၂ဝ၁၅ ဇန်နဝါရီလအတွင်း က နိုဘယ်မြန်မာစာပေပွဲတော်ကို ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းနဲ့ ၃ ရက်တိုင်တိုင်ကျင်းပ နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးစာပေကို အဓိက ဦးစား ပေးခဲ့တဲ့ပထမ အကြိမ် မြောက်နိုဘယ် မြန်မာစာပေပွဲတော်လိုပဲ ၂ဝ၁၆ ဇန်နဝါရီမှာဒုတိယအကြိမ်အဖြစ် နိုဘယ်မြန်မာ စာပေပွဲ တော်ကျင်းပဖို့ စာပေပညာရှင်တွေက စီစဉ်နေကြပါပြီ။ အခု တစ်ကြိမ် မှာ တော့ကလေး စာပေကိုအဓိကဦးစားပေးထား ကြောင်းသိရတဲ့အတွက် ပွဲတော်ကျင်း ပရေးကော်မတီဥက္ကဋ္ဌဖြစ် သူဆရာ ဖေမြင့် နဲ့တွေ့ဆုံပြီး ကလေးတွေရရှိစေမယ့် အကျိုးကျေးဇူးများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။
” အဓိကအချက်ကတော့ ကလေးစာပေဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်။ နိုင်ငံတကာမှာရှိတဲ့ ကလေးစာပေတွေက ကျွန်တော်တို့ ထက်အများကြီးဖွံ့ဖြိုးတိုးတက်နေတယ်။ ခေတ်ကာလနဲ့ ပိုညီညွတ်တဲ့ စာအုပ်တွေထွက်နေတယ်။ ကျွန်တော်တို့မှာအဲဒီလောက်မပြည့် စုံသေးဘူး။ အဲဒီတော့ ပထမအချက်က ကျွန်တော်တို့စာပေမှာ ကလေးနဲ့ပတ်သက်တဲ့စာပေတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကိုလိုချင် တယ်။ နောက်တစ်ခုက ကလေးတွေစာဖတ် ဝါသနာပါလာ ဖို့ပဲ။ ကလေးတွေ စာဖတ်ဝါသနာပါလာဖို့ဆိုရင်ပုံပြောပြိုင်ပွဲတို့၊ ကဗျာ ရွတ်ပြိုင်ပွဲတို့တွေရှိမယ်။ ကလေးတွေက အဲဒါတွေနားထောင်မယ်။ သူတို့သဘောကျမယ်။ မိဘကလည်းစိတ်ဝင်စားကြမယ်။ ကေ လး တွေကမိဘတွေကိုအိမ်မှာ ပုံပြန်ပြောခိုင်းမယ်။ ဒါလေးတွေကို စိတ်ဝင်တစားအားကျပြီးလုပ်လာရင် ကလေးတွေက ပုံပြင်လေးတွေ ဖတ်လာမယ်။ တဖြည်းဖြည်းနဲ့စာဖတ် ဝါသနာပါတဲ့ကလေးဖြစ်လာမယ်။ ဗဟုသုတ၊ အသိအမြင်ကြွယ်ဝတဲ့ကလေး တစ်ေ ယာက်ဖြစ်လာပါမယ်။ဒါဟာအရေးကြီးဆုံးတန်ဖိုး၊ အကျိုးကျေးဇူးပဲ” လို့ဆရာဖေမြင့်ကပြောပါတယ်။ ကလေးတွေ စာဖတ် ဝါသနာ ပါလာစေဖို့နဲ့ပတ်သက်လို့ယနေ့ ခေတ်အချိန်အခါဝယ် ကျောင်းပညာရေးကိုဦးစားပေးကြရတဲ့မိဘနဲ့ ကျောင်းသားကြားကဖြစ်နေကျပုံစံ
လေးတွေကိုဆရာကအခုလို ထောက်ပြပြောဆိုပါတယ်။
” ကျွန်တော်တို့ ပညာရေးစနစ်က ကလေးတွေ ကျောင်းတစ်နေ့လုံးတက်ရတယ်။ ပြန်လာရင် ကျူရှင်တက်ရတယ်။ ကလေးတွေမှာ အင်မတန်မှကို မအားမလပ်နဲ့ လူကြီးထက်တောင်မှပင်ပန်းသလို ဖြစ်နေတယ်။ အချိန်ပြည့်ဆိုတော့ ကလေးတွေအဖို့မှာကျောင်း စာတွေ က အင်မတန်မှကို နှိပ်စက်တဲ့ အရာကြီး ဖြစ်နေတယ်။ အခုခေတ်မှာ Private ကျောင်းတွေပေါ်လာတဲ့အခါမှာလည်း အဲဒီစနစ် က သိပ် မပျောက်သေးဘူး။ ကျူရှင်လည်းတက်သေးတယ်။ ကျောင်းလည်းတက်ရသေးတယ်။
ဒီလိုပဲဖြစ်နေတာပေါ့နော်။ အဲဒီတော့ နိုင်ငံတကာ ကျောင်းတွေမှာတော့ ကျောင်းစာသင်ရင်းနဲ့တစ်ချိန်တည်းမှာ ဒီလိုစာအုပ်စာတမ်း ဖတ်ဖို့ကိုပါ ဝါသနာပါလာအောင် လုပ်ပေးထားတယ်။ သင်ရိုးညွှန်းတမ်းကိုလည်း လွတ်လွတ်လပ်လပ်၊ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ပေး ထား တဲ့အခါကျတော့ ကျောင်းစာကြည့်တိုက် ကို အသုံးပြုတယ်။ သူတို့ အသက်အရွယ်နဲ့ သူတို့ စိတ်ဝင်စားစရာ စာအုပ်လေးတွေ ဖတ်ရှုကြ တယ်။ ဆိုတော့ကလေးတွေကိုပြုစုပျိုးထောင်တဲ့နေရာမှာ နောင်တစ်နေ့ လူကြီးဖြစ်လာမှာမို့လို့ လူ့အဖွဲ့ အစည်းထဲမှာ သိသင့်၊ သိထိုက်တဲ့ ပညာတွေလည်းသိဖို့လိုတယ်။ ကျန်တဲ့ လူမှုလောကနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေလည်း ရှိဖို့ လိုတယ်။ အလို အလျောက်သိနေတဲ့ အသိလေးတွေလည်းရှိဖို့လိုတယ်။ တစ်ချိန်တည်းမှာလူ့ဘဝထဲမှာ နေရ တဲ့အတွက်ကို ပျော်ပျော်ရွှင်ရွှင် ရှိဖို့လိုတယ်။ အဲဒီအရာတွေကို ဒီလို ပွဲကတစ်စိတ်တစ်ဒေသ ဖန်တီး ပေးတဲ့သဘောပဲ” လို့ ဆရာဖေမြင့်ထံမှ သိရပါတယ်။
ဆက်လက်ပြီး ဆရာဖေမြင့်တို့အခုကျင်းပမယ့်နိုဘယ်မြန်မာ စာပေပွဲတော်တို့လို၊ဧရာဝတီစာပေပွဲ တော်တို့လို စာပေ ပွဲတော်ကြီးေ တွ ပေါ် ပေါက်လာခြင်းဟာဘယ်လိုအကျိုး ကျေးဇူးတွေရရှိစေမလဲလို့ မေးတဲ့ အခါ ” စာပေကို အဓိကထားတဲ့ ပွဲတော်ေ တွပေါ်လာတယ်ဆိုတာ စာပေအပိုင်းမှာ တိုးတက်မှု တစ်ရပ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ခပ်စောစောက သိပ်မ လွတ်လပ်တဲ့အခါ စာပေဟောပြောပွဲတို့လိုမျိုးတောင် ခွင့်ပြုချက်ခက်ခဲတာတို့၊စီစဉ်ရခက်တာတို့ ရှိခဲ့တယ်။ ဒီလိုပွဲတော်ကြီး တစ်ရပ် လုံးလုပ်ဖို့ ဆိုတာတော်တော်လေးခက်တယ်။ အဲဒီတော့ ဒီလိုပွဲတော်တွေ၊ ပွဲတော် တွေဖြစ်လာတယ် ဆိုရင်နောက် လည်းပဲ တခြား စိတ်ဝင်စားတဲ့အဖွဲ့ အစည်းတွေ၊အစုအဖွဲ့တွေ၊ပုဂ္ဂိုလ်တွေ ကနေ လုပ်ကြမယ်ဆိုရင်ကျွန်တော်တို့ စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့် လင်းလာဖို့ပိုပြီးတော့အထောက် အကူပြုလာနိုင်မယ်လို့ မြင်မိတယ်” လို့ပြောပြခဲ့ပါတယ်။
မျိုးမောင်
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments