ငယ္ရြယ္သူေတြရဲ႕ေသြးရည္ၾကည္ကို ပံုမွန္ထိုးသြင္းေပးရင္ အိုမင္းရင့္ေရာ္မႈကို အံတုနိုင္လိမ့္မယ္ လို႔ သုေတသီေတြကေတြ႔ရွိခဲ့ၾကပါတယ္။ေလ့လာမႈမွာ လူ႔အသက္ ၅၀ အရြယ္နဲ႔ညီမွ်တဲ့ သက္တမ္းရွိတဲ့ၾကြက္ေတြကို ၁၈ ႏွစ္အရြယ္ လူငယ္ ေသြးရည္ၾကည္ေတြ တစ္ပတ္ႏွစ္ၾကိမ္ထိုးႏွံေပးခဲ့ၾကပါ တယ္။
သူတို႔ကို ေသြးရည္ၾကည္မထိုးေပးခင္က ၾကြက္ေတြဟာလႈပ္ရွားမႈေႏွးေကြးတာ၊ မွတ္ဥာဏ္စစ္ေဆးမႈ ေတြမွာအမွတ္နည္းတာတို႔လို အိုမင္းရင့္ေရာ္မႈ လကၡ ဏာေတြရွိေနခဲ့တာပါ။ ဒါေပမယ့္ သံုးရက္ၾကာကုသမႈခံ ယူျပီး ေနာက္ သူတို႔ဟာ ပိုလန္းဆန္းလာ၊ ပိုသြက္လက္လာပံုရျပီး မွတ္ဥာဏ္ပိုေကာင္းလာတာေတြ႔ရ တယ္လို႔ New Scientist မွာ ေဖာ္ျပထားပါတယ္။
သုေတသနရလဒ္ေတြအရ သည္ၾကြက္ေတြမွာ အားသစ္ေလာင္းအာနိသင္ေတြ ေတြ႔ရွိရေၾကာင္း ကေနဒါဓာတ္ခြဲခန္းဌာန Alkahest မွ သုေတသီ ဆာကူရာ မီနာမီ ကေျပာပါတယ္။ သည္ေလ့လာမႈကို လူသားေတြအတြက္ကုထံုးတစ္ခု အျဖစ္ လုပ္ေဆာင္ဖန္တီးနိုင္မယ့္ အလားအလာရွိတယ္လို႔လည္း သူမကဆိုပါ တယ္။
ၾကြက္ေတြမွာ ေသြးရည္ၾကည္ကိုလက္ခံရရွိျပီးေနာက္ပိုင္းမွာ ဦးေႏွာက္ဆဲလ္ အသစ္ေတြျဖစ္ေပၚလာတာေတြ႔ရျပီး သည္ျဖစ္စဥ္ကပဲ မွတ္ဥာဏ္နဲ႔ သင္ယူေလ့လာနိုင္စြမ္းတို႔အတြက္ အက်ိဳးအာနိသင္ရွိေစတာလို႔ယူဆရပါ တယ္။
ေသြးရည္ၾကည္ဟာ ေသြးနီဥ၊ေသြးျဖဴဥ၊ ေသြးကလာပ္စည္း၊နဲ႔တျခားဆဲလ္ေတြ မပါဘဲ ေသြးထဲမွာပါဝင္တဲ့ အရည္တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ ၎က ဝါေဖ်ာ့ေဖ်ာ့အေရာင္ရွိျပီး အေရးပါတဲ့ပရိုတင္းဓာတ္ေတြနဲ႔ ပဋိပစၥည္းေတြပါရွိ ပါတယ္။
“ကြ်န္မတို႔ရဲ႕တစ္ရွဴးေတြအားလံုးကို ဆဲလ္အသစ္ေတြနဲ႔အဆက္မျပတ္ အားျဖည့္တင္းေနရတာျဖစ္ပါ တယ္။ေသြးရည္ၾကည္ရဲ႕အခန္းက႑ကေတာ့ ခႏၶာကိုယ္ရဲ႕တစ္ရွဴးေတြဆီကို ေမာ္လီက်ဴးေတြအမ်ိဳးမ်ိဳးေရာက္ရွိ ေအာင္ပို႔ေဆာင္ေပးဖို႔ပါပဲ။” လို႔ University of Sheffield မွ Musculoskeletal Ageing ဆိုင္ရာပါေမာကၡ Ikaria Bellantuono က ေျပာပါတယ္။သီအိုရီအရေတာ့ လူေတြဟာအသက္အရြယ္ရလာတာနဲ႔အမွ် သူတို႔ရဲ႕ဆဲလ္ေတြက ေမာ္လီက်ဴးတခ်ိဳ႕ကို စတင္စြန္႔ထုတ္ပစ္လာၾကျပီး ခႏၶာကိုယ္တြင္းတစ္ရွဴးေတြကို မထိန္းသိမ္းနိုင္ေတာ့ဘဲ မက်န္းမမာျဖစ္ လာေစတယ္ လို႔ သူကေျပာျပပါတယ္။
လူငယ္ေတြရဲ႕ေသြးရည္ၾကည္ကို အယ္ဇိုင္းမားလူနာေတြကို ပံုမွန္ေသြးသြင္းေ ပးတဲ့ လက္ေတြ႔စမ္းသပ္မႈကို Stanford University မွာ လုပ္ေဆာင္ေနဆဲျဖစ္ တယ္လို႔ သိရပါတယ္။
#က်န္းမာေရး #သိမွတ္ဖြယ္ရာ
Credit: Lwinpyin
www.myanmarbookworld.com
Photo Credit: Google Image
Ref: Independent
ငယ်ရွယ်သူတွေရဲ့သွေးရည်ကြည်ကို ပုံမှန်ထိုးသွင်းပေးရင် အိုမင်းရင့်ရော်မှုကို အံတုနိုင်လိမ့်မယ် လို့ သုတေသီတွေကတွေ့ရှိခဲ့ကြပါတယ်။
လေ့လာမှုမှာ လူ့အသက် ၅၀ အရွယ်နဲ့ညီမျှတဲ့ သက်တမ်းရှိတဲ့ကြွက်တွေကို ၁၈ နှစ်အရွယ် လူငယ် သွေးရည်ကြည်တွေ တစ်ပတ်နှစ်ကြိမ်ထိုးနှံပေးခဲ့ကြပါ တယ်။
သူတို့ကို သွေးရည်ကြည်မထိုးပေးခင်က ကြွက်တွေဟာလှုပ်ရှားမှုနှေးကွေးတာ၊ မှတ်ဉာဏ်စစ်ဆေးမှု တွေမှာအမှတ်နည်းတာတို့လို အိုမင်းရင့်ရော်မှု လက္ခ ဏာတွေရှိနေခဲ့တာပါ။ ဒါပေမယ့် သုံးရက်ကြာကုသမှုခံယူပြီး နောက် သူတို့ဟာ ပိုလန်းဆန်းလာ၊ ပိုသွက်လက်လာပုံရပြီး မှတ်ဉာဏ်ပိုကောင်းလာတာတွေ့ရ တယ်လို့ New Scientist မှာ ဖော်ပြထားပါတယ်။
သုတေသနရလဒ်တွေအရ သည်ကြွက်တွေမှာ အားသစ်လောင်းအာနိသင်တွေ တွေ့ရှိရကြောင်း ကနေဒါဓာတ်ခွဲခန်းဌာန Alkahest မှ သုတေသီ ဆာကူရာ မီနာမီ ကပြောပါတယ်။ သည်လေ့လာမှုကို လူသားတွေအတွက်ကုထုံးတစ်ခု အဖြစ် လုပ်ဆောင်ဖန်တီးနိုင်မယ့် အလားအလာရှိတယ်လို့လည်း သူမကဆိုပါ တယ်။
ကြွက်တွေမှာ သွေးရည်ကြည်ကိုလက်ခံရရှိပြီးနောက်ပိုင်းမှာ ဦးနှောက်ဆဲလ် အသစ်တွေဖြစ်ပေါ်လာတာတွေ့ရပြီး သည်ဖြစ်စဉ်ကပဲ မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းတို့အတွက် အကျိုးအာနိသင်ရှိစေတာလို့ယူဆရပါ တယ်။
သွေးရည်ကြည်ဟာ သွေးနီဥ၊သွေးဖြူဥ၊ သွေးကလာပ်စည်း၊နဲ့တခြားဆဲလ်တွေ မပါဘဲ သွေးထဲမှာပါဝင်တဲ့ အရည်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ၎င်းက ဝါဖျော့ဖျော့အရောင်ရှိပြီး အရေးပါတဲ့ပရိုတင်းဓာတ်တွေနဲ့ ပဋိပစ္စည်းတွေပါရှိ ပါတယ်။
“ကျွန်မတို့ရဲ့တစ်ရှူးတွေအားလုံးကို ဆဲလ်အသစ်တွေနဲ့အဆက်မပြတ် အားဖြည့်တင်းနေရတာဖြစ်ပါ တယ်။သွေးရည်ကြည်ရဲ့အခန်းကဏ္ဍကတော့ ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေဆီကို မော်လီကျူးတွေအမျိုးမျိုးရောက်ရှိ အောင်ပို့ဆောင်ပေးဖို့ပါပဲ။” လို့ University of Sheffield မှ Musculoskeletal Ageing ဆိုင်ရာပါမောက္ခ Ikaria Bellantuono က ပြောပါတယ်။သီအိုရီအရတော့ လူတွေဟာအသက်အရွယ်ရလာတာနဲ့အမျှ သူတို့ရဲ့ဆဲလ်တွေက မော်လီကျူးတချို့ကို စတင်စွန့်ထုတ်ပစ်လာကြပြီး ခန္ဓာကိုယ်တွင်းတစ်ရှူးတွေကို မထိန်းသိမ်းနိုင်တော့ဘဲ မကျန်းမမာဖြစ် လာစေတယ် လို့ သူကပြောပြပါတယ်။
လူငယ်တွေရဲ့သွေးရည်ကြည်ကို အယ်ဇိုင်းမားလူနာတွေကို ပုံမှန်သွေးသွင်းေ ပးတဲ့ လက်တွေ့စမ်းသပ်မှုကို Stanford University မှာ လုပ်ဆောင်နေဆဲဖြစ် တယ်လို့ သိရပါတယ်။
No comments:
Write comments