09-790570465

09-975288547

MOAGs Admin Team

iBest Groups

လျှာနှင့် သွားတု၊ အံကပ်တို့ မကြာခဏပွတ်တိုက်မိလျှင် ခံတွင်းကင်ဆာဖြစ်ပွားနိုင်

Posted by   on Pinterest





  ကျွမ်းကျင် သေသပ်မှုမရှိသည့် သွားအတု၊ အံကပ်၊ သွားအစွပ်စွပ်ခြင်းများနှင့် ခံတွင်းရှိ လျှာတို့ မကြာခဏပွတ်တိုက်မိရာက အနာဖြစ်လာပြီး အချိန်ကြာလာလျှင် ကင်ဆာအဆင့်သို့ ကူးပြောင်းနိုင်ကြောင်း သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာထွန်းဇော်က ပြောကြားသည်။

‘‘သွားအတုစိုက်ထားတဲ့ အံကပ်တွေ၊ သွားစွပ်ရဲ့ အစွန်းလေးတွေနဲ့ လျှာကို နည်းနည်းခြစ်မိပြီး အနာဖြစ်လိုက်၊ ပြန်ကျက်သွားလိုက် ဖြစ်မယ်။ နောက် ပြန်ခြစ်မိလိုက်နဲ့ အချိန်ကြာလာတဲ့အခါ အနာလေးတွေ ဖြစ်လာတယ်။ ပါးစောင်တွေကို ရှတယ်။ အနာဖြစ်တယ်။ အနာကသေးသေးလေး သိပ်လည်းမနာဘူးဆိုတော့ ဂရုမစိုက်ကြဘူး။ နောက်တော့မှ သွားဆရာဝန်ဆီရောက်လာပြီး သံသယရှိလို့ စစ်လိုက်တော့မှ ကင်ဆာ ဖြစ်နေတယ်’’ဟု ၎င်းက ရှင်းပြ သည်။

ခံတွင်းကင်ဆာသံသယရှိ လူနာအဖြစ်သတ်မှတ်ရာတွင် ခံတွင်းအတွင်း၌ အနာဖြစ်နေသည့် ကြာချိန်၊ နာကျင်မှု ရှိ၊ မရှိ၊ အစားအစာစားသုံးခြင်းတွင် အခက်အခဲ ရှိ၊ မရှိ(အချို့အပူအစပ်များစားသည့်အခါ နာကျင်) စသည့်အချက်များဖြင့်သုံးသပ်ပြီး ကင်ဆာဟုယူဆပါက ခံတွင်းကင်ဆာအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးကြောင်း သိရသည်။

ခံတွင်းကင်ဆာဖြစ်စေနိုင်သော အကြောင်းများတွင် ဆေးရွက်ကြီးကို ပါးစောင်အတွင်းသို့ ငုံခြင်းမှာ ပထမဖြစ်ပြီး ကွမ်းစားသုံးခြင်းမှာ ဒုတိယဖြစ်ကြောင်း၊ ထို့အပြင် သွားအတုစိုက်ခြင်း၊ သွားအစွပ်စွပ်ခြင်းမှ ချို့ယွင်းချက်ကြောင့် ပါးစောင်တွင် အနာဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်ကြောင်း သိရသည်။

‘‘ခံတွင်းကင်ဆာဖြစ်တာကို သိပြီဆိုတာနဲ့ နောက်ကျတာများတယ်။ ဆရာ့အတွေ့အကြုံအရ ပြောတာ။ နယ်တွေမှာဆိုပိုပြီး သိတာနောက်ကျကြတယ်။ ပါးစပ်ထဲမှာ အနာလေးဖြစ်နေလည်း အစားစားလို့ရရင် သွားဆရာဝန် ဆီမလာဘူး။ သွားကိုက်နေတာတောင် နေလို့ရသမျှနေကြတာ။ မခံနိုင်မှ ဆရာဝန်ဆီရောက်လာတယ်။ အမှန်က သွားနဲ့ခံတွင်း ကျန်းမာရေးကို ခြောက်လတစ်ကြိမ် စစ်ဆေးရင် အကောင်းဆုံးပါ။ ရောဂါစောစောသိလို့ ကုနိုင်ရင် ပျောက်တယ်’’ဟု သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာထွန်းဇော်က ဆိုသည်။


7daydaily မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်