09-790570465

09-975288547

MOAGs Admin Team

iBest Groups

မိမိကိုယ္ကို ေအာင္ျမင္ သထက္ေအာင္ျမင္ေအာင္ ေဆာင္ရြက္ႏိုင္မည့္ နည္းလမ္း ၁၀ သြယ္

Posted by   on Pinterest


လူတိုင္းရဲ႕ဘဝမွာ ေအာင္ျမင္ ခ်င္တာေတြ ျဖစ္ခ်င္တာေတြက မ်ားျပားလွပါတယ္။
ျဖစ္ခ်င္တဲ့ဆႏၵေတြကို အမွန္တကယ္ျဖစ္ဖို႔လည္း အားလံုးက ဆႏၵရွ္ိတတ္ၾကပါတယ္။ မိမိရဲ႕အိပ္မက္ေတြကို လက္ေတြ႔ပိုင္ဆိုင္ရေအာင္ ၾကိဳးစားခ်င္ၾကတဲ့ ပရိသတ္ၾကီးအတြက္ အသံုးဝင္မယ့္ အၾကံဥာဏ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္။

၁။ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ပါ။

ကိုယ့္ရည္မွန္းခ်က္ေတြကို ျဖည့္ဆည္းဖို႔ က်န္းမာေနဖို႔ အေရးၾကီးတဲ့
အတြက္ ကိုယ္နဲ႔သင့္ေတာ္တဲ့ ေလ့က်င့္ခန္းတစ္ခုခုကို အျမဲလုပ္ပါ။

၂။ မိမိအားသာခ်က္ေတြကို ထုတ္ေဖာ္အသံုးခ်ပါ။

အခ်ိဳ႕လူေတြဟာ ဆႏၵေတြေနာက္လိုက္ရင္း မိမိအားသာခ်က္ေတြကို ေမ့ေလ်ာ့သြားတတ္ၾကပါတယ္။ မိမိအားသာခ်က္ေတြကို သိရွိအသံုးခ်တတ္တာဟာ စမ္းတဝါးဝါးစမ္းလုပ္တာထက္ အဆေပါင္းမ်ားစြာ ခရီးေရာက္ပါတယ္။

၃။ မေန႔ကသင္နဲ႔ ဒီေန႔သင္ကို အျမဲတမ္းတိုင္းတာပါ။

မိမိကိုယ္ကို ဆန္းစစ္၊ စစ္ေဆးျခင္းဟာ ကိုယ့္ရည္မွန္းခ်က္ေတြ ကို ေရာက္ေအာင္ အားၾကိဳးမာန္တက္ လုပ္ေဆာင္လုိစိတ္ ကို ျပင္းျပေစပါတယ္။

၄။ စကားစျမည္ေျပာပါ။

အားလပ္ခ်ိန္ေတြမွာ သူငယ္ခ်င္းေတြနဲ႔ ေခတၱခဏ စကားေျပာျခင္းဟာ စိတ္ကိုေပါ့ပါးလန္းဆန္းေစပါတယ္။

၅။ အခ်ိန္ေတြကို စနစ္တက်ခန္႔ခြဲပါ။

အလုပ္ေတြဖိစီးျပီး ကိုယ့္ပိုင္အခ်ိန္မက်န္တာမ်ိဳးမျဖစ္ေအာင္နဲ႔ အလုပ္ လုပ္သင့္တဲ့ အခ်ိန္ေတြကို မျဖဳန္းမိေစဖို႕ အခ်ိန္ေတြကို စနစ္တက် စီမံပါ။

၆။ စိတ္ဝင္စားမႈေတြကို ရွာေဖြပါ။

ညမအိပ္ခင္မွာ ကိုယ္စိတ္ဝင္စားတဲ့ အရာေတြကို ရွာေဖြစူးစမ္းပါ။ ကိုယ့္အရည္အခ်င္းေတြကို အသံုးခ်လို႔ရမယ့္နည္းေတြကို အျမဲမျပတ္
စူးစမ္းပါ။

၇။ အာလႅာပ သလႅာပေတြမေျပာပါနဲ႔။

အတင္းအဖ်င္းေျပာတာေတြ၊ စပ္စုတာေတြေၾကာင့္ အလုပ္ခ်ိန္ေတြကို မထိခိုက္ပါေစနဲ႔။

၈။ ကိုယ့္မႏၱန္တရားေတြရွာေဖြပါ။

မိမိကို တက္ၾကြေစတဲ့ ေဆာင္ပုဒ္ေတြကို ခ်ေရးထားျပီး ကိုယ္ျမင္သာ တဲ့ေနရာမွာ ကပ္ထားပါ။

၉။ ၾကားရေအာင္ဖတ္ပါ။

မိမိရည္မွန္းခ်က္ေတြကို ၾကားေလာက္ေအာင္ေအာ္ဖတ္ပါ။ အဲဒီလိုလုပ္ျခင္းအားျဖင့္ မိမိရည္မွန္းခ်က္ေတြကို ပိုမိုျမင္သာလာမွာ ျဖစ္ပါတယ္။

၁ဝ။ အခက္အခဲေတြကို ေက်ာ္ျဖတ္ပါ။

ကိုယ့္ရည္မွန္းခ်က္ေတြကိုေရာက္ေအာင္ ဘယ္အရာေတြကို တားဆီးေနပါသလဲ ျမင္သာလာေအာင္ ၾကည့္ပါ။ ျပီးေတာ့ ဘယ္လုိေက်ာ္လႊားမလဲဆိုတာက္ုိ စဥ္းစားျပီး တစ္ခုျပီးတစ္ခု ရင္ဆိုင္ေက်ာ္လႊားပါ။

#ေအာင္ျမင္ေရး
lwinpyin မွကူးယူေဖာ္ျပပါသည္။
www.myanmarbookworld.com
Photo Credit: Google Image
Credit:Gandawin.net

လူတိုင်းရဲ့ဘဝမှာ အောင်မြင် ချင်တာတွေ ဖြစ်ချင်တာတွေက များပြားလှပါတယ်။
ဖြစ်ချင်တဲ့ဆန္ဒတွေကို အမှန်တကယ်ဖြစ်ဖို့လည်း အားလုံးက ဆန္ဒရှ်ိတတ်ကြပါတယ်။ မိမိရဲ့အိပ်မက်တွေကို လက်တွေ့ပိုင်ဆိုင်ရအောင် ကြိုးစားချင်ကြတဲ့ ပရိသတ်ကြီးအတွက် အသုံးဝင်မယ့် အကြံဉာဏ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

ကိုယ့်ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကျန်းမာနေဖို့ အရေးကြီးတဲ့
အတွက် ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုခုကို အမြဲလုပ်ပါ။

၂။ မိမိအားသာချက်တွေကို ထုတ်ဖော်အသုံးချပါ။

အချို့လူတွေဟာ ဆန္ဒတွေနောက်လိုက်ရင်း မိမိအားသာချက်တွေကို မေ့လျော့သွားတတ်ကြပါတယ်။ မိမိအားသာချက်တွေကို သိရှိအသုံးချတတ်တာဟာ စမ်းတဝါးဝါးစမ်းလုပ်တာထက် အဆပေါင်းများစွာ ခရီးရောက်ပါတယ်။

၃။ မနေ့ကသင်နဲ့ ဒီနေ့သင်ကို အမြဲတမ်းတိုင်းတာပါ။

မိမိကိုယ်ကို ဆန်းစစ်၊ စစ်ဆေးခြင်းဟာ ကိုယ့်ရည်မှန်းချက်တွေ ကို ရောက်အောင် အားကြိုးမာန်တက် လုပ်ဆောင်လိုစိတ် ကို ပြင်းပြစေပါတယ်။

၄။ စကားစမြည်ပြောပါ။

အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ခေတ္တခဏ စကားပြောခြင်းဟာ စိတ်ကိုပေါ့ပါးလန်းဆန်းစေပါတယ်။

၅။ အချိန်တွေကို စနစ်တကျခန့်ခွဲပါ။

အလုပ်တွေဖိစီးပြီး ကိုယ့်ပိုင်အချိန်မကျန်တာမျိုးမဖြစ်အောင်နဲ့ အလုပ် လုပ်သင့်တဲ့ အချိန်တွေကို မဖြုန်းမိစေဖို့ အချိန်တွေကို စနစ်တကျ စီမံပါ။

၆။ စိတ်ဝင်စားမှုတွေကို ရှာဖွေပါ။

ညမအိပ်ခင်မှာ ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို ရှာဖွေစူးစမ်းပါ။ ကိုယ့်အရည်အချင်းတွေကို အသုံးချလို့ရမယ့်နည်းတွေကို အမြဲမပြတ်
စူးစမ်းပါ။

၇။ အာလ္လာပ သလ္လာပတွေမပြောပါနဲ့။

အတင်းအဖျင်းပြောတာတွေ၊ စပ်စုတာတွေကြောင့် အလုပ်ချိန်တွေကို မထိခိုက်ပါစေနဲ့။

၈။ ကိုယ့်မန္တန်တရားတွေရှာဖွေပါ။

မိမိကို တက်ကြွစေတဲ့ ဆောင်ပုဒ်တွေကို ချရေးထားပြီး ကိုယ်မြင်သာ တဲ့နေရာမှာ ကပ်ထားပါ။

၉။ ကြားရအောင်ဖတ်ပါ။

မိမိရည်မှန်းချက်တွေကို ကြားလောက်အောင်အော်ဖတ်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် မိမိရည်မှန်းချက်တွေကို ပိုမိုမြင်သာလာမှာ ဖြစ်ပါတယ်။

၁ဝ။ အခက်အခဲတွေကို ကျော်ဖြတ်ပါ။

ကိုယ့်ရည်မှန်းချက်တွေကိုရောက်အောင် ဘယ်အရာတွေကို တားဆီးနေပါသလဲ မြင်သာလာအောင် ကြည့်ပါ။ ပြီးတော့ ဘယ်လိုကျော်လွှားမလဲဆိုတာက်ုိ စဉ်းစားပြီး တစ်ခုပြီးတစ်ခု ရင်ဆိုင်ကျော်လွှားပါ။




No comments:
Write comments

အသစ္တင္တုိင္း Mail ျဖင့္ဖတ္ရန္