09-790570465

09-975288547

MOAGs Admin Team

iBest Groups

တာရှည်ခံအစားအစာတွေ အစားများနေသလား

Posted by   on Pinterest

           


        အစားအစာ တာရှည်ခံအောင်ပြုလုပ်တဲ့ ဓာတုပစ္စည်းတွေဟာ အစားအသောက်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးပြီး ဘက်တီးရီးယားတွေ ပေါက်ပွားခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်ရှိတဲ့သူတွေ စားသုံးရင် အလာဂျစ် ဖြစ်နိုင်ပြီး ကလေးတွေအတွက်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသားတွေ တာရှည်ခံအောင် ထည့်သွင်းအသုံးပြုတဲ့ sodium nitrate နဲ့ sodium nitrite ဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် တာရှည်ခံပစ္စည်းတွေ ထည့်သွင်းထားတဲ့ အစားအစာတွေကို စားရင် သတိနဲ့ ချင့်ချိန်စားသုံးသင့်ပါတယ်။ သင့်ရဲ့ တစ်နေ့တာ diet မှာ တာရှည်ခံအစားအစာတွေကို စားသုံးမှု များ၊ မများ ဘယ်လို ရှာဖွေရမလဲဆိုတာ ဆက်လက်ပြောပြပါမယ်။

       ဆားဟာ သဘာဝက လာတဲ့ ပစ္စည်းဖြစ်ပေမယ့် သူ့မှာ တာရှည်ခံဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အသားအများစုကို တာရှည်ခံအောင် လုပ်ရင် ဆားကို ထည့်ကြတာ ဖြစ်ပါတယ်။ ဆားသိပ်ထားတဲ့ ထောပတ်ဟာ တာရှည်ခံပေမယ့် ဆိုဒီယမ် ပါဝင်မှုများတာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဆားမပါဝင်တဲ့ ထောပတ်က တာရှည်မခံပေမယ့် လတ်ဆတ်မှု ရှိတာကြောင့် ဆားမပါတာကို ပြောင်းလဲစားသုံးသင့်ပါတယ်။

     အသီးအနှံတွေကို ဝယ်ယူပြီးရင် ပြောင်စင်အောင် ဆေးကြောဖို့ လိုပါတယ်။ ဒီနေ့ခေတ် စိုက်ပျိုးရေးမှာ အော်ဂဲနစ်မဟုတ်ရင် ပိုးသတ်ဆေးတွေကို အသုံးပြုတာကြောင့် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေမှာ   ပိုးသတ်ဆေးတွေ ကျန်ရှိနေတတ်ပါတယ်။ အများစုက အိမ်မှာ အသီးဝယ်ထားရင် ရေဆေးပြီးသားထင်ပြီး ဒီတိုင်းစားကြပါတယ်။ ဒါကြောင့် ဝယ်ယူပြီးတာနဲ့ ချက်ချင်း ဆေးကြောပြီး သိမ်းဆည်းသင့်ပါတယ်။ မဟုတ်  ရင်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

          အသားတွေဟာ ဆိုဒီယမ် ပါဝင်မှုများတဲ့အပြင် အသားကို တာရှည်ခံအောင် ပြုလုပ်ထားတဲ့ နိုက်ထရိတ်ကြောင့် ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နိုက်ထရိတ်မှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့  ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် တာရှည်ခံအသားတွေကို စားသုံးတဲ့အခါ အလွန်အကျွံ မစားသင့်ပါဘူး။ စားကောင်းတယ်ဆိုပြီး အဆက်မပြတ် စားရာမှ ရောဂါကြီးကြီးမားမားတွေ ဖြစ်ပွားနိုင်တာကြောင့် ဖြစ်နိုင်  ရင်အသားလတ်လတ်ဆတ်ဆတ်ကို ချက်ပြုတ်စားသုံးပါ။

            သင် အမှုမဲ့အမှတ်မဲ့ ဝယ်လိုက်တဲ့ တာရှည်ခံအစားအစာတွေမှာ နိုက်ထရိတ်တွေ ပါဝင်နေ      တတ်ပါတယ်။ အဲဒီ အစားအစာတွေကို စားသုံးရာမှ တဆင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။ “Naturally cured” “No Nitrates” စာသား ကပ်ထားတာနဲ့ လုံးဝ မဝယ်ပါနဲ့။ ပါဝင်ပစ္စည်းကိုကိုယ်တိုင်                  စစ်ဆေးပြီး မှ ဝယ်ယူပါ။

  Sulfites ပါဝင်တဲ့ ဝိုင်တွေဟာ အချိန်ကြာတဲ့ထိ ဘက်တီးရီးယား မပေါက်ပွားအောင် ၊ လတ်ဆတ်နေအောင် ပြုပြင်ထားတဲ့ ဝိုင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်ရောဂါ ရှိတဲ့ သူတွေဟာ sulfites ပါဝင်တဲ့ ဝိုင်တွေကို သောက်သုံးလိုက်ရင် ပန်းနာရင်ကြပ်ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ ဒါ့အပြင် ခေါင်းခဏခဏ ကိုက်တတ်တဲ့သူတွေလည်း sulfnites ပါဝင်တဲ့ ဝိုင်ကို သောက်လိုက်ရင် ခေါင်းကိုက်မှုဒဏ်ကပိုဆိုးလာတတ်ပါတယ်။ ပုံမှန်အားဖြင့် အခြောက်ခံပြီး ပြန်လည်ပြုပြင်ထားတဲ့ အသီးတွေ ( ဥပမာ - စပျစ်သီး ၊ မက်မန်းသီး ) နဲ့ ဖျော်ရည်အချို့မှာ sulfites ပါဝင်တတ်ပါတယ်။

      အခုနောက်ပိုင်းမှာ ကျန်းမာရေးကို အလေးပေးလုပ်ဆောင်လာတာကြောင့် စားသောက်ဆိုင်ကြီးတွေမှာ အချိုမှုန့်ကို အသုံးမပြုကြတော့ပါဘူး။ ဒါပေမယ့် အချို့မှုန့်အစားထိုး အသုံးပြုတဲ့ အရသာမှုန့်တွေမှာလည်း MSG တွေ ပါဝင်နေတတ်ပါတယ်။ စားသောက်ဆိုင်ရဲ့ စားဖိုဆောင်မှာ ထည့်သွင်းချက်ပြုတ်တဲ့ အရာတွေကို မျက်စိနဲ့ တပ်အပ်မမြင်ရတော့ အခြားအမည်ခံ MSG တွေကို ထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။ ဒီအ  ချက်ကို ဂရုစိုက်ဖို့တော့ လိုပါတယ်။

         ဒီလောက်ဆိုရင် မိမိကိုယ်ကို တာရှည်ခံအစားအစာတွေကို စွဲလန်းမှု ရှိ ၊ မရှိဆိုတာသိလောက်ပြီ  ထင်ပါတယ်။ ဖြစ်နိုင်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ တာရှည်ခံအစားအစာတွေကို ရှောင်ကျဉ်ပြီး သဘာဝက ရရှိတဲ့ လတ်လတ်ဆတ်ဆတ် အစားအစာများကို ချက်ပြုတ်စားသင့်ပါတယ်။

Yangonlife.com မှာကူးယူဖော်ပြပါသည်။
www.myanmarbookwold.com

Photography by: Google images


No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်