09-790570465
09-975288547
MOAGs Admin Team
iBest Groups
အသက်အရွယ်ကြီးလာလေ ဦးနှောက်စွမ်းရည် ပိုပိုမြင့်လာလေ
Posted by   on Pinterest
အသက်နှစ်ဆယ်အရွယ်မှာ ဦးနှောက်အဖွံ့ဖြိုးဆုံးလို့ ဆိုကြပေမယ့်လည်း လက်တွေ့မှာ တချို့သော အစိတ်အပိုင်းတွေဟာ အသက်ကြီး ရင့်ချိန် မတိုင်ခင်အထိ ဦးနှောက် အပြည့်အ၀ဖွံ့ဖြိုးမှု မရှိသေးကြောင်း သိရတယ်။
တခြားသူတွေရဲ့ စိတ်ခံစားမှုကို ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ဖွံ့ဖြိုးမှုမှာ အသက် ၄၀ နဲ့ ၅၀ လောက်မှာမှဖွံ့ဖြိုးကြောင်းသိရတယ်။
အသက် ၁၈ နှစ်နဲ့ ၁၉ နှစ် အရွယ်မှာ သတင်းအချက်အလက် တွေ စီမံဆောင်ရွက်နိုင်စွမ်းရည် အမြင့်ဆုံးဖြစ်ပြီး၊ အသက် ၂၅ နှစ် အရွယ်မှာ ရေတို မှတ်ဥာဏ်စွမ်းရည် အမြင့်မားဆုံး အခြေအနေကို ရောက်တယ်။ အသက် ၃၀ အ ရွယ်မှာ မျက်နှာမှတ်မိနိုင်စွမ်း အမြင့် ဆုံးရောက်ရှိပြီး၊ အသက် ၃၅ နှစ်မှာ ရေတိုမှတ်ဥာဏ် ပြန်လည်ကျဆင်း နိုင်ကြောင်း သိရတယ်။
အသက် ၄၀ နဲ့ ၅၀ ကြားမှာ စိတ်ခံစားချက်တွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း အမြင့်မား ဆုံးဖြစ်ကာ အသက် ၆၀ မှာ စကား လုံးသစ်တွေကို လေ့လာနိုင်စွမ်းရှိ နေဆဲဖြစ်ပြီး၊ အသက် ၆၀ အသက် ၇၀ နဲ့ ၇၀ အထက်ကာလမှာ ကျိုး ကြောင်းဆက်စပ် ဆင်ခြင်နိုင်စွမ်း ရည်မှာ အပြတ်သားဆုံး အမြင့်ဆုံးကို ရောက်ရှိကြောင်း သိရတယ်။
မတူညီတဲ့ စွမ်းရည်အမျိုးမျိုးက အသက်အရွယ်အမျိုးမျိုးမှာ ဖွံ့ဖြိုး လာပြီး၊ တချို့သောစွမ်းရည်တွေဟာ အသက် ၄၀ မှာ တန့်သွားကြောင်း သိရတယ်။
လေ့လာမှု သုတေသနကို မက်ဆာချူးဆက် နည်းပညာတက္က သိုလ် ဦးနှောက်စွမ်းရည် သိပ္ပံဌာနမှ ပါမောက္ခ ဟိုရှာဟာရွမ်နဲ့ အဖွဲ့က ပြုလုပ်ကာ  Psychological Science ဂျာနယ်မှာ ထည့်သွင်း ဖော်ပြထားတယ်။
ညွန့်လွင် (စက်မှုတက္ကသိုလ်)
Ref; Daily Mail
healthupdatesjournal  မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
No comments:
Write comments
အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်