လူတိုင်းဟာ နေထိုင်ရှင်သန်ဖို့ နေ့စဉ်ရုန်းကန်လှုပ်ရှားကြရပါတယ်။ တစ်နေ့တာအလုပ်တွေထဲ အထွေထွေသောစိတ်တွေနဲ့လူအမျိုးမျိုးကိုတွေ့ကြုံရတာကြောင့် စိတ်ဖိစီးမှုတွေဟာရှိစမြဲပါ။စိတ်ဖီးစီးမှုတွေများလာရင် စိတ်ရောကိုယ်ပါထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့်အလုပ်များတဲ့နေ့တွေမှာ စိတ်ဖိစီးမှုတွေကိုဘယ် လိုပြေလျော့ကြမလဲ….
(၁)ရေနွေးကြမ်း(Green Tea) သောက်ပါ။
ရေနွေးကြမ်းရဲ့ရနံဟာ စိတ်ကို ကြည်လင်တက်ကြွစေရုံသာမကဘဲ၊ စိတ်တိုတာတွေကို လျော့ကျစေတဲ့ L-Theanineပါဝင်ပါတယ်။ဒါ့ကြောင့်စိတ်တို၊ဒေါသဖြစ်တဲ့အခါ ကော်ဖီထက် ရေနွေးကြမ်းကိုပိုသောက်ပေး
သင့်ပါတယ်။
(၂)ပီကေ(Gum)ဝါးပါ။
ပီကေဝါးတာဟာ ခံတွင်းရနံကိုကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုပါလျော့ကျစေပါတယ်။ပီကေဝါးတဲ့အခါ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်း cortisol ကိုလျော့ကျစေတာကြောင့်ပဲဖြစ်ပါတယ်။
(၃)လက်ဖဝါးကိုနှိပ်နယ်ပေးပါ။
လက်ဖဝါးနှိပ်တာဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။လက်ဖဝါးနှိပ်တဲ့အခါ လက်မတစ်ဖက်ကို
အခြားလက်ဘက်က လက်မနဲ့လက်ညှိုးကြားထဲက လက်ဖဝါးအဖောင်းသားလေးကို အသာအယာဖိပြီး နှိပ်ပေးဖို့လိုပါ
တယ်။
(၄)တရားထိုင်ပါ။
တရားထိုင်တာဟာ စိတ်အေးငြိမ်းရုံမက အာရုံစူးစိုက်မှုလည်းကောင်း စေပါတယ်။နောက်ပြီး မနက်ပိုင်းထိုင်ရင် စိတ်ဓာတ်ကျတာ၊စိတ်ဖိစီးတာကို လည်းသက်သာစေပြီး၊ ညအိပ်ယာမဝင်မီထိုင်ရင် ကောင်းစွာအိပ်ပျော်စေပါ တယ်။တရားထိုင်တဲ့အခါ အချိန်(၁၅)မိနစ်လောက်ပေး ပြီး၊ ဝင်လေထွက်လေမှတ်ပါ။
(၅)ကြည်နူးစရာတွေကို စိတ်ကူးပုံဖော်ကြည့်ပါ။
ပထမဦးဆုံးသင်ဟာကမ်းခြေတစ် ခုရောက်သွားပြီလို့ စိတ်ကူးလိုက်ပါ။လှိုင်းသံတွေ၊လေပြေညှင်းလေး တွေ၊ပင် လယ်လေတွေ၊အုန်းလက် သံလေးတွေ ကိုကြားယောင်ခံစားကြည့်ပါ။ဒီနည်းကလည်း စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့  တကယ်ကောင်းတဲ့နည်းပါ။
(၆)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်း (Workout,Cardio,Gym) လုပ်တာဟာ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရုံသာမက စိတ်ဖိစီးမှုလည်းလျော့
နည်းေ စပါတယ်။
နည်းေ
(၇)ပျော်ရွှင်စေတဲ့အရာတွေကို လုပ်ပါ။
သင်ဝါသနာပါတာမျိုး Golf ရိုက်တာပဲဖစ်ဖြစ်၊စာအုပ်ဖတ် တာ၊ သီချင်းနားထောင်တာ၊ပန်းပင် စိုက်တာ၊ရေကူးတာ စတဲ့အလုပ်တွေလုပ်ပါ။ဒါတွေဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပါ တယ်။
သင့်အလုပ်မှာစိတ်ဖိစီးမှုတွေ ရှိလာရင် အတတ်နိုင်ဆုံးပြေလျော့အော င်ကြိုးစားပါ။ဒီနည်းတင်မဟုတ်ဘဲ အခြား
သင့်ကို ပျော်ရွှင်စေမယ့် ဘယ်အရာကိုမဆိုလုပ်ကြည့်ပါ။
#ကျန်းမာရေး
www.shwemom.com မှကူးယူဖော်ပြပါသည်။
Photo Credit: Google Image
No comments:
Write comments