ဓာတ်ပုံဝါသနာရှင်တွေအတွက် နည်းလမ်းကောင်းလေးတစ်ခုကို ဂျပန်ဓာတ်ပုံ အကျော်အမော် Saki Miyamoto က မျှဝေခဲ့ပါတယ်။ ဓာတ်ပုံပညာမှာ အလင်းအမှောင်၊ ရှုထောင့်၊ ရိုက်ကွက် နားလည်နေရုံနဲ့ ပုံကောင်းတစ်ခု ဖန်တီးနိုင်တယ်ဆိုတာ မှန်ပေမယ့် တစ်ခါတလေကျတော့လည်း သဘာဝကျကျ ပုံလေးတွေ ရိုက်ဖို့ တီထွင်ဖန်တီးမှုလည်း လိုအပ်ပါတယ်။
Saki Miyamoto က အဖြူရောင်ဘီကိနိမလေးကို ရေမှုံရေမွှားတွေကြားမှာ အလှပဆုံး ဖန်တီးရိုက်ယူခဲ့ပါတယ်။ သူ
ဖန်တီးခဲ့တဲ့ နည်းကတော့ သိပ် မခက်လှပဲ အဓိကကတော့ အနုပညာစိတ်နဲ့ ဦးနှောက်ကို အသုံးချမှုသာ လိုရင်းဖြစ်ပါ
တယ်။
ဘီကီနီ မော်ဒယ်မလေးကို ရေကန်ရဲ့ ဘေးမှာ ရပ်နေစေပြီး ကင်မရာကို အော်တိုချိန်ကာထားပါတယ်။ အဲဒီနောက် သူ
ကိုယ်တိုင် ရေကန်ထဲကို အားရပါးရ ခုန်ချလိုက်ကာ Background ရေမှုန်ရေမွှားတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီ ဖန်တီးမှု အပြီးမှာ မော်ဒယ်မလေးကတော့ သဘောကျစွာ ရယ်မောခဲ့ပါသေးတယ်။ တကယ်လည်း အဲဒီပုံလေးဟာ သဘာဝကျခဲ့
ပြီး အလင်းအမှောင်တိကျစွာနဲ့ ပုံကောင်းလေးတစ်ခု ဖြစ်ခဲ့ပါတယ်။
(shwemom.com မှကူးယူဖော်ပြသည်။)
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)
No comments:
Write comments