အိမ်ထောင်ပြုခြင်းဟာ သင့်ခန္ဓာကိုယ်အလေးချိန်အတွက် ဆိုးကျိုးဖြစ်စေပါသတဲ့။ အထူးသဖြင့်သင်ဟာ အမျိုးသမီးတစ်ယောက် ဆိုရင်ပေါ့။ မင်္ဂလာပွဲမတိုင်ခင် လတွေမှာ ထိန်းထိန်းသိမ်းသိမ်း စားသောက်တဲ့ သတို့သမီးတွေဟာ လက်ထပ်ပြီး နှစ်ဝက်အတွင်း ကိုယ်အလေးချိန် အတိုးဆုံး အမျိုးသမီးတွေဖြစ်ပါတယ်။
သုတေသနရပ်မှာ ပါဝင်ကူညီခဲ့ကြတဲ့ သတို့သမီး အယောက် ၃၅၀ရဲ့ ထက်ဝက်ဟာ မင်္ဂလာဆောင် မတိုင်ခင်မှာ ကိုယ်အလေးချိန် လျှော့ဖို့ ဆန္ဒရှိခဲ့ကြပြီး ပျှမ်းမျှ အားဖြင့်တော့ ကိုယ်အလေးချိန် မလျော့တာကိုပဲတွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာပွဲပြီးတဲ့နောက် ၆လ အကြာမှာတော့ ၄ ဒဿ မ ၇ပါင် တက်လာ ပြီး မင်္ဂလာပွဲမတိုင်ခင် ကိုယ်အလေးချိန် လျှော့ချင်ခဲ့သူတွေမှာ အလေးချိန် ပိုပြီးသိသိသာသာ တက်လာတာကို တွေ့ရပါတယ်။
လက်ထပ်ပြီးနောက်ပိုင်း အမျိုးသမီးတွေမှာ ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အကြောင်းက ယောကျာ်းလည်းရပြီးပြီဆိုတော့ ကိုယ်အလေးချိန် ထိန်းချင်စိတ်လည်း မရှိတော့ တာကြောင့်ပါ လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ အိမ်ထောင်ကျပြီးလည်း ကိုယ့်ဖက်ရှင်၊ ခန္ဓာကိုယ်အချိုးအစားကို ဆက်လက်ထိန်းသိမ်းပြီး နေထိုင်ကြဖို့ အိမ်ထောင်ရှင်မအားလုံးကို တိုက် တွန်းလိုက်ပါရစေ။
#သိမှတ်ဖွယ်ရာ
trend myanmar မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com
Photo Credit: Google Image

No comments:
Write comments