09-790570465

09-975288547

MOAGs Admin Team

iBest Groups

အောင်မြင်မှုဆီသို့

Posted by   on Pinterest

ကျွန်တော့်အနေနဲ့ စာမရေးဖြစ်တာ သုံးနှစ်နီးပါးမျှရှိနေပြီဖြစ်သည်။ လစဉ် ထုတ်မဂ္ဂဇင်းတစ်စောင်နှင့် သုံးလတစ်ကြိမ် ထုတ် စာစောင်တစ်ခုကို ထုတ်ဝေနေရတာ ကြောင့် ကိုယ်ပိုင်စာမရေးဖြစ်ခဲ့ခြင်းဖြစ် သည်။ ဟိုတစ်နေ့က ဆရာကြည်မင်းရဲ့ ဘ၀ရဲ့ ဆည်းဆာများစာမူကို ဖတ်ပြီး အလုပ်ဘယ်လောက်များများ တတ်နိုင် သလောက်အချိန်ယူပြီး စာရေးမှ ဖြစ်တော့ မည်ဟု တွေးလိုက်မိသည်။
သည်လိုနှင့် စိတ်ကူးသာရှိပြီး မလုပ် ဖြစ်သေး။ Smart Phone ဟုခေါ်သော အရာကလေးများက ကျွန်တော့်စိတ်ကူးများ ကို ဆွဲယူထားသည်။ ကျွန်တော့်အလုပ်ချိန် များကို လျော့ပါးသွားစေသည်။ နည်းပညာ ကောင်းကျိုးနှင့် ဆိုးကျိုးဟုသာ ကျွန်တော် တွေးပြီး
အခုစာပြန်ရေးပါပြီ။

ဆွဲယူညှို့ငင်မှုများ လောက

ကျွန်တော်တို့လောကကြီးက ညှို့ယူ ဖမ်းစားမှုတွေ အတော်ကလေးများသည်။ ယခုကဲ့သို့ Smart Phone များမပေါ်မီက တယ်လီဗေးရှင်းများကို စွဲလမ်းခဲ့ကြသည်။ စွဲလမ်းအောင်လည်း ညှို့ငင်ဆွဲယူနိုင်စွမ်း ရှိနေသည်။
ယုတ်စွအဆုံး အအိပ်မက်တယ်ဆို သောအဖြစ်၊ အိပ်ယာစွဲရောဂါ (အိပ်ယာ စွဲရောဂါဟု မိမိအမည် တတ်ပါရစေ) ရတတ်ကြသည်။ တစ်နည်းအားဖြင့်ဆိုရ လျှင် ဆွဲယူညှို့ငင်နိုင်သော အရာများက ဖမ်းစားမည်မှာ ဓမ်္မတာဖြစ်သည်။ ကျွန်တော်တို့က အလွန်အကြူးမစွဲလမ်းမိစေရန် သာဖြစ်သည်။ စွဲလမ်းမိသွားလျှင် ကန့် သတ်နယ်မြေထဲ ရောက်သွားသလို ဘောင် ကျော်တွေးနိုင်စွမ်းကျဆင်းသွားတတ်သည်။ ဘောင်ကျော်တွေးနိုင်စွမ်းကျဆင်းလာလျှင် မိမိသွားလိုသော ပန်းတိုင်အတွက် နှောင့် နှေးသွားတတ်သည်။ ပို၍ဆိုးလျှင် ရပ်တန့် သွားနိုင်သည်။

 ဘောင်ကျော်တွေးနိုင်စွမ်းအား

ကန့်သတ်ထားသော (တစ်နည်း)ဖြစ်တည်နေသော အဖြစ်အပျက်၊ ကိစ်္စရပ် တစ်ခုအပေါ်မှာ ကျော်လွန်ပြီး တွေးမြင် နိုင်စွမ်းလို့ ကျွန်တော်ဆိုချင်ပါသည်။ ဘောင်ကျော်တွေးနိုင်စွမ်းဆိုတာနဲ့ ပတ် သက်ပြီး အဖြစ်ကလေးတစ်ခု ပြောပြချင် သည်။ ပြီးခဲ့သည် ၂၄-၁၀-၁၅ ရက်နေ့က ကျွန်တော့်ကို Facebook မှ စကားပြောလာ သည်။ သူက Qnet ဆိုသော ကုမ္ပဏီရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း အစချီပြီး Network Marketing အကြောင်းတွေကို ရှင်းပြလာသည်။ ကျွန်တော်အချိန်ပေးပြီး စကားပြန်ပြောပေးခဲ့သည်။
သည်လိုနှင့် သူနောက်ဆုံးစကားတစ် ခွန်းပြောသည်။ တစ်ကမ္ဘာလုံး Network Market ကုမ္ပဏီတွေသာဖြစ်လာမှာကို ရဲရဲကြီး ယုံကြည်ပြောလာသည်။ ကျွန်တော် အချိန်ပေးပြီး သူ့ကို ရှင်းပြချင်မိခဲ့သည်။
ဒီဘက်ခေတ် (တစ်နည်းအားဖြင့်) အစိုးရအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ Network Marketing (Multi Level) နဲ့ ပတ် သက်တဲ့ ကုမ္ပဏီအတော်များများ ၀င်ရောက် လာသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ၀င်ရောက်လာသည်။ အခြားသော လုပ်ငန်း စုများကို ဖယ်ထားပြီး Network Marketing (Multi Level)အကြောင်း ပြောကြည့်ရလျှင်
- မည်မျှအောင်မြင်နိုင်သနည်း။
- နိုင်ငံရေးအတွန်းအတိုက်၊ စီးပွားရေး အတွန်းအတိုက်ကို ဘယ်လောက်တောင့်ခံ ထားနိုင်မလဲ။
- နိုင်ငံတစ်နိုင်ငံရဲ့ ဘယ်လိုလူတန်းစား တွေက စိတ်ဝင်စားတာလဲ စသဖြင့် အချက် တော်တော်များများကို စဉ်းစားဖို့ လိုသည်။ (ဆရာမ နိုင်းနိုင်းစနေကလည်း သည်လုပ် ငန်းအကြောင်း ရေးသားထုတ်ဝေဖူးပါသည်။ ကောင်းမွန်သော လုပ်ငန်းတစ်ခုပါ။ သို့ သော်လည်း ငါ့ကို ယုံကြည်ပါဆိုသော အဖြစ်မျိုးနှင့်တူသော လုပ်ငန်းမျိုးဖြစ်နေ သည်။)
သို့သော် အဆိုပါကောင်မလေးက နှုတ်တိုက်ရွတ်ပြသကဲ့သို့ဖြစ်နေသည်။ သူ့စီးပွားရေးနှင့် ပတ်သက်ပြီး အောင်မြင် လိုစိတ်ရှိသည်။ သို့သော် ချက်ချင်းလက်ငင်း ဆိုသော ခံယူချက်က သူ့ကို စွဲလမ်းနေလေ တော့ ဘောင်ကျော်တွေးနိုင်စွမ်းက တန့်နေ သည်။

ယုံကြည်ခြင်း

လောကမှာ အချင်းချင်း ဆက်ဆံတဲ့ အခါ ယုံကြည်ချက်က မရှိမဖြစ်လိုအပ်တဲ့ အရာပါ မိတ်ဆွေ၊ အပေါင်းအသင်းအချင်း ချင်း ယုံကြည်ချက်အားနည်းမှုက ကိစ်္စ မရှိသော်လည်း နိုင်ငံရေး၊ စီးပွားရေးနယ် ပယ်တွေမှာတော့ ယုံကြည်ချက်အားနည်း တာနဲ့ ကျဆုံးရတတ်စမြဲပါ။
ဘယ်လိုနယ်ပယ်မျိုးမှာမဆို ““ငါ့ကို ယုံပါ၊ ငါ့ကို ယုံကြည်ပေးပါ””ဆိုတာထက် ““ယုံချင်စရာကောင်းလို့ယုံတယ်””ဆိုတာမျိုး ဘယ်အရာက သာမယ်ထင်ပါသလဲ။
Network Marketing ဆိုရာမှာလည်း ကျွန်တော့်ယူဆချက် ““ငါ့ကို ယုံကြည်ပေးပါ”” ပြောပြီး လုပ်ငန်းအတွက် စည်းရုံးရသလို ဖြစ်နေသည်။

မိမိကိုယ်ကိုယ် ယုံကြည်ပါ

သည်ဖက်ခေတ်မှာ လူငယ်အတော်များ များဟာ အောင်မြင်ချင်စိတ်ရှိလာကြသည်။ အမှန်တကယ်လည်း ကြိုးစားလုပ်ကိုင်လာ ကြသည်။ သို့သော် အရေးကြီးသည့်အချက် တစ်ခုရှိသည်။
သည်ဖက်ခေတ်မှာ I.Q ထက် E.Q ကို အရေးပေးလာကြသည်။ ကုမ္ပဏီအတော် များများတွင်လည်း ကိုယ်ကျင့်တရားကောင်း မွန်ခြင်း၊ အောင်မြင်လိုစိတ် သင်ယူလိုစိတ် ပြင်းပြသည့် လူငယ်များကို အရေးပေး လာကြသည်။
I.Q မကောင်းခြင်းသည် ပြုပြင်ယူ၍ သော်လည်းကောင်း၊ E.Q အားကောင်းမှု ကြောင့်သော်လည်းကောင်း တိုးတက်လာ နိုင်သည်။ E.Q မကောင်းလျှင်တော့ နိမ့်ကျ သည့် လူဟုသာ သတ်မှတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး E.Q ကောင်းအောင် လုပ်သင့်သည်။
E.Q အားကောင်းလာလျှင် အထက်၌ ပြောခဲ့သည့် ဘောင်ကျော်တွေးနိုင်စွမ်း I.Q မြင့်မားလာမည်ဖြစ်သလို အခြားသူ သည်လည်း မိမိအပေါ် ယုံကြည်လာမည်ဖြစ်ပြီး အောင်မြင်မှုဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
ဘုန်းညွှန့်လှိုင်
၅ . ၁၁ . ၂၀၁၅

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်