့အတူတူပါပဲ။
ငါ့ကိုယ်ငါ ဘယ်တော့မှမလုံမလဲမဖြစ်ဘူး
ပိန်တဲ့မိန်းကလေးတစ်ယောက်ရှေ့မှာ အဲဒီလိုပြောလိုက်ခြင်းကသူ့ရဲ့ပုံပန်းသွင်ပြင်ကိုမထီမဲ့မြင်ပြုလိုက်တာနဲ့အတူတူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပိန်တဲ့သူတွေက ဘယ်လောက်ပဲသူတို့ကိုယ်သူတို့ စားသလောက် မ၀ဘဲပိန်ပိန်လေးဖြစ်နေတာ ကို ကျေနပ်ကြပေမယ့်တခါတလေမှာတော့ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့သူတစ်ယောက်တော့ဖြစ်ချင်ကြပါတယ်။
ရင်မရှိ၊ တင်မရှိ
ဒီစကားကတော့ ပိန်တဲ့မိန်းကလေးတွေအတွက် ခံရအခက်ဆုံးစကားလို့ဆိုရမှာပါ။မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းထင်ထင်ရှားရှားမရှိတဲ့အတွက်ပိန်တဲ့သူတွေမှာအဲဒီအချက်တွေနဲ့ပတ်သက်ရင်အားနည်းချက်တစ်ခုလိုခံစားနေရတတ်ပါတယ်။ဒါကြောင့်သူတစ်ပါးရဲ့အားနည်းချက်ကိုဖိနင်းတဲ့အခြေအနေမျိုးရောက်စေတဲ့စကားမျိုးမပြောသင့်ပါဘူး။
ဒီထက်နည်းနည်းလေးဝရင် ပိုကြည့်ကောင်းမှာ
ဘယ်မိန်းကလေးပဲဖြစ်ဖြစ်ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးနဲ့ဆွဲဆောင်မှုရှိရှိလှချင်ကြပါတယ်။ဝတဲ့သူကလည်းဝတဲ့ခန္ဓာကိုယ်ကိုဒီထက်ပိုကြည့်ကောင်းအောင် နည်းနည်းပိန်ချင်တာမျိုး၊ ပိန်တဲ့သူကလည်းငါဒီထက်နည်းနည်းလေးဝရင်ကောင်းမှာဆိုတာမျိုး တစ်ယောက်တစ်မျိုးစီအလိုမကျဖြစ်နေတတ်ပါတယ်။ဒါကြောင့်ပိန်တဲ့သူတွေအနေနဲ့နင်ဒီထက်နည်းနည်းသာဝရင်ပိုကြည့်ကောင်းမှာ ဆိုတဲ့စကားကို ခဏခဏကြားနေရရင်လည်း သူတို့အတွက် ပိုပြီးအားနည်းချက်တစ်ခုလို ခံစားနေရပါလိမ့်မယ်။
www.shwemom.com မှ ကူးယူဖော်ပြပါသည်။
ref:thehealthsite.com


No comments:
Write comments