09-790570465

09-975288547

MOAGs Admin Team

iBest Groups

သင္တို႕အိမ္ေထာင္ေရးကို ေဆြးေႏြးစရာမလိုဘဲ တိုးတက္ေစမည့္ နည္းလမ္း (၁၀) ခု

Posted by   on Pinterest


ေယာက်ၤားေလးေတြဟာ အိမ္ေထာင္ေရးႏွင့္ ပက္သက္ျပီး မေဆြးေႏြးခ်င္ၾကပါဘူး။ အဲဒါေၾကာင့္ သူတို႕ကုိ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ ေမးခြန္းေတြကို ေရွာင္ၾကဥ္ျပီး သြယ္၀ိုက္တဲ့ နည္းလမ္းမ်ားျဖင့္ သင္တို႕ႏွစ္ေယာက္ ဆက္ဆံေရး တိုးတက္လာေအာင္ လုပ္ႏိုင္ပါတယ္။ သင္တို႕ႏွစ္ေယာက္ ဆက္ဆံေရးကို ေဆြးေႏြးစရာ မလိုဘဲ တိုးတက္ေစမည့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။

(၁) သင့္လက္တြဲေဖာ္၏ စိတ္အေျခအေနကို နားလည္ပါ

သင့္လက္တြဲေဖာ္၏ စိတ္အေျခအေနကုိ နားလည္ဖို႕ ၾကိဳးစားတာဟာ သင္တို႕ဆက္ဆံေရးကုိ တိုးတက္ေစမည့္ ပထမဆံုး ေျခလွမ္းျဖစ္ပါတယ္။ သင္ႏွင့္ မ်က္လံုးခ်င္း ဆံုမၾကည့္ဘူး၊ စကားမခြန္းမွ မေျပာဘဲ ျငိမ္ေနတဲ့ အခ်ိန္မ်ိဳးကို စကားေျပာဖို႕ သင္ မေရြးပါနဲ႕။ သူ စိတ္ၾကည္ျပီး စကားေျပာခ်င္တဲ့အခ်ိန္မ်ိဳးမွ သင္ေျပာခ်င္တာ ေျပာပါ။

(၂) သင့္ခံစားခ်က္ကို ေဖာ္ျပပါ

သင့္ခံစားခ်က္ကို စကားျဖင့္ မဟုတ္ဘဲ အမူအရာျဖင့္ ေဖာ္ျပဖို႕ ၾကိဳးစားပါ။ သူ႕လက္ကို ကိုင္ျခင္း၊ ပုခံုးေပၚ မွီျခင္း၊ ျပံဳးျပျခင္း စတဲ့ အမူအရာေတြျဖင့္ သင့္ခံစားခ်က္ကို ေဖာ္ျပပါ။ ေန႔စဥ္ သင္ လုပ္ေဆာင္မယ္ဆိုရင္ သင္ ဘယ္ေလာက္ သူ႕ကို ဂရုစိုက္ေၾကာင္း သူ သတိထားမိလာမွာပါ။

(၃) လက္ေဆာင္ေလးေတြ ေပးပါ

သင့္အခ်စ္ကို လက္ေဆာင္ေလးေတြျဖင့္ ေဖာ္ျပျခင္းက သင္တို႕ႏွစ္ဦးကို ပိုျပီးနီးစပ္ေစပါတယ္။ သင့္လက္တြဲေဖာ္ျမင္ေတြ႕ႏိုင္ေလာက္တဲ့ ေနရာေတြမွာ လက္ေဆာင္ေလးေတြ သူ႕ကို ခ်စ္ေၾကာင္း စာတိုေလးေတြ  မၾကာခဏထားေပးပါ။ အဲဒါဆို အခ်ိန္ၾကာလာတာနဲ႕အမွ် သင္တို႕အိမ္ေထာင္ေရးကို ပိုခိုင္ျမဲလာေစမွာပါ။

၄) သင္ မွားတဲ့အခါ ေတာင္းပန္ပါ

အမွားကို ၀န္ခံျခင္းက သင့္အခ်စ္ကို သြယ္၀ိုက္တဲ့နည္းလမ္းျဖင့္ ျပသျခင္းပါပဲ။ ေတာင္းပန္ပါတယ္ဆိုတဲ့ စကားဟာ ခ်စ္တယ္ဆိုတဲ့ စကားႏွင့္ သက္ေရာက္မႈ တူညီပါတယ္။

(၅) ရယ္ေမာပါ

ရယ္ေမာျခင္းက ကူးစက္တတ္ပါတယ္။ ဒါေၾကာင့္ မၾကာခဏ အားရပါးရ ရယ္ပါ။ သင္တို႕အိမ္ေထာင္ေရးမွာ အရာအားလံုးက ခက္ခဲၾကမ္းတမ္းေနရင္ေတာင္၊ ျပသာနာေတြ တက္ေနတဲ့အခ်ိန္ သင္ ရယ္ေမာေနႏိုင္တယ္ဆိုရင္ သင္တို႕ႏွစ္ေယာက္လံုးအတြက္ အဲဒီျပသာနာေတြဟာ ေသးေသးေလးေတြလို႕ ထင္လာေစႏိုင္ပါတယ္။ သင္တို႕ႏွစ္ေယာက္ အတူတကြ ရယ္ေမာတဲ့အခါ သင္တို႕ႏွစ္ေယာက္ကို ပိုျပီးနီးစပ္ေစပါတယ္။

(၆) တစ္ေယာက္အခက္အခဲကို တစ္ေယာက္က ကူညီပါ

အခက္အခဲေတြကို မေ၀မွ်ဘူးဆိုရင္ ဘယ္ဆက္ဆံေရးမဆို တင္းမာမႈေတြ ရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္အခက္အခဲေတြကို သူ႔ကို ေ၀မွ်သလို သူ႕အခက္အခဲေတြကို ကူညီေျဖရွင္းေပးပါ။ ႏွစ္ေယာက္စလံုး ခံစားရမည့္ မေကာင္းတဲ့ခံစားခ်က္ေတြကို ဖယ္ရွားေပးျပီး သင္တို႕ႏွစ္ေယာက္ အတူတူရွိမည့္အခ်ိန္ ပိုရလာမွာပါ။

(၇) အျမဲတမ္း စည္းလံုးေနပါေစ

သင္တို႕ႏွစ္ေယာက္ အခ်ိန္တိုင္းေတာ့ စိတ္သေဘာထား မတိုက္ဆိုင္ႏိုင္ပါဘူး။ ဒါေပမဲ့ လူၾကားသူၾကားထဲမွာ သင္တို႕ႏွစ္ေယာက္ စိတ္၀မ္းမကြဲသင့္ပါဘူး။ အျခားလူေတြေရွ႕မွာ သင္တို႕ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ေ၀ဖန္တာ၊ အမွားျပင္တာ၊ ဆန္႕က်င္ဘက္ေျပာတာေတြကို မလုပ္သင့္ပါဘူး။ အဲဒီလိုလုပ္ျခင္းဟာ သင္တို႕ကို အရွက္ရေစသလို ေနာက္ျပီး ခါးတီးတဲ့ ခံစားခ်က္ေတြကို ျဖစ္လာေစႏိုင္ပါတယ္။

(၈) အခ်ိန္ေပးပါ

တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ေပးျခင္းက ခိုင္ျမဲတဲ့အိမ္ေထာင္ေရးတစ္ခု တည္ေဆာက္ဖို႕ အေရး   အၾကီးဆံုးအခ်က္ပါ။ သင္တို႕ႏွစ္ေယာက္ စကားေျပာဖို႕ေတာင္ အခ်ိန္မေပးႏိုင္ဘဲ အလုပ္ရႈပ္ေနမယ္ဆိုရင္ တစ္ေယာက္ႏွင့္ တစ္ေယာက္ေ၀းကြာလာျပီး ေပ်ာ္ရႊင္ခိုင္ျမဲတဲ့ အိမ္ေထာင္တစ္ခုကို ထူေထာင္ႏိုင္မွာ        မဟုတ္ပါဘူး။

(၉) စိတ္လႈပ္ရွားစရာ အေတြ႕အၾကံဳအသစ္ေတြ ရွာေဖြပါ

အိမ္ေထာင္ေရးမွာ တစ္ေယာက္ကုိ တစ္ေယာက္ ျငီးေငြ႕တတ္တာ သဘာ၀ပါပဲ။ အဲဒါေၾကာင့္ သင္တို႕ႏွစ္ေယာက္ တစ္ခါမွ မေရာက္ဖူးတဲ့ ေနရာတစ္ခုကို ခရီးထြက္၊ ညစာအတူတူထြက္စားျခင္းမ်ိဳးျဖင့္ သင္တို႕ဆက္ဆံေရးမွာ စိတ္လႈပ္ရွားမႈ
ျပန္ရလာေအာင္ လုပ္ႏိုင္ပါတယ္။

(၁၀) မွ်မွ်တတ ရန္ျဖစ္ပါ

သင္တို႕ ဆက္ဆံေရးဟာ အခ်ိန္ၾကာလာတဲ့အခါ ဘာမဟုတ္တဲ့ကိစၥေလးအတြက္နဲ႕ေတာင္ ရန္ျဖစ္လာႏိုင္ပါတယ္။ ရန္ျဖစ္တဲ့အခါ တစ္ေယာက္ကို တစ္ေယာက္ မေအာ္ပါနဲ႕။ ေဒါသကို ထိန္းျပီး တည္တည္ျငိမ္ျငိမ္ ေျဖရွင္းႏိုင္ေအာင္ ၾကိဳးစားျပီး တစ္ခါတစ္ရံ အေပးအယူလုပ္ဖို႕ ျပင္ဆင္ထားပါ။

#သိမွတ္ဖြယ္ရာ
Credit: Shwemom
www.myanmarbookworld.com
Credit:Kumudar
Ref: beautyandtips.com
Photo : Google Image


ယောကျင်္ားလေးတွေဟာ အိမ်ထောင်ရေးနှင့် ပက်သက်ပြီး မဆွေးနွေးချင်ကြပါဘူး။ အဲဒါကြောင့် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မေးခွန်းတွေကို ရှောင်ကြဉ်ပြီး သွယ်ဝိုက်တဲ့ နည်းလမ်းများဖြင့် သင်တို့နှစ်ယောက် ဆက်ဆံရေး တိုးတက်လာအောင် လုပ်နိုင်ပါတယ်။ သင်တို့နှစ်ယောက် ဆက်ဆံရေးကို ဆွေးနွေးစရာ မလိုဘဲ တိုးတက်စေမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

(၁) သင့်လက်တွဲဖော်၏ စိတ်အခြေအနေကို နားလည်ပါ

သင့်လက်တွဲဖော်၏ စိတ်အခြေအနေကို နားလည်ဖို့ ကြိုးစားတာဟာ သင်တို့ဆက်ဆံရေးကို တိုးတက်စေမည့် ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ သင်နှင့် မျက်လုံးချင်း ဆုံမကြည့်ဘူး၊ စကားမခွန်းမှ မပြောဘဲ ငြိမ်နေတဲ့ အချိန်မျိုးကို စကားပြောဖို့ သင် မရွေးပါနဲ့။ သူ စိတ်ကြည်ပြီး စကားပြောချင်တဲ့အချိန်မျိုးမှ သင်ပြောချင်တာ ပြောပါ။

(၂) သင့်ခံစားချက်ကို ဖော်ပြပါ

သင့်ခံစားချက်ကို စကားဖြင့် မဟုတ်ဘဲ အမူအရာဖြင့် ဖော်ပြဖို့ ကြိုးစားပါ။ သူ့လက်ကို ကိုင်ခြင်း၊ ပုခုံးပေါ် မှီခြင်း၊ ပြုံးပြခြင်း စတဲ့ အမူအရာတွေဖြင့် သင့်ခံစားချက်ကို ဖော်ပြပါ။ နေ့စဉ် သင် လုပ်ဆောင်မယ်ဆိုရင် သင် ဘယ်လောက် သူ့ကို ဂရုစိုက်ကြောင်း သူ သတိထားမိလာမှာပါ။

(၃) လက်ဆောင်လေးတွေ ပေးပါ

သင့်အချစ်ကို လက်ဆောင်လေးတွေဖြင့် ဖော်ပြခြင်းက သင်တို့နှစ်ဦးကို ပိုပြီးနီးစပ်စေပါတယ်။ သင့်လက်တွဲဖော်
မြင်တွေ့နိုင်လောက်တဲ့ နေရာတွေမှာ လက်ဆောင်လေးတွေ သူ့ကို ချစ်ကြောင်း စာတိုလေးတွေ မကြာခဏထားပေးပါ။ အဲဒါဆို အချိန်ကြာလာတာနဲ့အမျှ သင်တို့အိမ်ထောင်ရေးကို ပိုခိုင်မြဲလာစေမှာပါ။

၄) သင် မှားတဲ့အခါ တောင်းပန်ပါ

အမှားကို ဝန်ခံခြင်းက သင့်အချစ်ကို သွယ်ဝိုက်တဲ့နည်းလမ်းဖြင့် ပြသခြင်းပါပဲ။ တောင်းပန်ပါတယ်ဆိုတဲ့ စကားဟာ ချစ်တယ်ဆိုတဲ့ စကားနှင့် သက်ရောက်မှု တူညီပါတယ်။

(၅) ရယ်မောပါ

ရယ်မောခြင်းက ကူးစက်တတ်ပါတယ်။ ဒါကြောင့် မကြာခဏ အားရပါးရ ရယ်ပါ။ သင်တို့အိမ်ထောင်ရေးမှာ အရာအားလုံးက ခက်ခဲကြမ်းတမ်းနေရင်တောင်၊ ပြသာနာတွေ တက်နေတဲ့အချိန် သင် ရယ်မောနေနိုင်တယ်ဆိုရင် သင်တို့နှစ်ယောက်လုံးအတွက် အဲဒီပြသာနာတွေဟာ သေးသေးလေးတွေလို့ ထင်လာစေနိုင်ပါတယ်။ သင်တို့နှစ်ယောက် အတူတကွ ရယ်မောတဲ့အခါ သင်တို့နှစ်ယောက်ကို ပိုပြီးနီးစပ်စေပါတယ်။

(၆) တစ်ယောက်အခက်အခဲကို တစ်ယောက်က ကူညီပါ

အခက်အခဲတွေကို မဝေမျှဘူးဆိုရင် ဘယ်ဆက်ဆံရေးမဆို တင်းမာမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် သင့်အခက်အခဲတွေကို သူ့ကို ဝေမျှသလို သူ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးပါ။ နှစ်ယောက်စလုံး ခံစားရမည့် မကောင်းတဲ့ခံစားချက်တွေကို ဖယ်ရှားပေးပြီး သင်တို့နှစ်ယောက် အတူတူရှိမည့်အချိန် ပိုရလာမှာပါ။

(၇) အမြဲတမ်း စည်းလုံးနေပါစေ

သင်တို့နှစ်ယောက် အချိန်တိုင်းတော့ စိတ်သဘောထား မတိုက်ဆိုင်နိုင်ပါဘူး။ ဒါပေမဲ့ လူကြားသူကြားထဲမှာ သင်တို့နှစ်ယောက် စိတ်ဝမ်းမကွဲသင့်ပါဘူး။ အခြားလူတွေရှေ့မှာ သင်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်
ဝေဖန်တာ၊ အမှားပြင်တာ၊ ဆန့်ကျင်ဘက်ပြောတာတွေကို မလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ခြင်းဟာ သင်တို့ကို အရှက်ရစေသလို နောက်ပြီး ခါးတီးတဲ့ ခံစားချက်တွေကို ဖြစ်လာစေနိုင်ပါတယ်။

(၈) အချိန်ပေးပါ

တစ်ယောက်ကို တစ်ယောက် အချိန်ပေးခြင်းက ခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခု တည်ဆောက်ဖို့ အရေးအကြီးဆုံးအချက်ပါ။ သင်တို့နှစ်ယောက် စကားပြောဖို့တောင် အချိန်မပေးနိုင်ဘဲ အလုပ်ရှုပ်နေမယ်ဆိုရင် တစ်ယောက်နှင့် တစ်ယောက်
ဝေးကွာလာပြီး ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်မှာ မဟုတ်ပါဘူး။

(၉) စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေ ရှာဖွေပါ

အိမ်ထောင်ရေးမှာ တစ်ယောက်ကို တစ်ယောက် ငြီးငွေ့တတ်တာ သဘာဝပါပဲ။ အဲဒါကြောင့် သင်တို့နှစ်ယောက် တစ်ခါမှ မရောက်ဖူးတဲ့ နေရာတစ်ခုကို ခရီးထွက်၊ ညစာအတူတူထွက်စားခြင်းမျိုးဖြင့် သင်တို့ဆက်ဆံရေးမှာ စိတ်လှုပ်ရှားမှု
ပြန်ရလာအောင် လုပ်နိုင်ပါတယ်။

(၁၀) မျှမျှတတ ရန်ဖြစ်ပါ

သင်တို့ ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါ ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့တောင် ရန်ဖြစ်လာနိုင်ပါတယ်။ ရန်ဖြစ်တဲ့အခါ တစ်ယောက်ကို တစ်ယောက် မအော်ပါနဲ့။ ဒေါသကို ထိန်းပြီး တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်အောင် ကြိုးစားပြီး တစ်ခါတစ်ရံ အပေးအယူလုပ်ဖို့ ပြင်ဆင်ထားပါ။





No comments:
Write comments

အသစ္တင္တုိင္း Mail ျဖင့္ဖတ္ရန္