09-790570465

09-975288547

MOAGs Admin Team

iBest Groups

အသက်အရွယ်နဲ့ မဆိုင်ဘဲ အမြင်အာရုံ ပြောင်းလဲလာရတဲ့ အကြောင်းအရင်း (၆) ခု

Posted by   on Pinterest


မျက်​လုံး
၁ – ဖန်သားမျက်နှာပြင်
ကွန်ပျူတာနဲ့ စမတ်ဖုန်းလို မျက်နှာပြင်တွေကို လူတွေဟာ တစ်နေ့မှာ မိနစ်ပေါင်း ၄၀၀ လောက်ကြည့်ကြပါတယ်။ ဒါဟာ မျက်လုံး ပင်ပန်းမှုတွေဖြစ်ကာ အမြင်အာရုံလည်း ဝေဝါးစေပါတယ်။ မျက်တောင်ခတ်မှုအကြိမ်အရေ နည်းပါးလာပြီး မျက်လုံးဟာ ခြောက်သွေ့လာတာကြောင့်လည်း ပါပါတယ်။

၂ – မျက်ကပ်မှန်
မျက်ကပ်မှန်ကို အချိန်အကြာကြီး တပ်ထားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
၃ – ဒဏ်ရာ
မျက်လုံးကို ခြစ်မိတာတွေ၊ တိုက်မိတာတွေ စတဲ့ ဒဏ်ရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၎ – ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်ကာလမှာလည်း အမြင်အာရုံမှုန်ဝါးခြင်းတွေ၊ အမြင်နှစ်ထပ်ဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။
၅ – ဆေးဝါး
သွေးတိုးကျဆေးတွေ၊ စိတ်ပိုင်းဆိုင်ရာ ကုသတဲ့ ဆေးတွေနဲ့ အချို့ဆေးတွေဟာ မျက်လုံးကို ခြောက်သွေ့စေပါတယ်။ မျက်လုံး ယားယံတာတွေ၊ နီတာတွေ၊ အောင့်တာတွေနဲ့ ဝေဝါးတာတွေ ဖြစ်တတ်ပါတယ်။
၆ – ရေတိမ်
မျက်လုံးရေတိမ် စွဲတာကတော့ သင်ဂရုစိုက်ရမယ့် အချက်ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကနေ ၆၀ အတွင်း လူတွေဟာ နှစ်နှစ်မှာ တစ်ခါ မျက်လုံးကျန်းမာရေး စစ်ဆေးတာတွေ  လုပ်ပေးသင့်ပါတယ်။
Photos & Source: Prevention
www.lwinpyin.com မှကူးယူဖော်ပြပါသည်။ 

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်