09-790570465

09-975288547

MOAGs Admin Team

iBest Groups

ရင်သားဖွံ့ထွားချင်တဲ့ အမျိုးသမီးများ သိထားရမယ့် အချက် (၅) ချက်

Posted by   on Pinterest

       အမျိုးသမီး အတွင်းခံဖြန့်ချိ ရောင်းချသူတွေရဲ့ အဆိုအရ ၁၉၈၃ ခုနှစ်လောက်တုန်းက အမျိုးသမီးတွေရဲ့ အတွင်းခံအင်္ကျံဆိုဒ် က 34B ကနေ ရုတ်တရက် ဆိုသလို 34DD ကို ကြီးထွားလာပါတယ်။ ဒါဟာ အမျိုးသမီး တွေ ရုတ်တရက် ရင်သားကြီးထွားလာတယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ ရွေးချယ်မှုပုံစံ ပြောင်းသွားတာပါ။ အခုနောက်ပိုင်း ရင်သားကြီးတာဟာ အလှတရား တစ်ခုလို ဖြစ်လာပါတယ်။ ဒီတော့ ရင်သားကြီးအောင် လုပ်မှာလား၊ ဒါမှမဟုတ် ဘရာအထူကြီးတွေပဲ ၀တ်ဆင်မှာလားဆိုတာတော့ ရွေးချယ်ရမှာပါ။  

ဒီရွေးချယ်မှုအတွက် ပထမအချက်ကိုသာ လုပ်ဆောင်ကြဖို့ အကြံပြုလိုပြီး  ရင်သားကြီးစေတဲ့ ကိုယ်နေဟန်ထားတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကိုယ်နေဟန်ထား မှန်အောင်လေ့ကျင့်ပါ။

ခေါင်းကိုမတ်မတ်ထား ၊ ပခုံးကို မြှင့်ပြီး ကျောရိုးတစ်ဖြောင့်တည်းလမ်းလျှောက်ပါ။ လက်ပြင်မကုန်းပါနဲ့။ ဒီလမ်းလျှောက် ဟန်က ရင်သားကြီးတယ်လို့ထင်ရစေပြီး ပိုပိန် ၊ ပိုသွယ်သွားတယ်လို့ ထင်ရပါတယ်။

(၂) ခါးသွယ်အောင်လုပ်ပါ။

ခါးလေ့ကျင့်ခန်းလုပ်တဲ့အတွက် ဗိုက်နဲ့ နံရိုးတစ်လျှောက်က ကြွက်သွားတွေက တောင့်တင်းသွားပြီး ရင်သားကို ထောက်ကူ ထားသလိုဖြစ်နေစေတဲ့အတွက် ရင်သားကြီးက ခါးသွယ်သွားတဲ့အတွက် ရင်သား တွဲကျခြင်းမဖြစ်ပါဘူး။ ဒါဟာ ရင်သားမှာ တစ်သျှူးအပိုထပ်ထည့်စရာမလိုဘဲ ကြီးတယ် လို့ထင်ရစေတဲ့နည်းပါ။

(၃) အတွင်းခံဆိုဒ်ကိုသေချာတိုင်းပါ။

မိန်းကလေးအများစုက ကိုယ့်အတွင်းခံဆိုဒ် အမှန်ကို သေချာမတိုင်းကြပါဘူး။ ဆိုဒ်မှန်တဲ့ အတွင်းခံအင်္ကျံမှသာ ရင်သားတစ်သျှူး တွေကို ပုံစံမှန်ပူးကပ်နေစေပြီး အောက်ခြေကနေ ပင့်တင်ထားနိုင်မှာပါ။

(၄) လည်ပင်းဆိုဒ်အမှန်နဲ့ အင်္ကျံကိုသာဝတ်ပါ။

လည်ပင်းနဲ့ ရင်အုပ်ပိုင်း ပွနေတဲ့ အင်္ကျံမျိုး မ၀တ်ပါနဲ့ ။ လည်ပင်းဆိုဒ်မှန်မှသာ အင်္ကျံက ခန္ဓာကိုယ်နဲ့အတိဖြစ်ပြီး ရင်သားအပိုင်းကို ပေါ်လွင်စေမှာဖြစ်ပါတယ်။

(၅)မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ပါစေ။

ဓါတုဆေးဝါးအချို့မှီဝဲခြင်းဟာ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်တာမို့ လေ့ကျင့်ခန်းနဲ့ မှန်ကန်တဲ့ အင်္ကျံတွေ ရွေးချယ်ဖို့ကို အထူးဂရုစိုက်လိုက်မယ် ဆိုရင် အန္တရာယ်ကင်းတဲ့ အလှတရားတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

Trend.com မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်